Wednesday, November 20, 2013

အထည်ချုပ် လုပ်ငန်းဖွံ့ဖြိုးရေး ဆွစ်ဇာလန် ကူညီမည်

ဆွစ်ဇာလန်က မြန်မာနိုင်ငံအထည်ချုပ်ကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီမည်ဟု နိုင်ငံရေးနှင့် စီးပွားရေးရာ ကောင်စစ်ဝန် မစ္စစ်ကော်ရင်း ဟန်ချိုပဂ္ဂနာမီက မဇ္ဈိမကို နိုဝင်ဘာ ၁၉ တွင် ပြောသည်။
မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၈ရက်မှ ၂၀ အထိ နှစ်ရက်ကြာလာရောက်သည့် ဆွစ်ဇာလန် စီးပွားရေးရာ ဒုတိယ၀န်ကြီး၏ ခရီးစဉ်အတွင်း ကတိပြုခဲ့သည်ဟု ဆိုသည်။
ယခုနှစ်ကုန်ပိုင်းတွင်း စတင်ကူညီမည်ဖြစ်ပြီး အထည်ချုပ်လုပ်ငန်းရှင်များ အသင်းနှင့် သဘောတူညီချက် ရယူထားသည်။
အထည်အလိပ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် မဟာဗျူဟာ ချမှတ်နိုင်ရေးအတွက် ကူညီမည်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO)နှင့်ပူးပေါင်း ကူညီမည်ဖြစ်ပြီး အလုပ်သမားရေးရာများကိုပါ ဆောင်ရွက်မည်ဖြစ်သည်။

မန္တလေး စပါးနှံတာယာစက်ရုံ လုပ်သား ၃၀၀ ဆန္ဒပြ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ပန်းခြံလမ်းရှိ စပါးနှံတာယာစက်ရုံမှ အလုပ်သမား ၃၀၀ ခန့်သည် တနင်္ဂနွေနေ့ အလုပ်ပိတ်ပေးရန်နှင့် လစာငွေ နှစ်သောင်းတိုးပေးရန် ထိုစက်ရုံရှေ့၌ပင် သပိတ်စခန်းဖွင့် တောင်းဆိုလျှက်ရှိသည်။

ဧရာဝတီဘဏ်တွင် မာစတာကတ် နှင့် China Union Pay Card များဖြင့် ငွေထုတ်နိုင်

ဧရာဝတီဘဏ်တွင် Master Card နှင့် China Union Pay Card များဖြင့် ငွေထုတ်ယူခြင်းများ နိုဝင် ဘာလ ၁၉ ရက်မှ စတင်ကာ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ဧရာဝတီဘဏ်မှ ထုတ်ပြန်သည်။
နိုင်ငံတစ်ဝန်းမှ ဧရာဝတီဘဏ်များရှိ ATM စက်များတွင် အဆိုပါကတ်များဖြင့် ငွေထုတ်ယူနိုင်ပြီဖြစ် သည်။
ဧရာဝတီဘဏ်၏ မန်နေဂျင်းဒါရိုက်တာ ဦးဖြိုးအောင်က “ဧရာဝတီဘဏ်အနေနဲ့ ငွေထုတ်ယူခြင်း ၀န် ဆောင်မှုတွေကို ဆီးဂိမ်းကိုလာမယ့် ခရီးသွားဧည့်သည်တွေ အဆင်ပြေပြေနဲ့ အသုံးပြုနိုင်ဖို့ အချိန်မီ ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်” ဟု ပြောသည်။

