www.yemintun86.blogspot.com
၁၂.၄.၂၀၁၂ တွင်တည်ထောင်သည်
မူလစာမျက်နှာ
နည်းပညာများ
Flash song များ
ဗဟုသုတများ
ကဗျာစာမျက်နှာ
စားသောက်ဖွယ်ရာအဖြာဖြာ
အားကစားသတင်းဆိုဒ်
Gmail
Facebook
ဂိမ်းများ
Tuesday, May 1, 2012
ရခိုင်ပြည်နယ်မှသေမင်းတမန်ရထားလမ်းနှင့်ဖြိုဖျက်ခံရှေးဟောင်းဘုရားပုထိုးများ
စစ်တွေ၊ အမ်း၊ မင်းဘူး (မြန်မာနိုင်ငံ အလယ်ပိုင်း) မီးရထားလမ်း
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှနေ၍ မြို့နယ် (၅) မြို့နယ်ကို ဖြတ်လျှက် မြန်မာစစ်တပ်၏
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရှိရာ အမ်းမြို့သို့ ဆက်သွယ်သော မီးရထားလမ်းသစ်
တည်ဆောက်မှုကို (၂ဝဝ၉) ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် စတင်ခဲ့ပါသည်။
လုပ်ငန်းမစမီ ၂၀၀၈ခုနှစ်အတွင်းနှင့်လုပ်ငန်းစတင်ပြီး၂၀၀၉၊၂၀၁၀အတွင်းရထားလမ်း
စီမံကိန်းတလျောက်ရှိစစ်တွေမြို့၊ပုဏ္ဍားကျွန်း မြို၊ ကျောက်တော်မြို့၊မြောက်ဦးမြို့၊အမ်းမြို့နယ်များအတွင်းရှိဒေသခံပြည်သူများ၏အိုးအိမ်ရပ်ရွာများအားအတင်းအကျတ်
ပြောင်းရွေ့ဖယ်ရှားခိုင်းခြင်းများပြုလုပ်ခဲ့ပါသည်။
လျော်ကြေးငွေလုံးဝမပေးဆောင်ပဲ အရပ်သားများ၏ လယ်ယာ ဥယျာဉ် ခြံမြေ အများ
အပြားကို ဥပဒေမဲ့ သိမ်းယူခဲ့ခြင်း၊ဒေသခံစစ်တပ်များနှင့်ပူးပေါင်းပြီး ရထားလမ်းဖေါက်
လုပ်ရေး ကုမ္ပဏီများက လုပ်ခများ မပေးဘဲဒေသခံပြည်သူများအားအတင်းအကျတ်
လုပ်အားပေးစေခိုင်းခြင်းများပြုလုပ်ခဲ့ကြပါသည်။
မြောက်ဦးနှင့်အမ်းမြို့နယ်အကြားကျေးရွာ(၆)ရွာမှာရွာလုံးကျွတ်အတင်းအဓမ္မနေရာ
ရွှေ့ပြောင်းရွေ့ခြင်းခံခဲ့ရသော်လည်းမည်သည့်လျော်ကြေးတစုံတရာမှရရှိခဲ့ခြင်းမရှိခဲ့ကြပါ ။
ပူပြင်းလှပြီးအရိပ်အာဝါသမရှိသော ကွင်းပြင်များတွင်လုပ်အားပေးစေခိုင်းခံရမှုကြောင့်
ဖျားနာသေဆုံးခြင်း ရေရှားပါးမှုကြောင့်ဝမ်းပျက် ၀မ်းလျောဖြစ်ကာသေဆုံးခြင်းများ ထိခိုက်ဒဏ်ရာရပြီးသေဆုံးမှုများရှိခဲ့သော်လည်းမည်သည့်သတင်းမှထွက်ပေါ်မလာပဲ
အမှောင်ချထားခြင်းခံခဲ့ရပါသည်။
အဆိုးဝါးဆုံးဖျက်စီးခံရမှုများကတော့ ရခိုင်ရှေ့ဟောင်းအမွေအနှစ်များဖြစ်ပါသည်။
မြောက်ဦးမြို့အားရှောင်ကွင်းဖေါက်လုပ်ရနိုင်သော်လည်း ရှေ့ဟောင်းယဉ်ကျေးမှုနယ်မြေ
အားဖြတ်သန်းဖေါက်လုပ်ခဲ့သောကြောင့် တန်ဖိုးမဖြတ်နိုင်သောသမိုင်းအမွေအနှစ်များ
ပျက်စီးခဲ့ရပါသည်.
