Sunday, May 27, 2012

စတုတ္ထမြောက်ဆူးလေဆုတောင်းပွဲ လူထောင်ချီဖြင့် ဆက်ကျင်းပ ၊ အင်အားပြရိုက်နှက်မှုအား ဦးဆောင်သူများရှုံ့ချ

မေလ(၂၅) ရက်နေ့က ရန်ကုန်မြို့တွင် စတုတ္ထမြောက်ဆူးလေဆုတောင်းပွဲကျင်းပရာ ယမန်နေ့များထက် လူအင်အားပိုမိုများခဲ့ကြောင်းနှင့် လုံခြုံရေးယူထားသောရဲတပ်ဖွဲ့ဝင်များသည် ငြိမ်းချမ်းစွာတောင်းဆိုသူများ၏ အဝေးမှသာ လုံခြုံရေးယူထားကြောင်း သိရှိရသည်။
 

“တောင်းဆိုတဲ့သူတွေက အရင်နေ့တွေကထက်ပိုပြီးတော့များတယ်။ ခန့်မှန်းခြေဆိုရင် ထောင်ဂဏန်းလောက် ရှိလိမ့်မယ်။ ရဲတွေကလည်း အရင်နေ့တွေကလို အနီးကိုမလာတော့ပဲ အဝေးကနေပဲ လုံခြုံရေးယူတယ်။”ဟု   တောင်းဆိုသူများ ထဲတွင်ပါဝင်သူ ဒေါ်ခင်ခင်ဆွေ ကပြောသည်။
 
အဆိုပါ စတုတ္ထမြောက်နေ့ တောင်းဆိုသူများသည် ယမန်နေ့များထက် ပို၍များပြားကြောင်းကိုလည်း အနီးရှိ ပြည်သူများ၏   ပြောပြချက်အရသိရှိရသည်။
 
“ရှေ့(၃)ရက်ကထက် လူပိုများလာတာကိုတွေ့ရတယ်။ ရှေ့ရက်တွေမှာလုပ်ထားတော့ ခုမှသိပြီးရောက်လာတဲ့ သူတွေ ဖြစ်မယ်” ဟု အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦး ကပြောသည်။
 
အဆိုပါ ငြိမ်းချမ်းစွာတောင်းဆိုသူများသည် နှစ်ယောက်တစ်တွဲသာ တန်းစီ၍ လမ်းလျှောက်ပြီး ဆူးလေ ဘုရား အား (၃)ပတ် ပတ်ပြီး ဘုရားပေါ်သို့တတ်ကာ ဘုရားအား လက်ဝဲရစ် တစ်ပတ်သာရစ်ဆီမီးပူဇော်ကာ ည(၈း၀၀)နာရီဝန်းကျင်တွင် ပုံမှန်အတိုင်း လူစုခွဲ့ခဲ့ကြောင်း သိရှိရသည်။
 
ပြည်မြို့က တောင်းဆိုဆန္ဒပြသူများအား အာဏာပိုင်များက ရိုက်နက်သည့် အပေါ်တွင် ရန်ကုန်မြို့မှ လျှပ်စစ်မီးရရှိရေး ဦးဆောင်တောင်းဆိုသူတစ်ဦးက ရှုံ့ချကြောင်း ဆူးလေဆန္ဒပြပွဲ တတိယနေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
 
“ဒီလိုတောင်းဆိုမှုတွေပာာ ပြည်သူ့ဆန္ဒဘဲ။ပြည်သူတွေရဲ့ဆန္ဒဖော်ထုတ်တာကို ရိုက်နက်တာပာာ ပြည်သူကို မလေးစားရာရောက်ပါတယ်။ ဒါတွေကို ရှုံ့ချပါတယ်”ပာု ရန်ကုန်လျှပ်စစ်မီးရရှိရေး ဦးဆောင်တောင်းဆိုနေသူ တစ်ဦးဖြစ်သည့် ဒေါ်နော်အုန်းလှက ပြောသည်။
 
ထိုအပြင် ပြည်မြို့လျှပ်စစ်မီးတောင်းဆိုသူများအား တားဆီးရိုက်နှက်မှုများအား အခြားနေရာများတွင်လည်း  ဆက်လက်မပြုလုပ်ရန်  အာဏာပိုင်များ ကမေတ္တာရပ်ခံခဲ့ကြောင်း ၄င်းကဆက်ပြောသည်။
 
ရန်ကုန် ဆူးလေလျှပ်စစ်မီး တောင်းဆိုမှုသည် မေလ(၂၂)ရက်နေ့တွင် လူဦးရေ အနည်းငယ်ဖြင့် စတင်ကာ၊ မေလ(၂၃)ရက်နေ့တွင် လူဦးရေ(၂၀၀)၀န်းကျင်၊  မေလ(၂၄) လူဦးရေ(၃၀၀)၀န်းကျင်ခန့် ပါဝင်လာခြင်းဖြစ်ပြီး၊ ဆန္ဒပြသူများအနေဖြင့် နိင်ငံတော်အာဏာပိုင်များမှ လျှပ်စစ်မီးပြည်ဝစွာရရှိသည်အထိ တောင်းဆိုဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဒေါ်နော်အုန်းလှက ဆက်လက်ပြောသည်။
 
“ကျွန်တော်တို့ စည်းကမ်းရှိစွာနဲ့ လူထုဆန္ဒကို ဖော်ထုတ်နေတာပါ။ အာဏာပိုင်တွေ အနေနဲ့ လမ်းရှင်းတာလောက်ပဲ   ပြုလုပ်သင့်ပါတယ်။ တားဆီးပိတ်ပင်မှု့တွေ မလုပ်ဖို့တောင်းဆိုပါတယ်”ပာု ဦးဆောင်ဆန္ဒပြတောင်းဆိုသူတစ်ဦးဖြစ်သည့် ကိုပာန်ဝင်းအောင်က ပြောသည်။
 
ပြည်မြို့၌ မတ်လ(၂၄)ရက်နေ့က ဖြစ်ပွားခဲ့သော တောင်းဆိုဆန္ဒပြမှုတွင် အာဏာပိုင်များက ဦးဆောင်သူများအား ရိုက်နှက် ခဲ့ ခြင်းကြောင့် ပြည်မြို့ခံအနည်းငယ်ဒဏ်ရာရှိခဲ့ပြီး ပြည်သူလူထုအား အထိတ်တလန့်ဖြစ်စေခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။