အမျိုးသားနေ့တွင် NLD က တစ်နိုင်ငံလုံးရှိ ပါတီရုံးများတွင် စာကြည့်တိုက်ဖွင့်မည်

ရန်ကုန် (မဇ္ဈိမ)။   ။   လာမည့် နိုဝင်ဘာ ၂၇ တွင်ကျရောက်မည့် ၉၃ နှစ်မြောက် အမျိုးသားနေ့တွင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ပါတီရုံးများတွင် စာကြည့်တိုက်ဖွင့်သွားမည်ဟု NLD(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ၏ လူငယ်စာကြည့်တိုက်ဖြစ်မြောက်ရေး ဗဟိုကော်မတီမှ တာဝန်ခံ ဦးခင်ဇော်လင်းက နိုဝင်ဘာ ၂၀ ရက်တွင် မဇ္ဈိမကို ပြောသည်။
“ဗဟုသုတတွေ အဖက်ဖက်က မြင့်မားလာဖို့ဆိုတာ စာအုပ်စာပေတွေကရမှာပဲလေ။ ဒါတွေကို စာဖတ်တဲ့အခါကျတော့ အဖက်ဖက်က တိုးတက်လာအောင် ထောက်ပံ့ကူညီပေးတဲ့သဘောပဲ။ ပါတီလုပ်ငန်းလုပ်သလို လူထုအကျိုးပြုလုပ်ငန်းပါပူးတွဲလုပ်တဲ့သဘောနဲ့ ဒါကိုစလုပ်တာပါ” ဟု သူက ပြောသည်။

ရွှေညဝါ ဆရာတော်တရားပွဲ ခွင့်ပြုချက်မရဘဲပြုလုပ်သည်ဟုဆိုကာ ပွဲစီစဉ်သူကို တရားစွဲ

ရန်ကုန် (မဇ္ဈိမ)။          ။ ကြည့်မြင်တိုင်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သော ရွှေညဝါဆရာတော် တရားပွဲကို ခွင့်ပြုချက်မရှိဘဲ ပြုလုပ်သည်ဟုဆိုကာ တရားပွဲစီစဉ်သူများ တရားစွဲခံရသည်ဟု နိုဝင်ဘာ ၂၀ ရက်တွင် တရားစွဲခံထားရသူက မဇ္ဈိမကို ပြောကြားလိုက်သည်။

မြန်မာ-မွန်ဂိုလီးယား ဆက်ဆံရေး တိုးမြှင့်လာခြင်း ပြုပြင်ပြောင်းလဲရေး အထောက်အကူဖြစ်စေနိုင်

သံတမန်ဆက်သွယ်ရေး ထူထောင်ထားသော်လည်း အဆက်အသွယ် နည်းလွန်းခဲ့သည့် မြန်မာနှင့် မွန်ဂို လီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးမြှင့်လာခြင်းသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖော် ဆောင်မှုများကို ပိုမိုမြန်ဆန်စေရန် အထောက်အကူဖြစ်နိုင်ဟု နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်အချို့က မဇ္ဈိမကို သုံးသပ် ပြောကြားလိုက်သည်။

Tuesday, November 19, 2013

ရန်ကုန်နှင့်တောင်ကြီးတွင် တစ်ရက်အတွင်း OIC ကိုကန့်ကွက်သည့်ဆန္ဒဖော်ထုတ်မှုများဖြစ်

နိုဝင်ဘာ (၁၅)ရက်နေ့၌ ရန်ကုန်နှင့် တောင်ကြီးမြို့တို့တွင် OIC အဖွဲ့အား ကန့်ကွက်သည့် ဆန္ဒဖော်ထုတ်မှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။

ကော်ရှူအန္တရာယ် ကင်းဝေစေရေး သိတာနှင့် သတင်းပေး

ငွေကြေးကုန်ကျစရိတ်သက်သာစွာဖြင့် မူးယစ်စေနိုင်သည့် ဆေးပစ္စည်းတစ်မျိုးအဖြစ် အသုံးပြုလာသည့် ကော်ရှူမှုများကို  ပပျောက်စေရန်အတွက် ရောင်းချသည့်နေရာများနှင့် သုံးစွဲသူနှင့် ၄င်းတို့ပတ်ဝန်းကျင်ရှိ ပြည်သူများ ကို အသိပညာပေးမှုများပြုလုပ်သွားမည်ဟု မန္တလေးတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိရှိ ရသည်။

