Sunday, May 27, 2012

သဘာဝဓာတ်ငွေ့စီမံကိန်းမှအိန္ဒိယကုမ္ပဏီများ အလုပ်သမားများအားပုံမှန်ဝင်ငွေ ပေးဆောင်ခြင်း မရှိ

ကျောက်ဖြူမြို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့စီမ့ကိန်းလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နေသည့် အိန္ဒိယကုမ္ပဏီ များအနေဖြင့် ၄င်းတို့လက်အောက်ခံအလုပ်သမားများနှင့်ကန်ထရိုက်ကုမ္ပဏီများကို ငွေပုံမှန်ပေး ဆောင်ခြင်းမရှိကြောင်း အလုပ်သမားများထံမှ သိရှိရသည်။

ရခိုင်ပြည်နယ်တွင်   တရုတ်နိုင်ငံ ၏အဓိကရင်းနှီးမြုပ်နှံမှုဖြစ်သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရေးတွင် အိန္ဒိယနိုင်ငံမှPunjLloyd  ကုမ္ပဏီတွင် လုပ်ကိုင်နေကြသည့်အလုပ်သမားများမှာလစာပုံမှန် မရရှိကြောင်း သိရသည်။
“အလုပ်သမားတွေကိုလစာပုံမှန်မပေးတာရယ်၊ နောက်ပြီးကန်ထရိုက်ပေးတဲ့ကုမ္ပဏီတွေကိုငွေပုံမှန် မပေးတာ ကြောင့်သူတို့ အချင်းချင်းတောင် ပြဿာနာဖြစ်နေပြီ’’ဟု လုပ်ငန်းခွင်နှင့်နီးစပ် သူတစ်ဦးကပြောသည်။
အိန္ဒိယနိုင်ငံPunj Lloydကုမ္ပဏီသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်ဆက်လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နေ ခြင်းဖြစ်ပြီး  ပိုက်ဆက်လုပ်ငန်းတွင် အိန္ဒိယနိုင်ငံမှ အလုပ်သမားတစ်ဦးလျှင် လစာ အမေရိကန်ဒေါ်လာ ၃၀၀ ရရှိသည့် အလုပ်သမားများလည်းရှိကြောင်း၎င်းကဆက်ပြောသည်။
“သူတို့ကုမ္ပဏီက အလုပ်သမားတွေကို သူတို့နိုင်ငံကဘဲခေါ်လာတာပါ၊ ပိုက်ဆက်တဲ့ လုပ်ငန်းတွေမှာဝင် လုပ်တာပေါ့၊ သူတို့ရတဲ့ လစာကလည်း အဲလောက်မများပါဘူးဒေါ်လာ ၂ရာကနေ သုံးရာလောက်ဘဲ ရှိတာ၊ ဒါတောင်အခု လစာပုံမှန် မပေးနိုင်လို့ အလုပ်သမားတွေပြန်ချင်နေကြပြီ’’ဟု ပြောသည်။
 
အလားတူ စစ်တွေမြို့ကုလားတန်စီမံကိန်းကိုဆောင်ရွက်နေသည့် ESSAR ကုမ္ပဏီလည်း   လစာအနည်းငယ် ဖြင့်၎င်းတို့၏လူမျိုးများကိုသာ အလုပ်ခွင်ထဲသို့သွင်းလေ့ရှိကြောင်း စစ်တွေမြို့ခံတစ်ဦးကပြောသည်။
 
“လုပ်ငန်းအကောင်ထည်မဖော်မည်ပေါ့။ ဒေသခံအလုပ်သမားတွေကိုဘဲ အလုပ်ခွင်ထဲမှာသွင်းမယ်လို့ ကတိတွေရှိပေမယ့်  အလုပ်တွေ အများခိုင်းပြီး လစာနည်းနည်းနဲ့လုပ်နိုင်တဲ့ သူတို့လူမျိုး ဟိန္ဒူတွေ ဘင်္ဂလီတွေကိုဘဲ အလုပ်ခန့်တယ်၊ အဲဒီESSAR ကုမ္ပဏီက ပလက်ဝမှာ ဆိပ်ကမ်း ဆောက်လုပ်ဖို့ အတွက်လိုအပ်တဲ့ အလုပ်သမား  ၄၀ ကျော်ကိုပလက်ဝသို့ခေါ်လာတယ်၊ အဲဒီမှာ လ၀က နဲ့စကားများတော့ အလုပ်သမားတွေကို စစ်တွေသို့ပြန်ပို့လိုက်ရတယ်၊ အဲဒီ အလုပ်သမားတွေက စစ်တွေကဘဲ သူတို့ကိုသက်ဆိုင်ရာနယ်ကျော်ခွင့်မပြုဘူးလေ ဒါကိုအိန္ဒိယကုမ္ပဏီ မသိဘူး”ဟု လိပ်ခုံမော် ကျေးရွာသားတစ်ဦးက ပြောပြသည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။