Saturday, June 9, 2012

ပြင်ဦးလွင်တွင် ပန်းစိုက်ပျိုးသူများ ၀င်ငွေ(၃)ဆခန့်ကျဆင်း

ပြင်ဦးလွင်မြို့နယ်အတွင်း ပန်းစိုက်ပျိုးသူ များပြားလာခြင်းကြောင့် ယခုနှစ်တွင် ပန်းစိုက်ပျိုးသူများ၏ ၀င်ငွေမှာ  ယခင်နှစ်များထက် သုံးဆခန့်လျော့ကျသွားကြောင်း ပန်းစိုက်သူများထံက သိရှိရသည်။
 
 
ထိုကဲ့သို့ ပန်းစိုက်ပျိုးသူများပြားလာရခြင်းမှာ ရာသီပေါ်သီးနှံများစိုက်ပျိုးလျှင် ပန်းစိုက်ပျိုးမှုမှရရှိသည့်ဝင်ငွေ၏သုံးပုံတစ်ပုံ  ခန့်သာရရှိသောကြောင့် သီးနှံများမစိုက်တော့ဘဲပန်းစိုက်ပျိုးမှုဘက်သို့ ကူးပြောင်းလာခြင်းဖြစ်သည်။
 
“မနှစ်ကဆို ဒီအချိန် ပန်းဈေးက အနည်းဆုံး ခုနှစ်ရာလောက်ရှိတယ်၊ အခုဆိုရင် နှစ်ရာလောက်ပဲရှိတော့ကျွန်တော်တို့   ပန်းခင်းထဲမှာ ငါးလလုံးလုံးဝင်နေရတာ မကိုက်ဘူးဖြစ်သွားတာပေါ့” ဟု ပြင်ဦးလွင်မြို့မှ  ပန်းစိုက်သူကိုအော်နေး ကပြောသည်။
 
ယခင်နှစ်များက လုံးပတ်တစ်ပေပတ်လည် ဂန္ဓမာပန်းတစ်စည်းလျှင် ပွဲရုံးများက (၇၅၀)ကျပ် ပေးဝယ်ခဲ့ပြီး၊ ယခု နှစ်တွင် တစ်စည်းလျှင်ကျပ်(၂၀၀)ခန့်သာ ရရှိပြီး ပန်းအရောင်လှမှသာ ပွဲရုံများမှ ၀ယ်ယူကြကြောင်းသိရသည်။
 
“အခုချိန် ပန်းဈေးကတော့ ပန်းလာရောင်းတဲ့လူတွေကို မေးကြည့်တော့၊ ဒီအချိန်ကတော့ ပန်းတစ်စည်းကို ၂၀၀၊ ၂၅၀   ကျပ်လောက်ပဲ ရှိတယ်” ဟု ထိပ်တန်းပန်းပွဲရုံမှ ပိုင်ရှင် ကိုတင်ထွေးအောင်က ပြောသည်။
 
ယခုအချိန်တွင်ပြင်ဦးလွင်မြို့၌ထွက်ရှိနေသော ပန်းများမှာ ဂန္ဓမာသစ်ခွ၊ ဂန္ဓမာရွှေသစ်ခွ၊ ဂန္ဓမာဝမ်းစတားနှင့် ဂန္ဓမာဖိုက်စတားတို့ဖြစ်ကြောင်းသိရသည်။
 
ဂန္ဓမာပန်းများမှာ စစိုက်သည့်အချိန်မှစ၍ ပန်းပွင်သည်အထိ ငါးလခန့် ကြာပြီး၊ စိုက်ပြီး နှစ်လခန့် ကြာလျှင်ပိုးသတ်ဆေးနိုင်နိုင် ဖျန်းပေးရကြောင်းသိရှိရသည်။
 
နွေရာသီတွင် ဂန္ဓမာပျိုးပင် ခြောက်ထောင်ခန့်စိုက်ပျိုးလျှင် ငွေကျပ်တစ်သိန်းခန့်သာ ကုန်ကျပြီး၊ မိုးရာသီတွင် အပင်ခြောက်ထောင် ခန့်စိုက်ပျိုးလျှင် ငွေကျပ်လေးသိန်းနီးပါးကုန်ကျကာ ပန်းခင်းအား ငါးလလုံးလုံး ဂရုစိုက် ရကြောင်းသိရသည်။
 
 
ထိုကဲ့သို့  မိုးရာသီတွင် ပန်းစိုက်လျှင် ပိုက်ဆံကုန်ကျမှုများရခြင်းမှာ မိုးတွင်း၌ ပန်းများတွင်းရောဂါဝင်သဖြင့်
ဆေးဖိုးကြောင့်  ကုန်ကျစရိတ်ပိုများကြောင်းကိုလည်း သိရှိရသည်။
ပြင်ဦးလွင်တွင် ပန်းစိုက်ပျိုးသူများ ၀င်ငွေ(၃)ဆခန့်ကျဆင်း
ကောင်းမြတ်ဖြိုး ( မြစ်မခ )
ဇွန်(၈)ရက်၊၂၀၁၂ခုနှစ်။
 
