Tuesday, May 1, 2012

စက်မှုဝန်ကြီးက ဘတ်စ်ကားများအား အများပိုင်ကုမ္ပဏီဖွဲ့၍ အဆင့်မီကားသစ်များဖြင့် ပြေးဆွဲစေလို

စက်မှုဝန်ကြီးက ဘတ်စ်ကားများအား အများပိုင်ကုမ္ပဏီဖွဲ့၍ အဆင့်မီကားသစ်များဖြင့် ပြေးဆွဲစေလို



ရန်ကုန်မြို့တွင်းရှိ ဘတ်စ်ကားများအား  အများပိုင်အဖွဲ့အဖွဲ့၍  နိုင်ငံတကာအဆင့်မီ ဘတ်စ်ကားအသစ်များဖြင့် ပြေးဆွဲ စေလိုကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ဥက္ကဌ ဦးစိုးသိန်းကနေပြည်တော် စက်မှုဝန် ကြီးဌာနသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 
အဓိကအများ ပြည်သူသုံးစွဲနေရတာ ဘတ်စ် ကားတွေ ဖြစ်တယ်။ ဘတ်စ်ကားနဲ့ပတ်သတ်လို့ အလွန်ကြီးမားတဲ့ အခက် အခဲတွေရှိတယ်ဆိုတာ ခံစားရပါတယ်။ ဘတ်စ်ကားတွေ တစ်ထောင်ပဲဖြစ်ဖြစ် တစ်သောင်းပဲဖြစ်ဖြစ်သွင်း၊ အများပိုင်အဖွဲ့ ဖွဲ့ပြီးတာ့ ဘတ်စ်ကားကို စင်ကပူတို့လို ဘာတို့လို ဆွဲစေချင်တာ။ ကျွန်တော်ဖြစ်ချင်တာကတစ်မျိုး သူတို့ဖြစ်ချင်တာက တစ်မျိုး။ သူတို့က ဘတ်စ်ကားသွင်းမယ် ရောင်း စား မယ်။ အဲဒီ့ကဏ္ဍမှာ ကျွန်တော့်မှာ ဒီလိုပဲကြုံနေရပါတယ်။ ဒါပြော ပြတာပါ”ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။
 
ထို့ကြောင့် ၎င်းအနေဖြင့် မကြာခင်အချိန်အတွင်း ရန်ကုန်မြို့တွင်းရှိ ဘတ်စ်ကားလိုင်းများကို ခေတ်မှီစေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး သွင်းကုန် ပါမစ်များကိုလည်း   ယခင်ကထက်စာလျှင် များစွာလျော့ပေါ့သတ်မှတ်ပေးထားကြောင်း ၀န်ကြီးဦးစိုးသိန်းကပြောသည်။
 
“ဒီတော့ ကျွန်တော်မရှေးမနှောင်းမှာတော့ ကျွန်တော်တော့ အများပိုင်ကုမ္ပဏီတွေဖွင့်ချင်တဲ့သူဖွင့်၊ ရန်ကုန်မြို့ရဲ့ ဘတ်စ် ကားလိုင်းတွေမှာ နိုင်ငံတကားအဆင့်မှီပေါ့ ကျွန်တ်ာတို့ အနီးစပ်ဆုံး စင်ကာပူတို့လိုသွားနေတဲ့ ဘတ်စ်ကားသစ်သစ် လွင်လွင်နဲ့ ပြည်သူလူထုဒုက္ခမရောက်တဲ့ စနစ်လေးကို ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်။ လေးငါးလရှိပြီ မအောင်မြင် သေးဘူး။ ဒါပေမယ့် အခု အမြန်ကြိုးပမ်းမယ်လို့ ကျွန်တော်က တင်ပြလိုပါတယ်”ဟု ၎င်း ကဆက်၍ပြောသည်။
 
မော်တော်ကားများနှင့်ပတ်သတ်ပြီး ဖြစ်ပေါ်လာသော ပြဿနာအချို့တွင် ၎င်းတို့အနေဖြင့် လုပ်ငန်းကျွမ်းကျင်၍ ပြုလုပ် ခြင်းမဟုတ်ပဲ   ပြည်သူများအပေါ် စေတနာထား၍ လုပ်ပေးခြင်းသာဖြစ်ကြောင်း ရထားပို့ဆောင်ရေးဌာန ပြည်ထောင်စု ၀န်ကြီးက ပြောကြားခဲ့သည်။
 
“ကားတွေနဲ့ ပတ်သတ်ပြီး ပြဿနာတွေကို ကြားရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီကားကိစ္စတွေကို နားလည်လို့ တတ်လို့လုပ်တာမဟုတ်ပါဘူး။   စေတနာရှိလို့လုပ်ပေးတာပါ။ ဖြစ်တဲ့အမှားတွေကလည်း စေတနာအမှားတွေပါလို ကျွန်တော်ပြောချင်ပါတယ်” ရထားပို့ဆောင်ရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကပြောသည်။
ကျော်ဇင်မန်း(မြစ်မခ)
by Myit Makha Mediagroup 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။