Sunday, May 27, 2012

ကျောက်စိမ်း တူးဖော်ခြင်း ယာယီ ရပ်နားရန် ညွှန်ကြား

ကချင်ပြည်နယ်ရှိ ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီများ အားလုံး ကျောက်စိမ်း ထုတ်ယူမှုကို ယာယီ ရပ်နားထားကြောင်း ကျောက်စိမ်း တူးဖော်ရေး စခန်းရုံး (လုံခင်) ထံမှ သိရသည်။

“ဒီလကုန် နောက်ဆုံးထားပြီး အကုန် သိမ်းဆည်းထားဖို့ ပါပါတယ်” ဟု ယင်းရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ဖားကန့် အခြေစိုက် ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီများသည် အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့ တိုက်ပွဲများ စတင်ပြီးနောက် လုပ်ငန်းခွင် လည်ပတ်မှု အပြည့်အဝ မရရှိသေးသည့် လက်ရှိ ကုမ္ပဏီသက်တမ်း သုံးနှစ်ကို ထပ်မံ တိုးမြှင့်ပေးရန် မျှော်လင့်နေချိန်တွင် လုပ်ငန်းခွင် ရပ်နားရန် ညွှန်ကြားလာကြောင်း ဖာကန့် မှော်စီစာ အခြေစိုက် ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။


“ဖားကန့်မှာ ကုမ္ပဏီတွေ အကုန် သိမ်းနေကြပြီ။ အရင်တစ်ခါလို ရုတ်ရုတ်သဲသဲ ဖြစ်နေကြပြီ” ဟု လုံးခင် ကျေးရွာမှ ကျောက်စိမ်းများကို ဝယ်ရောင်းနေသူ တစ်ဦးက ဆိုသည်။

၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းကလည်း တိုက်ပွဲများကြောင့် ကျောက်မျက် တူးဖော်ရေး လုပ်ငန်းခွင်များ ရပ်နားခဲ့ရပြီး ဆက်သွယ်မှု လမ်းကြောင်းများ ဖြတ်တောက် လိုက်သဖြင့် အခြေခံ အလုပ်သမားများ ဖားကန့်မြို့ မှ နေ့စဉ် သောင်းချီ စွန့်ခွာခဲ့သည်။ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကာလတွင် ဖားကန့် မြို့ နယ်အတွင်း ရာချီရှိနေသော ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီများကို ကချင် လွတ်လပ်ရေး အဖွဲ့က နှစ်စဉ်ကြေး အခွန်အဖြစ် သိန်းပေါင်း ထောက်ချီကာ ကောက်ခံသည့်အပြင် ကျောက်စိမ်းဝယ်ရောင်း လုပ်ငန်းရှင်များမှ အစပြုကာ လမ်းဘေး ဈေးသည်အထိ အခွန်ကောက်ခံကြောင်း ဒေသခံများက တညီတညွှတ်တည်း ပြောကြားသည်။

“KIA က အခွန်ကောက်ထားတဲ့ ပိုက်ဆံတွေ အုတ်တံတိုင်းလိုပဲ စီထားတယ်။ တော်တော် များတယ်။ ကားတစ်စီးနဲ့ တင်တာတောင် မရဘူး” ဟု ၂၀၁၁ နှစ်ကုန်ပိုင်းက အခွန်ကောက်ခံမှု ရရှိခဲ့သည့် ငွေကို မြင်တွေ့ခဲ့ရသော အသက် ၃၆ နှစ်အရွယ် ယာဉ်မောင်း တစ်ဦးက ပြောဆိုသည်။
တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ဖြစ်ပွားမှုများမှာလည်း လာမည့် ဇွန်လဆန်းတွင် တစ်နှစ်ပြည့် တော့မည် ဖြစ်သည်။
The Voice Weekly
--------------------------------------------------------------------------------------------
Myanmar News Now မှ ဖော်ပြခဲ့ပြီးတဲ့ ဖားကန့် ဒေသမှာ KIA ဆက်ကြေးကောက်နေတဲ့ သတင်းကို
အောက်မှာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ကချင်ပြည်နယ် ဖားကန့် ဒေသရှိ ကျောက်မျက်ကုမ္ပဏီများကို KIA တပ်ရင်း(၆)ကနေ
မေလ(၁)ရက်နေ့ ၂၀၁၂ မှစပြီ ဆက်ကြေးတောင်းခံတဲ့ စာများပေးပို့ ထားကြောင်းသိရပါတယ်။

KIA မှ တောင်းခံထားတဲ့ ဆက်ကြေးနှုန်းထားများမှာ --
၁။ ၆ ဘီး  - ငါးရံခေါင်း(ဒမ်ထရပ်)         = 1,500,000
၂။ ၁၀ ဘီးကား                                =    800,000
၃။ ၁၂ ဘီးကား                                =  1,000,000
၎။ Back Hole အား ၂၀၀ နှင့် ၃၀၀ ကြား =  1,000,000
၅။ Back Hole အား ၃၀၀ နှင့် ၅၀၀ ကြား =  1,000,000
၆။  Back Hole အား ၅၀၀ အထက်        =  2,000,000
၇။ ကျင်းသား   (တစ်ယောက်)             =         2000
၈။ ကျောက်စိမ်းလုပ်ကွက် အခွန်           = 5,000,000
၉။ ယူဒါ+Dozer                                =   200,000
၁၀။ ပါဂျဲရို+ဖိုးဝှီး+ထပ်ကား                  =   300,000
၁၁။ လုပ်ပိုင်ခွင့်                                 = 3,000,000

စတဲ့ နှုန်းထားများသတ်တောင်းခံထားတာဖြစ်ပါတယ်။

အစိုးရနဲ့ KIA ငြိမ်းချမ်းရေးမလုပ်ခင်တုန်းကလည်း ဖားကန့် ဒေသရှိ စီးပွါးရေးလုပ်ငန်း
အားလုံးကနေ KIA က ဆက်ကြေးကောက်ခံခဲ့ဖူးပါတယ်။ အခုအစိုးရနဲ့ ငြိမ်းရေးပျက်ပျယ်
သွားပြီး တိုက်ပွဲပြန်ဖြစ်ပွါးလာချိန်မှာ KIA က ဆက်ကြေးပြန်ကောက်လာတာဖြစ်ပါတယ်။
ကျောက်မျက်လုပ်ငန်းတွေအပြင် လောင်းကစားဝိုင်းများနဲ့ တခြားစီးပွါးရေးလုပ်ငန်း
များကိုလည်း ဆက်ကြေးတောင်ခံစာပို့ ထားကြောင်း ဖားကန့် ဒေသခံတွေဆီကနေ
Myanmar News Now မှ စုံစမ်းသိရှိရပါတယ်။


ကျောက်မျက်ကုမ္ပဏီတွေကို KIA မှာ ပေးပို့ ထားတဲ့ ဆက်ကြေးနှုန်းထားများဖြစ်ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။