Sunday, May 27, 2012

လျှပ်စစ်မီးအလှည့်ကျစနစ်ကြောင့် မီးစက်အသုံးပြုလုပ်ငန်းများတွင် ဈေးနှုန်းပိုမိုကောက်ခံလာ

လျှပ်စစ်မီးအလှည့်ကျစနစ်ဖြင့် ပေးဝေနေ၍ မီးစက်အသုံးပြုလုပ်ကိုင်နေရသောစီပွားရေးလုပ်ငန်းများမှာ ယခင်ကထက်   ဈေးနှုန်းများပိုမိုကောက်ခံလာကြောင်း ပြည်သူများကဆိုသည်။
 

မီးစက်များအဓိကထား၍ လုပ်ကိုင်နေရသောလုပ်ငန်းများဖြစ်သည့် မိတ္တူဆိုင်၊ အလှပြင်ဆိုင်၊ ဆံပင်ညှပ်ဆိုင်နှင့် ဓာတ်လှေ ခါးများအသုံးပြုနေရသောကွန်ဒိုများ၊ တာဝါများအစရှိသော လုပ်ငန်းများတွင် မီးစက်အသုံးပြုရခြင်းကြောင့် သုံးစွဲသူ   ပြည်သူများထံက ဈေးနှုန်းပိုမိုကောက်ခံလာရခြင်းဖြစ်သည်။
 
“အခုက မီးပျက်ရင် အရင်ကလိုခဏ မဟုတ်တော့ဘူးလေ။ မီးစက်နှိုးပြီးလုပ်မှပဲ အဆင်ပြေတော့တာ။ အခုက မိတ္တူကူးရင် A4 တစ်ရွက်ကို ၁၀၀ ယူတယ်။ မီးလာရင်တော့ ပုံမှန်အတိုင်းပဲ တစ်ရွက် (၂၀) ယူတယ်”ဟု ဗဟန်းမြို့နယ် Excel Tower အနီးရှိ မိဘမေတ္တာမိတ္တူဆိုင်မှ ကိုဖြိုးကိုက ပြောသည်။
 
ဓာတ်လှေခါးများပါဝင်သော ကွန်ဒိုတိုက်ခန်းမျာ၊ တာဝါများတွင်လည်း မီးစက်နိုး၍မောင်းနှင်ရသောကြောင့် ယခုလအတွက် မီးစက်ကြေးများ ပိုမိုကောက်ခံလာကြောင်း ကွန်ဒိုတိုက်ခန်းမျာတွင် နေထိုင်သူများကပြောသည်။
 
“ဒီတာဝါတွေက မီးစက်သုံးရတဲ့အလျောက် လစဉ်ကြေးပေးနေရတာဆိုတော့ဒီလအတွက်က အရင်ကထက် ပိုများမှာ   သေချာတယ်။ အရင်က မီးသိပ်မပျက်တော့ တစ်လကို ငါးထောင်နဲ့(၅၀၀၀)နဲ့ တစ်သောင်း(၁၀၀၀၀)ကြားပဲ ပေးရတာ။ ဒီလတော့ ဘယ်လောက်ဖြစ်မလဲ မပြောတတ်ဘူး။ လကုန်မှပဲ သိရမှာ”ဟု ရွှေဂုံတိုင်တာဝါ တွင်နေထိုင်သူ ဒေါ်ကြည်ကြည်အေး ကပြောသည်။
 
အချို့လုပ်ငန်းများမှာ လျှပ်စစ်မီးအချိန်မှန် မလာခြင်းကြောင့် မီးပျက်နေသောအချိန်များတွင် ဆိုင်များပိတ်ထားရသည် အထိ ရှိနေပြီး မီးလာချိန်မှသာ ဖွင့်လှစ်လုပ်ကိုင်ရသောကြောင့် အကျပ်အတည်းများ ဖြစ်ပေါ်လျက်ရှိနေကြောင်း သိရ သည်။
 
“မီးလာတဲ့အချိန်မှပဲ ဖွင့်တော့တယ်။ မီးပျက်နေရင် ပိတ်ထားလိုက်တယ်။ မီးစက်သုံးပြီးလုပ်ရမှာဆို ပိုအကုန်အကျ များမယ်လေ။ Customer ဘက်ကလဲ ပိုတောင်းရမယ်ဆိုတော့ အဲလိုမလုပ်ချင်တာနဲ့ မထူးတော့ဘူး ဆိုပြီး ဆိုင်ပိတ် ထားလိုက်တယ်”ဟု လှည်းတန်း (၂)လမ်းအတွင်းရှိ Xyonic  graphic & desktop publishing services မှ ပိုင်ရှင်ဖြစ်သူ  မသန္တာဝင်းက ပြောသည်။
 
မြန်မာနိုင်ငံတွင် မေလမှစတင်ကာ လျှပ်စစ်မီးနှင့်ပတ်သတ်၍  အချိန်ပြည့်ရရှိရန်ကြရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အပါအ၀င် အခြားပြည်နယ်နှင့် တိုင်းများတွင် ပြည်သူများက ဖယောင်းတိုင်များကိုင်ဆောင်၍ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများ ဆက်တိုက် ဖြစ်ပေါ်လျက်ရှိကြောင်းကိုလည်း  သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။