ပြင်ဦးလွင်မြို့နယ်အတွင်း ပန်းစိုက်ပျိုးသူ များပြားလာခြင်းကြောင့် ယခုနှစ်တွင် ပန်းစိုက်ပျိုးသူများ၏ ၀င်ငွေမှာ  ယခင်နှစ်များထက် သုံးဆခန့်လျော့ကျသွားကြောင်း ပန်းစိုက်သူများထံက သိရှိရသည်။
 
ထိုကဲ့သို့ ပန်းစိုက်ပျိုးသူများပြားလာရခြင်းမှာ ရာသီပေါ်သီးနှံများစိုက်ပျိုးလျှင် ပန်းစိုက်ပျိုးမှုမှရရှိသည့်ဝင်ငွေ၏
သုံးပုံတစ်ပုံခန့်သာရရှိသောကြောင့် သီးနှံများမစိုက်တော့ဘဲပန်းစိုက်ပျိုးမှုဘက်သို့ ကူးပြောင်းလာခြင်းဖြစ်သည်။
 
“မနှစ်ကဆို ဒီအချိန် ပန်းဈေးက အနည်းဆုံး ခုနှစ်ရာလောက်ရှိတယ်၊ အခုဆိုရင် နှစ်ရာလောက်ပဲရှိတော့
ကျွန်တော်တို့ ပန်းခင်းထဲမှာ ငါးလလုံးလုံးဝင်နေရတာ မကိုက်ဘူးဖြစ်သွားတာပေါ့” ဟု ပြင်ဦးလွင်မြို့မှ  ပန်းစိုက်သူကိုအော်နေး ကပြောသည်။
 
ယခင်နှစ်များက လုံးပတ်တစ်ပေပတ်လည် ဂန္ဓမာပန်းတစ်စည်းလျှင် ပွဲရုံးများက (၇၅၀)ကျပ် ပေးဝယ်ခဲ့ပြီး၊ ယခု နှစ်တွင် တစ်စည်းလျှင်ကျပ်(၂၀၀)ခန့်သာ ရရှိပြီး ပန်းအရောင်လှမှသာ ပွဲရုံများမှ ၀ယ်ယူကြကြောင်းသိရသည်။
 
“အခုချိန် ပန်းဈေးကတော့ ပန်းလာရောင်းတဲ့လူတွေကို မေးကြည့်တော့၊ ဒီအချိန်ကတော့ ပန်းတစ်စည်းကို
၂၀၀၊ ၂၅၀ ကျပ်လောက်ပဲ ရှိတယ်” ဟု ထိပ်တန်းပန်းပွဲရုံမှ ပိုင်ရှင် ကိုတင်ထွေးအောင်က ပြောသည်။
 
ယခုအချိန်တွင်ပြင်ဦးလွင်မြို့၌ထွက်ရှိနေသော ပန်းများမှာ ဂန္ဓမာသစ်ခွ၊ ဂန္ဓမာရွှေသစ်ခွ၊ ဂန္ဓမာဝမ်းစတားနှင့် ဂန္ဓမာဖိုက်စတားတို့ဖြစ်ကြောင်းသိရသည်။
 
ဂန္ဓမာပန်းများမှာ စစိုက်သည့်အချိန်မှစ၍ ပန်းပွင်သည်အထိ ငါးလခန့် ကြာပြီး၊ စိုက်ပြီး နှစ်လခန့် ကြာလျှင်ပိုးသတ်ဆေးနိုင်နိုင်ဖျန်းပေးရကြောင်းသိရှိရသည်။
 
နွေရာသီတွင် ဂန္ဓမာပျိုးပင် ခြောက်ထောင်ခန့်စိုက်ပျိုးလျှင် ငွေကျပ်တစ်သိန်းခန့်သာ ကုန်ကျပြီး၊ မိုးရာသီတွင် အပင်ခြောက်ထောင်ခန့်စိုက်ပျိုးလျှင် ငွေကျပ်လေးသိန်းနီးပါးကုန်ကျကာ ပန်းခင်းအား ငါးလလုံးလုံး ဂရုစိုက် ရကြောင်းသိရသည်။
 
ထိုကဲ့သို့  မိုးရာသီတွင် ပန်းစိုက်လျှင် ပိုက်ဆံကုန်ကျမှုများရခြင်းမှာ မိုးတွင်း၌ ပန်းများတွင်းရောဂါဝင်သဖြင့်
ဆေးဖိုးကြောင့်  ကုန်ကျစရိတ်ပိုများကြောင်းကိုလည်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။