(၂ဝ၁ဝ) ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် စတင်ခဲ့သော မြောက်ဦး ကျောက်တော်
မီးရထားလမ်းပိုင်းကြောင့် အေဒီ (၁၄ဝ၄) ခုနှစ်တွင် ရခိုင်ဘုရင် မင်းစောမွန်
တည်ဆောက်ခဲ့သော ရခိုင်ပြည်နယ် မြောက်ဦးရှိ၊ ရှေးဟောင်း ကျောင်းကန်၊ ဘုရားများ
ထိခိုက်ပျက်စီးခဲ့သည်။
နယ်မြေဒေသတွင်းမှရှေးဟောင်းသုတေသနပညာရှင်များ၏ ပြောပြချက်များ၊ဒေသခံပြည်
သူများပြောပြချက်များ၊မျက်ဝါးထင်ထင်ဖြိုဖျက်နေသောသတင်းဓါတ်ပုံများအရ ရှေးဟောင်း
သဘင်သည်ဘုရား၊မင်္ဂလာမာန်အောင်ဘုရားနှင့်ကျောက်မြို့ရိုးတံတိုင်းများ၊သဇင်တန်တောင
ပေါ်ရှိ ဘုရားများအပြင် ပြည်စိုးကြီးဘုရား၊ ငကြေးအိုင် နှင့် ရဲလှရှိ ကျုံးများ၊ မင်းသမီးဆည
်-ရေတံခါး-ရေပြွန်ပေါက်များ၊ရဲလှခံတပ်နှင့်အမြင့်တောင်ခံတပ်တံတိုင်းများ၊ခြင်ကိုက်ပိဋ
ကတ်တိုက်တော် အစရှိသောရှေးဟောင်းသမိုင်းဝင်ဘုရားပုထိုးအဆောက်အဦးများ
ဖြိုချဖျက်စီးစီးခံခဲ့ရ ပါသည်။
တစ်ချိန်တည်း ၂၀၀၉ခုနှစ်ဒီဇင်ဘာတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး
ကောင်စီ (နအဖ) က ကြက်ဆူပင် စိုက်ခင်း စိုက်ပျိုးရေးအတွက် နယ်မြေလူထုများအား
မြောက်ဦးမြို့ရှိ ရှေ့ဟောင်း နန်းတော်ကုန်းကို ဖျက်ခိုင်းကြောင်းလည်း ကြားသိရသည်။
နယ်သူနယ်သားများက မီရထားလမ်းဖောက်လုပ်ရေး စီမံကိန်းကို ကန့်ကွက်ကြပြီး၊
ဆောက်လုပ် ရေးလုပ်ငန်းကို ရပ်တန့်ပေးရန် အာဏာပိုင်များထံ မေတ္တာရပ်ခံခဲ့ကြသည်။
သို့ရာတွင် အစိုးရက အကြောင်းတစုံတရာ ပြန်ကြားခြင်း မရှိဘဲ၊ စီမံကိန်းကို ဆက်လက်၍
အကောင်အထည်ဖေါ်ခဲ့သည်။
ဒေသခံလူထုများက သယ်ယူပို့ဆောင်ဆောင်ရေး တိုးတက်ကောင်းမွန်ရန်ကို အလွန်တရာ
လိုလားကြသည်။ အကြောင်းမှာ ရခိုင်ပြည်နယ်ရှိ လမ်းများသည် အခြေအနေအလွန်ဆိုးရွား
နေခြင်းကြောင့် ဖြစ်သည်။လက်ရှိအနေအထားအရ ရခိုင်ပြည်နယ်အတွင်းကားလမ်း ၇၀
ရာခိုင်နှုန်းမှာ ပျက်စီးလျက်ရှိပြီး ပြည်သူလူထုမှာ ရေကြောင်းခရီးကိုသာအားထားသွား
လာနေကြရပါသည်။
မီးရထားလမ်းမှာစစ်တွေမှကျောက်တော်မိုင်၅၀ခန့်လမ်းပိုင်းကို၂၀၁၁တွင်ဖွင့်ပွဲပြုလုပ်ခဲ့သော်
လည်းအသုံးပြုလို့မရအောင်လမ်းတစ်လျောက်လုံးယိုယွင်းပျက်စီးနေပြီးရထားပုံမှန်ပြေးဆွဲ
နိုင်ခြင်းမရှိသေးပေ။ ပုံတွင်တွေ့မြင်ရသည့်အတိုင်းစစ်တွေကျောက်တော်ရထားလမ်းပိုင်းမှာ နွေရာသီတွင်ပင်ယိုယွင်းပြိုပျက်နေပြီးရထားသွားလာမှုအတွက်စိတ်ချရသည့်အနေအထား
မရှိပေ။
ရထားလမ်းကတော့ခုထိမပြီးသေးပါဘူး ဖွင့်ပွဲလုပ်လိုက်ပြန်ပြိုလိုက်နဲ့
ရထားအမှန်တကယ်သွားလို့မရသေးပါဘူး.စစ်တွေ-ကျောက်တော်ရထားလမ်းပိုင်းလောက်
သာတခါတလေ ခုတ်မောင်းနေတာတွေ့ရပါတယ်.ပုံမှန်ပြေးဆွဲခြင်းမပြုလုပ်နိုင်သေးပါဘူး။
မိုးအားကောင်းသောရခိုင်ဒေသအတွင်းအဆင့်မမှီသောကားလမ်းရထားလမ်းများမှာအသုံး
မပြုမှီကပင်ပျက်စီးလျက်ရှိပြီး ခရီးသွားပြည်သူများမှာရထားလမ်းကားလမ်းများကိုကြည့်ပြီး အထူးစိတ်ဆင်းရဲလျက်ရှိနေကြကြောင်းသိရှိရပါသည်။
ခိုင်ဇော်အောင် (Myanmar News Now)
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။