ဖောင်စိန်တံတားပေါ်မှ မှန်လုံယာဉ် ချောက်ထဲထိုးကျသော်လည်း သေဆုံးသူမရှိ

မွန်ပြည်နယ်မော်လမြိုင်မြို့မှသံဖြူဇရပ်မြို့သို့မောင်းနှင်လာသော ခရီးသည်တင်မှန်လုံကားတစ်စီးမှာ တံတားပေါ်မှ ကျော်၍ လမ်းဘေးချောင်းထဲထိုးကျခဲ့ကြောင်း သိရှိရသည်။

OIC အရေး လားရှိုး၌ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင်၊ လားရှိုးမြို့နယ်အတွင်း၌ နိုဝင်ဘာ-၁၄ရက်နေ့၊ နေ့လည်ပိုင်းက OICကိုလက်မခံသည့်အကြောင်း ဆန္ဒထုတ်ဖော်မှု တစ်ရပ်ပြုလုပ်ခဲ့ပြီး အဆိုပါဆန္ဒထုတ်ဖော်မှုမှာလားရှိုးမြို့၌ ပထမဆုံးအကြိမ်ဆန္ဒထုတ်ဖော်မှုလည်း ဖြစ်သည်။

Thursday, September 5, 2013

သင်္ဃန်းကျွန်းမြို့နယ်တွင် ရှို့မီးသဖွယ် ဖြစ်ပွားခဲ့သော အစ္စလာမ် စာသင်ကျောင်းမှ တာဝန်ရှိသူများနှင့် ပတ်ဝန်းကျင် နေထိုင်သူများကို ရဲတပ်ဖွဲ့က စစ်ဆေးနေ

