Sunday, May 27, 2012

စပါးစိုက်ရာတွင် ဆည်မြောင်းအသုံးချနိုင်မှုမှာ ၁၆.၇ % သာရှိ၊ မြစ်ရေတင်စနစ်ဖြင့် အစားထိုးနိုင်

မြန်မာနိုင်ငံ၏စပါးထွက်ရှိရာ ဒေသများတွင် ဆည်မြောင်းများမဆောက်ဘဲ မြန်မာနိုင်ငံအလယ်ပိုင်းတွင် အဓိကထား တည်ဆောက်နေသောကြောင့် စပါးစိုက်တောင်သူများအနေဖြင် ဆည်မြောင်းများအား အသုံးချနိုင်မှုအားနည်းနေသေးကြာင်း စိုက်ပျိုးရေးပညာရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။
 

စပါးစိုက်ပျိုးရာတွင် ဆည်မြောင်းများ အသုံးချနိုင်မှုမှာ ထိုင်းနိုင်ငံတွင် (၈၀)ရာခိုင်နှုန်း၊ ဗီယက်နမ်တွင် (၅၀)ရာခိုင်နှုန်းနှင့်     တရုတ်နိုင်ငံတွင် (၅၀)ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့သော်လည်း မြန်မာနိုင်ငံတွင်မူ (၁၆.၇) ရာနှုန်းသာ အောင်မြင်မှုရှိနေကြောင်း သိရသည်။
 
မြန်မာနိုင်ငံအနေဖြင့် ဆည်မြောင်းးများအား ရာခိုင်နှုန်းအနည်းငယ်သာ အသုံးချနိုင်ခြင်းမှာ အဓိကစပါးထွက် ရှိရာဒေသများတွင် ဆည်မြောင်းဆောက်လုပ်မှု့မရှိခြင်းကြောင့်ဖြစ်ကြောင်း ‘၂၀၁၂ ခုနှစ် မိုးရာသီတွင် မြန်မာ့ဆန်စပါးစိုက်ပျိုးရေး၌ ကြုံတွေ့ရမည့် အခက်အခဲများဆိုင်ရာဆွေးနွေးပွဲ’ ရလာဒ်များအရ သိရှိရသည်။
 
မြန်မာနိုင်ငံ၏ ဆည်မြောင်းအသုံးချနိုင်မှုမှာ (၁၆.၇) ရာခိုင်နှုန်းသာ အောင်မြင်မှုရရှိသောကြောင့် အဓိက ဆန်စပါးထွက်သော   ဒေသများဖြစ်သည့် ရန်ကုန်၊ ပဲခူး၊ဧရာဝတီတိုင်းတို့တွင် မြစ်ရေတင်ခြင်းဖြင့် ရေရှားပါးမှုကို အံတုနိုင်ကြောင်း အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနတွင် စိုက်ပျိုးရေး တာဝန်ထမ်းနေသော ဒေါက်တာ ထွန်းဝင်းက ပြောကြားခဲ့သည်။
 
“ဒီမိုးခေါင်မှုပြဿနာကို ဒီတစ်နှစ် ဆွေးနွေးပြီးလည်း နောက်နှစ်ထပ် ဆွေးနွေးရလိမ့်မယ်၊ ဒီတစ်ခေါက်အပြတ်ဆွေးနွေးတာပဲ    ကောင်းတယ်၊ မြန်မာနိုင်ငံမှာ မြေဆီမြေသြဇာကောင်းတဲ့ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ အဲ့ဒီဒေသတွေကို ဆည်ရေသောက်   ဖြစ်အောင် လုပ်မယ်၊ ဘယ်လိုလုပ်မလည်းဆိုတော့ ပိုက်ဆံတွေအများကြီးလည်း ကုန်စရာအကြောင်းမရှိဘူး အဲ့ဒီဒေသတွေက ချောင်းမြောင်းတွေကို မြစ်ရေတင်စီမံကိန်းလုပ်ဗျာ” ဟု  ဒေါက်တာထွန်းဝင်းက ပြောသည်။
 
မြန်မာနိုင်ငံတွင် စပါးစိုက်ရာတွင်ဖြစ်ပေါ်လေ့ရှိသော  မိုးရွာသွန်းမှုမမှန်ခြင်းအတွက် မြစ်ရေတင်ခြင်းဖြင့် လယ်ကွက်အတွင်း သို့ရေသွင်း၍ စပါးစိုက်ပျိုးခြင်းသည် အကောင်းဆုံး အံတုနိုင်သောနည်းလမ်းတစ်ခု ဖြစ်ကြောင်းကို ပညာရှင်တစ်ဦး၏   ပြောကြားချက်အရ သိရှိရသည်။
 
