Saturday, June 9, 2012

သမ္မတဦးသိန်းစိန်အား ကိုယ်ချင်းစာကြောင်း (၈၈)မျိုးဆက်ခေါင်းဆောင် ကိုမြအေးပြောကြား

အစိုးရစုံစမ်းစစ်ဆေးရေးအဖွဲ့အာ အခြေခံအားဖြင့် ကြိုဆိုကြောင်းနှင့် အစိုးရသစ်တတ်လာပြီးနောက် တစ်နှစ် ကျော်ကာလအတွင်း   ပြသာာနာပေါင်းစုံဖြေရှင်းနေရသော သမ္မတကြီးဦးသိန်းစိန်အား ကိုယ်ချင်းစာမိကြောင်း (၈၈)မျိုးဆက်ကျောင်းသား   ခေါင်းဆောင်တစ်ဦးက ဆိုသည်။
 
“မသီတာထွေးကို အဓမ္မပြုကျင့်ပြီးတော့ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ ကိစ္စကိုရော၊ နောက်တခုက တောင်ကုတ်မှာ လူ(၁၀)ယောက်ကို သတ်တဲ့ကိစ္စကို သေသေချာချာစုံးစမ်းပြီး တိတိကျကျထိထိရောက်ရောက် အရေးယူမှုမျိုးရစေချင်ပါတယ်။ ကျွန်တော်တို့ဘာမှမဟုတ်တဲ့ ၈၈ တောင်မှ ပြသာနာတွေ အများကြီးရင်ဆိုင် နေရတာ အစိုးရ တစ်ရပ်အနေနဲ့ဆို ပိုဆိုးတာပေါ့ဗျာ” (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောသည်။
 
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် မြစ်ဆုံစီမံကိန်းအား ၄င်း၏ လွှတ်တော်သက်တမ်းအတွင်း ရပ်တန့် ထားခြင်း  ၊   နိုင်ငံရေးအကျဉ်းသားများအား (၃)ကြိမ်လွှတ်ပေးခြင်း၊ အိုဟောင်းယာဉ် အပ်နှံ ၍ ကားသစ်တင်သွင်းခွင့်ပြုခြင်း၊  ၂၀၀၇ခုနှစ် မော်ဒယ်အထက်ကားများအား လွတ်လပ်စွာ တင်သွင်းခွင့်ပြုခြင်း၊ စာနယ်ဇင်း လွတ်လပ်ခွင့်ရရှိရန် လမ်းစများပေါ် ထွက်လာခြင်း၊ ငါးသိန်းဖုန်းနှင့် နှစ်သိန်းဖုန်းများအား လွတ်လပ် စွာ ရောင်းချပေးခြင်းများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများနှင့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်း ရေး သဘောတူစာချုပ်များချုပ်ဆိုနိုင်ခဲ့ခြင်းနှင့် ကချင်ပြည်နယ်မှ အပ ကြားဖြတ်ရွေးကောက်ပွဲအား အောင်မြင် စွာကျင်းပနိုင်ခြင်း၊ မူလတန်းပညာ ရေးစနစ်အား အခမဲ့ပညာသင်စနစ်သို့ စတင် ကူးပြောင်းခြင်းတို့အား ပြည်သူ လူထုအတွက် ပြုလုပ်ပေးနိုင်ခဲ့ကြောင်းနှင့် ကျပ်တစ်သောင်းတန် ငွေစက္ကူ အသစ် ထွက်ရှိ လာခြင်းတို့ကို တွေ့ရှိ ရသည်။
 
 
တစ်နှစ်ကျော်ကာလအတွင်း အစိုးရအဖွဲ့အနေဖြင့် ကြုံတွေ့ခဲ့ရသောပြသာာနာများမှာ ပြည်တွင်းငြိမ်းချမ်းရေး အခက်အခဲကြောင့် ကချင်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအား လက်ရှိအချိန်ထိ မကျင်းပနိုင်ခြင်း၊လက်ရှိ အချိန်အထိ KIO လက်နက်ကိုင် အဖွဲ့အစည်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအား အောင်မြင်စွာ မကျင်းပနိုင်သေး ခြင်း၊ အလုပ်သမား ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ် လာခြင်း၊ လျှပ်စစ်မီးပြသာနာအား  လူထုဆန္ဒထုတ်ဖော်မှုများ ကြုံတွေ့ရခြင်း၊  မင်းမဲ့စရိုက်ဆန်ဆန် လူအုပ်စုဖွဲ့ရိုက်နှက်သတ်ဖြတ်မှု များဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဘာသာရေး နှင့်ဆိုင်သော ပြသာာနာများ ဖြစ်ပွားနိုင်သည့် အခြေအနေအထိ ရောက်ရှိခဲ့ကြောင်း ကိုလည်း သိရှိရသည်။
 
မင်းမဲ့စရိုက်ဆန်ဆန်လူအုပ်စုဖွဲ့ရိုက်နှက်သတ်ဖြတ်မှုအား ဖြစ်ရပ်အမှန်ဖော်ထုတ်နိုင်ရေးနှင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး အစိုးရဘက်မှ တုံ့ပြန်မှုအနေဖြင့် ပြည်ထောင်စုအစိုးရက ဇွန်လ (၆)ရက်နေ့တွင် အစိုးရစုံစမ်း စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းကြေညာသည်။

“ပြသာနာဖြစ်ပြီးမှ စုံစမ်းစစ်ဆေးတာထက် ပြသာနာမဖြစ်ခင်က ကြိုတင်ကာကွယ်တားဆီးတာက အကောင်း ဆုံးပါပဲ ကြိုတင်ကာကွယ်တားဆီးတဲ့နေရာမှာလဲ တရားဥဒေစိုးမိုးရေးက အရေးကြီးတယ်။” ဟု ကိုမြအေးက ဆက်ပြောသည်။
 
ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် အရပ်ဘက်အဖွဲ့အစည်းများလည်း အစိုးရစုံစမ်းစစ်ဆေးရေးအဖွဲ့ တွင် ပူးပေါင်းဆောင်ရွက်ပါက အမှန်တရားအတွက် ပိုမိုလုပ်ဆောင်နိုင်မည်ဟု ထင်ကြောင်းကိုလည်း အဖွဲ့အစည်းများက သုံးသပ်ကြသည်။

“မဖြစ်ခင်က ကြိုတင်ကာကွယ်တာ ကောင်းတယ် ဒါတွေဟာ ဒီမိုကရေစီအားနည်းနေသေးတာကိုပြတာပဲ အရပ်ဖက် လူ့အဖွဲ့စည်းတွေ အားကောင်းလာဖို့ အရေးကြီးတယ်”ဟု (ကသဖ)မှ အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦးက ဆိုသည်။
 
၂၀၁၀ခုနှစ် နိုဝင်ဘာ(၇)ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲကျင်းပကာ အနိုင်ရပါတီများမှ ကိုယ်စားလှယ်များအား သမ္မတ၊ ဒုတိယသမ္မတများရွေးချယ်၍  ၂၀၁၁ မတ်(၃၀)ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကျမ်းသစ္စာကျိမ်ဆိုခဲ့ပြီး အစိုးရသစ်၏မူဝါဒများ အား ဖွင့်လှစ်မိန့်ခွန်းပြောကြားကာ လက်ရှိအချိန် အထိ ဒီမိုကရေစီနိုင်ငံ  ပေါ်ထွန်းရေးအတွက် ကြိုးစားနေဆဲ ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။