X-5-9သင်္ဃန်းကျွန်းမြို့နယ်ရှိ ရှို့မီးသဖွယ် ဖြစ်ပွားခဲ့သော အစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှ တာဝန်ရှိသူများနှင့် ပတ်ဝန်းကျင် နေထိုင်သူများကို ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။, ဖြစ်စဉ်အနေအထားအရ စက်တင်ဘာ ၄ ရက် နံနက်အစောပိုင်း ၂ နာရီခန့်မှ စတင်ခဲ့ခြင်းဖြစ်ကာ လူသုံးဦးက ဓနိမိုးထားသော အစ္စလာမ် စာသင်ကျောင်းပေါ်သို့ အင်ဂျင်ဝိုင်များ သုတ်ထားသော တုတ်များဖြင့် မီးရှို့ကာ ပစ်တင်ခဲ့ပြီးနောက် မီးမှာသုံးမိနစ်ခန့်သာ လောင်ကျွမ်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက် အဖြေများအရ သိရသည်။, သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဖြစ်သူက "ဖြစ်စဉ်ဖြစ်တယ်ဆိုတဲ့ စသိသိချင်းပဲ ရောက်ရှိနေခဲ့ပြီး အခြေအနေကို ထိန်းထားခဲ့ပါတယ်။ ဘာမှတော့ မဖြစ်ပါဘူး။ လက်ရှိတော့ ကျောင်းတာဝန်ရှိသူတွေကို စစ်ဆေးနေတယ်။ ပြီးတော့ ပတ်ဝန်းကျင် နေထိုင်သူတွေ ဆီကလည်း ဆက်လက်စုံစမ်း သွားမယ်" ဟု ပြောကြားသည်။, မီးရှို့ရာတွင် အသုံးပြုခဲ့သော ဆီအိတ်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို), ယင်း အစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှာ သင်္ဃန်းကျွန်းမြို့နယ် ၂ ရပ်ကွက်ရှိ ယုဝလမ်းတွင် တည်ရှိပြီး ကျောင်းဆောင်နှစ်ခုဖြင့် စာသင်ကြားနေကြောင်း၊ ကျောင်းသားဦးရေ ၂၇၀ ရှိပြီး ကျောင်းဆရာ ၃၄ ဦးရှိကြောင်း သိရသည်။, ရှို့မီးသဖွယ် ဖြစ်ပွားခဲ့သော ဂျာမေအာ အာရဗီယာ အစ္စလာမီယာသအ်လီမွလ်ကုရ်အာန်ကျောင်းမှ ဒုတိယကျောင်းအုပ် ဖြစ်သူက "ကျွန်တော်တို့ အနေနဲ့ကတော့ ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးတာကို ပြန်လည်ဖြေကြားတယ်။ နောက်ပြီး ဓနိမိုးထားတဲ့ကျောင်းကို သွပ်မိုးဖို့အတွက် သက်ဆိုင်ရာကို တင်ထားခဲ့ဖူးတာ မှန်ပါတယ်။ ဒါပေမဲ့ ချမပေးခဲ့ပါဘူး" ဟု ပြောသည်။, လက်ရှိတွင် ယင်းအစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှ ကျောင်းအုပ်ဦးခင်အောင်နှင့် အဆောင်ဆရာနှစ်ဦးကို မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက စစ်ဆေးနေသည့်အပြင်  ယင်းကျောင်းဝန်းကျင်အနီး နေထိုင်သူ ငါးဦးခန့်ကိုလည်း စစ်ဆေးနေကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။, မီးရှို့ခဲ့သည်ဟူသော အစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှာ ၁၉၈၀ ခုနှစ်က စတင်တည်ထောင် စာသင်ကြားခဲ့ကြောင်း၊ ၎င်းစာသင်ကျောင်းရှိသော လမ်းမှာလည်း အစ္စလာမ် ဘာသာဝင်များသာ နေထိုင်ကြောင်း ပတ်ဝန်းကျင် နေထိုင်သူများ၏ ပြောကြားချက်အရ သိရသည်။, ၎င်းအပြင် လာရောက်မီးရှို့မှု ဖြစ်ပွားခဲ့သည်ဆိုသော ဓနိမိုး စာသင်ကျောင်းကိုလည်း ၁၉၉၅ ခုနှစ်က သွပ်မိုးအဖြစ် တည်ဆောက်ရန် သက်ဆိုင်ရာ မြို့နယ်ရုံးများသို့ တင်ပြခဲ့သော်လည်း ခွင့်ပြုမိန့် မရရှိခဲ့ကြောင်း သိရသည်။

ရဲစခန်းများတွင် ပြစ်မှုကျူးလွန်သူဟု သံသယရှိသူနှင့် တရားခံများကို စစ်ဆေးရာ၌ မိသားစုဝင်များ လာရောက်ကြည့်ရှုခွင့်ပြု

မြန်မာနိုင်ငံ အတွင်းရှိ ရဲစခန်းများတွင် ပြစ်မှုကျူးလွန်သူဟု သံသယရှိသူများနှင့် တရားခံများကို စစ်ဆေးရာ၌ မိသားစုဝင်များနှင့် စိတ်ပါဝင်စားသူများကို လာရောက်ကြည့်ရှုခွင့်ပြုရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေးဌာနမှ ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားသည်။

ယင်းကဲ့သို့ ပြစ်မှုကျူးလွန်သူဟု သံသယရှိသူများနှင့် တရားခံများကို အမှုစစ်ဆေးရာ၌ လာရောက်ကြည့်ရှုခွင့် ပြုရခြင်းမှာ ပွင့်လင်းမြင်သာမှု ရှိကြောင်းကို အများပြည်သူသိရှိရန် ရည်ရွယ်ကြောင်း သိရသည်။