မြစ်ရေတင်စီမံကိန်ဆိုသည်မှာ လျှပ်စစ်ဓါတ်အားဖြင့် ရေတင်မော်တာများအား ချောင်း၊ မြောင်းနှင့် မြစ်များဆီမှ
ရေကိုစုပ်ယူ၍    လယ်ကွက်အတွင်းသို့ ရေသွင်းခြင်းဖြစ်သည်။
 
“ကျွန်တော်တို့လျှပ်စစ်မီးကို ဘယ်ကနေရမလဲဆိုရင် လျှပ်စစ်မီးနဲ့ပတ်သက်ပြီး လျှပ်စစ်မီးတွေသွယ်နိုင်တယ် ဂတ်စ်နဲ့ ပတ်သက်ပြီးဂတ်တ်စ်မီးတွေ ပေးနိုင်တယ်၊ ကျုံမငှေးမှာ မြစ်ဘေးကနေပြီး မော်တာလေးနဲ့ရေစုပ်တာ လယ်ကွင်းတွေကို စိမ်းနေတာပဲဗျာ” ဟု အဆိုပါပုဂ္ဂိုလ်မှ ဆက်ပြောသည်။
 
မေလ(၂၄)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ‘၂၀၁၂ ခုနှစ် မိုးရာသီတွင် မြန်မာ့ဆန်စပါးစိုက်ပျိုးရေး၌ ကြုံတွေ့ ရမည့်အခက်အခဲများဆိုင်ရာဆွေးနွေးပွဲ’ သို့ တယ်ရောက်ခဲ့သူ ဆန်ကြိတ်စက်ပိုင်ရှင်တစိဦးမှလည်း တောင်သူ များအနေဖြင့် ဆင်းရဲကြပ်တည်းမှုများဖြင့် ကြုံတွေ့နေရကြောင်းပြောဆိုခဲ့သည်။
 
“ကျွန်တော်က လယ်သမားတော့ မဟုတ်ပါဘူး၊ ဆန်ကြိတ်စက်ပိုင်ရှင်ပါ ဒါပေမဲ့ လယ်သမားတွေရဲ့ဒုက္ခတွေကို
သိပါတယ်၊ သူတို့မှာ ရာသီဥတုမမှန်ရင် ဒုက္ခအရမ်းရောက်ပါတယ်၊ လယ်သမားမိသားစု တစ်နှစ်လုံးသုံးတဲ့ ငွေက ခြောက်သိန်းပဲ ရှိပါတယ်၊ သူတို့အဲ့ဒီ ပိုက်ဆံခြောက်သိန်းနဲ့ မဖြစ်ဖြစ်အောင် နေကြရပါတယ်” ဟု ဆန်ကြိတ်စက်ပိုင်ရှင်တစ်ဦးဖြစ်သော ဦးသန်းလွင်ကပြောသည်။
 
ထိုကဲ့သို့ ရာသီဥတုမမှန်ခြင်း၊ ထိုရာသီဥတုအံတုရန် နည်းလမ်းမရှိခြင်းတို့ကြောင့် မြန်မာဆန်အများစုမှာ ပြည်ပတင်ပို့ရာတွင် အခြားနိုင်ငံများနှင့်ယှဉ်လျင် အရည်အသွေးညံ့ဖျင်းနေသဖြင့် ငွေကြေးအမြတ်အစွန်း ရသင့်သလောက် မရကြောင်းကိုလည်း  သိရှိရသည်။
 
ဆန်အရည်အသွေးမညံ့ဖျင်းရန်အတွက် ရေ၊ အာဟာရနှင့် စပါးမျိုးစေ့တို့မှာ အဓိကဖြစ်ပြီး၊ စပါးမျိုးစေ့ကောင်း
ရရှိရန်အတွက် စပါးပင်တစ်ပင်၏ ခေါင်နှံမှ အရည်အသွေးရှိသော စပါးမျိုးစေ့များ ရယူနိုင်ကြောင်းကိုလည်း
ပညာရှင်များ၏ ပြောကြားချက်အရ သိရှိရသည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။