Sunday, May 27, 2012

ရေဒီယိုမှ မိုးလေ၀သ သတင်းများကို လယ်သမားများ အားကိုးနေရ

မြန်မာနိုင်ငံတွင်ရှိသောလယ်သမားများအနက်၈၀%ရာခိုင်နှုန်းသောလယ်သမားများမှာာသီဥတုအခြေအနေကိုသိရှိရန်အတွက် ရေဒီယိုမှထုတ်လွင့်ပေးလျက်ရှိသော မိုးလေ၀သတင်းနှင့်သတင်းများကိုသာအားကိုးအားထားပြုကြကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်း၏ သုတေသနပြုချက်အရသိရသည်။

 
ကျွန်တော်တို့ကတော့ ရေဒီယိုကတော့အမြဲနားထောင်ဖြစ်တယ် များသောအားဖြင့်တော့ FM လိုင်းတွေကိုနားထောင်တယ်၊ သူကသီချင်းတွေလာတော့အလုပ်လုပ်ရင်းနဲ့သီချင်းလေးနားထောင်ပေါ့၊ ရာသီဥတုနဲ့ သတင်းလာတဲ့အချိန်ဆိုနားထောင်တယ်၊ ပြီးရင် ညဘက်ကျရင် တီဗွီကလာတဲ့ မိုးလေ၀သ သတင်း ကြည့်တယ်ဟု ဧရာဝတီတိုင်း မော်ကျွန်းမြို့မှ လယ်သမားကိုစိုးဝင်းကပြောသည်။
လယ်သမားများအနေဖြင့်ရာသီဥတုအခြေအနေအတွက် ရေဒီယိုနားထောင်၍ သတင်းယူခြင်းမှာ ၈၀% သတင်းစာများမှ ၂၀%အောက်နှင့် ဂျာနယ်များမှ ၂၀%အောက်ရှိကြောင်းကိုမြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များ
အသင်းမှသိရသည်။
နာဂစ်ဖြစ်ခါနီးတုန်းက လေက တစ်နာရီကို မိုင်ငါးဆယ်နှုန်းတိုက်မယ်ပေါ့ အဲ့ဒါ ဘယ်လောက်ပြင်းလည်းဆိုတာ ကျွန်တော်နားမလည်ဘူးဗျ၊ ကျွန်တော်တို့တောင်နားမလည်ရင် လယ်သမားတွေဆိုရင် စဉ်းစားကြည့်
သူတို့ရေဒီယိုနားထောင်တာကတော့ဟုတ်ပါပြီ ပေးတဲ့သတင်းအချက်အလက်တွေက သူတို့နားလည်အောင်အောင်ပေးရမယ်၊ သူတို့ကပြောတယ် မိုးလေ၀သသတင်းတွေကျွန်တော်တို့သိပ်နားမလည်ဘူးလို့ပြောတယ်ဟု
မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းမှ Senior Researcher နှင့် အမှုဆောင်အဖွဲဝင်အဖြစ်တာဝန်ထမ်းဆောင်
နေသူ ဒေါက်တာစိုးထွန်းက ပြောသည်။
မိုးလေ၀သနှင့်စိုက်ပျိုးရေးအားခွဲခြား၍မရကြောင်း၊မိုးလေ၀သနှင့်စိုက်ပျိုးရေးပညာ ဖွံ့ဖြိုးရန်လိုကြောင်းကိုလည်း မိုးလေ၀သဌာနတွင် (၄၅)နှစ် တာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာထွန်းလွင်ကပြောခဲ့သည်။
ပညာရှင်တယောက်ပြောလိုက်တာပြတ်တယ်မိုးလေ၀သတင်းတွေထုတ်ပြန်လိုက်တာ လယ်သမားအများစုက အသုံးမချတက်ဘူးလို့ပြောတယ်၊ လယ်သမားတွေကို မိုးလေ၀သထုန်ပြန်ချက်တွေကို အသုံးချတက်အောင်
ဘယ်လို အကျိုးရှိမယ်၊ ဘယ်လိုကာကွယ်ရမယ်၊ ဘယ်လို လိုက်လျောညီထွေးအောင်ရမယ်ဆိုတာကိုသိဖို့စီးပွားရေးမိုးလေ၀သဆိုတာလိုတယ်လို့ ကျွန်တော့်အတွေ့အကြုံအရ ကျွန်တော်ထင်ပါတယ်ဟု သူက ဆက်လက်ပြောသည်။
လယ်သမားများကိစ္စနှင့်လည်းပတ်သက်၍ ဒေါက်တာထွန်းလွင်(မိုးလေ၀သပညာရှင်) ဒေါက်တာထွန်းဝင်း
(
စိုက်ပျိုးရေးပညာရှင်)နှင့် ဒေါက်တာစိုးထွန်း(မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်း) တို့မှ လည်းမေ(၂၄)ရက်နေ့တွင် တော်ဝင်နှင်းဆီခန်းမ၌၂၀၁၂ မိုးရာသီတွင် မြန်မာ့ဆန်စပါးစိုက်ပျိုးရေး၌ ကြုံတွေ့ရနိုင်မည့် အခက်အခဲများဆိုင်ရာဆွေးနွေးပွဲကို လယ်သမားများနှင့်တကွ ဆွေးနွေးဟောပြောခဲ့ကြောင်းသိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။