Saturday, June 9, 2012

ငွေကျပ် ၃ သိန်း ပေးရတဲ့ မူလတန်း ပညာရေး

ငွေကျပ် ၃ သိန်း ပေးရတဲ့ မူလတန်း ပညာရေး

အ.ထ.က (၂) စမ်းချောင်း

ရန်ကုန်မြို့စမ်းချောင်းမြို့နယ်မှာရှိတဲ့ အ.ထ.က (၂) စမ်းချောင်း စာသင်ကျောင်းမှာ သူငယ်တန်းကလေး ၁ ဦးကို ကျောင်းအပ်ရင်
ငွေကျပ် ၃ သိန်း တောင်းခံနေတယ်လို့ သိရပါတယ်။ မနွယ်သဲစုဝင်းဟာ ၃ သိန်းဆိုတဲ့ ငွေပမာဏကို မပေးနိုင်ပေမယ့် သူမရဲ့သမီး
ကျောင်းအပ်ခွင့်ရဖို့ ကျောင်းစားရေးမကို ငွေ ၁ သိန်း ပေးဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျောင်းအပ်ခွင့် လျှောက်လွှာကို
တရားမဝင် နည်းလမ်းတွေနဲ့ ရောင်းချနေတယ် ဆိုတာကိုလည်း သူက ထောက်ပြ ပြောဆိုခဲ့သလို အထက်လူကြီးတွေ အနေနဲ့ ၎င်း
ကိစ္စများကို ထိထိ ရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးဖို့ သူက တိုက်တွန်း ပြောဆို ခဲ့ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။