Saturday, June 9, 2012

အောင်စက်ရုံက လုပ်သား(၈၀၀)ကျော်က ရပိုင်ခွင့်နှင့် အခွင့်အရေးများအား ညှိနှိုင်းးပေးရန် တောင်းဆို

မန္တလေးမြို့ စက်မှု(၁) ရတနာပုံတက္ကသိုလ်သွားရာ လမ်းရှိ နယူးစတုန်းကုမ္ပဏီပိုင် (အောင်)ချည်မျှင်နှင့်ဆေးဆိုးစက်ရုံတွင်   အလုပ်သမား( ၈၀၀)ကျော်က ရပိုင်ခွင့်နှင့် အခွင့်အရေးများအား ညှိနှိုင်းးပေးရန်အတွက် ဇွန်လ(၈)ရက်နေ့ နံနက်ပိုင်းမှ စတင် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

စက်ရုံအလုပ်သမားများက ၄င်းတို့၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများအား အောက်ပါအတိုင်း တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
 
'အလုပ်ချိန်တစ်နေ့(၁၀)နာရီကျော် အလုပ်လုပ်ရပေမယ့်ကျွန်တော်တို့အတွက် အခြေခံလုပ်အားခ လစာတစ်လကို   ခြောက်သောင်းပဲ ရပါတယ် ။အလုပ်သမားအများစုကနယ်ကနေလာပြီးအဆောင်နေရင်းအလုပ်လုပ်ရတော့လုံးဝမလုံလောက်ပါဘူး။ဒီမှာအဝေးသင်ကျောင်း
    ကျောင်း သူတွေ များတယ်အလုပ်ချိန်နည်းနည်းနောက်ကျတယ်ဆိုရင်ပဲဒဏ်ကြေးတစ်ထောင်တပ်ခံရတယ်။အဲဒီအတွက်ကျွန်တော်တို့ကိုအခြေခံလစာ  တိုးပေးဖို့နဲ့   ဒဏ်ကြေး အကောက်ခံမှုကို ရပ်ဆိုင်းပေးဖို့”တောင်းဆိုတာပါဟု  ဦးဆောင်စက်ရုံလုပ်သား ကိုသန်းထွန်းလင်း ကပြောသည်။
 
 
အလုပ်သမားများအနေဖြင့် တစ်ရက်အလုပ်ချိန် (၈)နာရီသတ်မှတ်ပေးရန်၊ လုပ်ငန်းခွင်တွင် အသုံးပြုရသည့် အက်ဆစ်များကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်နှင့် စက်ရဲုတွင်ခန့်အပ်ထားသည့် တရုတ်လူမျိုး မန်နေဂျာက လုပ်သားများအား နိုင့်ထက်စီးနင်းမပြုလုပ်စေ ရန်၊ လုံခြုံရေးအတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ ထုတ်ပေးရန် စသည့်အချက်များလည်း တောင်းဆိုချက်တွင် ပါဝင်ကြောင်း သိရှိရသည်။
 
‘’ကျွန်တော်တို့မှာတစ်လကို နှစ်ရက်ပဲနားရက်ရှိပါတယ် ၊နိုင်ငံတော်ကတရားဝင်ရုံးပိတ်ရက်တွေမှာ လုံးဝမနားရပါဘူး၊ နိုင်ငံတော်က တရားဝင်ရုံးပိတ်ရက်တွေ အတိုင်း အလုပ်ပိတ်ရက်တွေ သက်မှက်ပေးဖို့ စတဲ့ အချက်(၆)ချက် ကို တောင်းငြိမ်းချမ်းစွာတောင်းဆိုတာပါ'’ ဟု ဆန္ဒပြလုပ်သားတစ်ဦးက ပြောသည်။
 
ဆန္ဒပြနေသောအလုပ်သမားများအား စက်ရုံမှနေ့လည်စာမကျွေးသောကြောင့် ဗေဒါသင်တန်းကျောင်းမှထမင်းထုပ်များ ကူညီခဲ့ကြောင်းကိုလည်း   သိရှိရသည်။
 
အလုပ်သမားများတောင်းဆိုဆန္ဒပြနေချိန်အတွင်းမီဒီယာသမားများလွတ်လပ်စွာသတင်းရယူပိုင်ခွင့်နှင့် သတင်းဓာတ်ပုံရိုတ်ပိုင်ခွင့် မရရှိခဲ့ကြောင်းကိုလည်း သိရှိရသည်။
 
ဇွန်လ(၈)ရက်နေ ညနေ(၄)နာရီနောက်ပိုင်းမှသာ အလုပ်သမားများနှင့်အလုပ်ရှင် ပြန်လည် ပြေလည် သွာံးကြောင်း အလုပ်သမားများက ဆိုသည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။