အမှုစစ်အရာရှိ၏ အမှုစစ်ဆေးမှုကို CCTV မှတစ်ဆင့် တိုက်ရိုက်မှတ်တမ်းတင် ရိုက်ကူးထားရာ ရဲစခန်းအတွင်း ထားရှိသည့် တီဗွီသို့မဟုတ် ကွန်ပျူတာ ပရင်တာမှတစ်ဆင့် ကြည့်ရှုနိုင်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ "အခု တစ်နိုင်ငံလုံးမှာရှိတဲ့ ရဲစခန်းတွေမှာ အမှုစစ်တဲ့ အခန်းနဲ့ လာရောက်တိုင်ကြားတဲ့ နေရာတွေကို CCTV ကင်မရာတွေ တပ်ဆင်ရမယ်လို့ ညွှန်ကြားထားတယ်။ တပ်ဆင်မှု အပိုင်းကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က ဦးစီးပြီး ဆောင်ရွက်နေတယ်။ အချို့အမှုသည်တွေ၊ ပြစ်မှုကျူးလွန်တဲ့ သူတွေက တိုင်ကြားမှုတွေ ရှိနေတဲ့အတွက် CCTV ကင်မရာတွေကို တပ်ဆင်ရခြင်း ဖြစ်တယ်။ အဓိကကတော့ ပွင့်လင်းမြင်သာမှု ရှိတယ်ဆိုတာကို ပြသခြင်း ဖြစ်တယ်။ အမှုစစ်ဆေးနေတဲ့ အပိုင်းတွေကို မိသားစုဝင်တွေနဲ့ စိတ်ဝင်စားသူတွေက ရဲစခန်းမှာ CCTV ကင်မရာကနေတစ်ဆင့် ရိုက်ကူးထားတာကို အမှုစစ်ဆေးနေတဲ့ အချိန်နဲ့ တစ်ပြေးညီ လာရောက်ကြည့်လို့ ရပါတယ်" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က စက်တင်ဘာ ၃ ရက်နေ့ နံနက်က ပြောကြားသည်။

ပြည်သူများက အမှုလာရောက် တိုင်ကြားသည့် ဖြစ်စဉ်အချို့တွင် ရဲတပ်ဖွဲ့မှ အမှုမဖွင့်ပေးခြင်းနှင့် ကျူးလွန်သူဟု ယူဆရသူနှင့် တရားခံများကို ရဲတပ်ဖွဲ့က စစ်ဆေးရာ၌ ညှဉ်းပန်းနှိပ်စက်မှုများ ရှိနေသည်ဟု ပြည်သူအချို့က သက်ဆိုင်ရာ အသီးသီးသို့ တိုင်ကြားပြီးနောက် ရဲစခန်း အားလုံးတွင် CCTV ကင်မရာများ တပ်ဆင်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ 

မလေးရှားနိုင်ငံတွင် အဖမ်းခံရသည့် မြန်မာများကို မြန်မာသံရုံးမှ စစ်ဆေးပြီး ပြည်တွင်းသို့ ပြန်လည်ခေါ်ယူရန် စီစဉ်

မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်သမားများကို အထူးစီမံချက်ဖြင့် နိုင်ငံအနှံ့ ပိုက်စိပ်တိုက် ဖမ်းဆီးနေမှုကြောင့် တရားမ၀င် သွားရောက်အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံနေရသဖြင့်  မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ စစ်ဆေးကာ ပြည်တွင်းသို့ ပြန်လည်ခေါ်ဆောင်ရန် စီစဉ်နေကြောင်း စက်တင်ဘာ ၄ ရက်နံနက်က နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသာအောင်ညွန့်က The Daily Eleven သို့ ပြောကြားသည်။  

ယင်းကဲ့သို့ မလေးရှားနိုင်ငံအတွင်း တရားမ၀င် အလုပ်သမားများကို အထူးစီမံချက်ဖြင့် ဖမ်းဆီးနေမှုကြောင့် မြန်မာနိုင်ငံသားများ အပါအ၀င် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေရှ့်၊ နီပေါ၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား စသည့်နိုင်ငံများမှ တရားမ၀င် အလုပ်သမားများ ဖမ်းဆီးခံနေရကြောင်း သတင်းရရှိသည်။

မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင် နေမှုများကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားဦးရေ ၅၅၀ ၀န်းကျင်ခန့် ရှိနေသည်ဟု သတင်းရရှိထားသော်လည်း ယခုအချိန်အထိ (စက်တင်ဘာ ၄ ရက် နံနက် ၁၁ နာရီ) မလေးရှားနိုင်ငံရှိ မြန်မာသံရုံးသို့ မလေးရှားနိုင်ငံ သက်ဆိုင်ရာဌာနမှ တရားဝင် အကြောင်းကြားမှု မရှိသေးကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သိရသည်။

"အခု မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အများအပြား အဖမ်းခံရနေတယ် ဆိုတာကို သတင်းရရှိထားတယ်။ အချို့ အဖမ်းခံရတဲ့ နိုင်ငံခြားသားတွေကလည်း မြန်မာနိုင်ငံသား ဖြစ်တယ်ဆိုပြီး လိမ်ညာပြောဆိုမှုတွေ ရှိနေတဲ့အတွက် အဖမ်းခံနေရတဲ့ မြန်မာတွေအားလုံးက မြန်မာနိုင်ငံသားတွေ ဟုတ်မဟုတ်ဆိုတာကို မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကနေတစ်ဆင့် စစ်ဆေးသွားမယ်။ တချို့ကိစ္စတွေမှာလည်း ကိုယ့်လိုအင်ဆန္ဒအတိုင်း အားလုံးမပြည့်နိုင်ဘူး။ သူတို့နိုင်ငံမှာလည်း သူတို့ဥပဒေတွေ၊ စည်းကမ်းချက်တွေ ရှိတယ်။ သူတို့ဥပဒေအတိုင်း စည်းကမ်းဖောက်ဖျက်တဲ့ သူတွေက ခံယူပြီးရင်တော့ မြန်မာနိုင်ငံကို ပြန်လာချင်တဲ့ မြန်မာနိုင်ငံသားတိုင်း အဆင်ပြေစွာ အခမဲ့ ပြန်လာနိုင်ဖို့ကို စီစဉ်နေပါတယ်" ဟု စက်တင်ဘာ ၄ ရက် နံနက်က နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသာအောင်ညွန့်က ဆိုသည်။

ယင်းကဲ့သို့ စီစဉ်နေမှုကို နိုင်ငံခြားရေး ၀န်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ ပါဝင်ကြောင်း သတင်းရရှိသည်။

"သမီးဖြစ်တဲ့သူက အရင်တစ်ခေါက်တည်းက ပြန်လာချင်နေပေမယ့် အလုပ်ရှင်နဲ့ ချုပ်ထားတဲ့ စာချုပ်သက်တမ်းက မပြည့်သေးလို့ဆိုပြီး ပြန်မလာခဲ့ရဘူး၊ အခု မလေးမှာ ဖမ်းဆီးမှုတွေ ရှိနေတယ်ဆိုတဲ့ အခါကျတော့ သမီးမှာ ထွက်ပြေးနေရတယ်။ အခု အဖမ်းခံရတဲ့ သူတွေကို ကြိမ်ဒဏ်တွေ ပေးနေတယ်လို့ သတင်းကြားနေရတယ်။ မိန်းကလေးဆိုတော့ အရမ်းကို စိတ်ပူမိတယ်။ ဖြစ်နိုင်ရင် သမီးကို မြန်မာနိုင်ငံဆီ အမြန်ဆုံး ပြန်ရောက်ချင်နေပါပြီ" ဟု မလေးရှားနိုင်ငံ ကပုန်းမြို့တွင် အလုပ်လုပ်နေသည့် အမျိုးသမီးတစ်ဦး၏ အမေဖြစ်သူ ဒေါ်မြင့်မြင့်သိန်းက ပြောပြသည်။ 

မြန်မာနိုင်ငံတွင် Mobile Banking စနစ် စက်တင်ဘာလအတွင်း စတင်အသုံးပြုနိုင်မည်

မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေပေးချေနိုင်သည့် Mobile Banking စနစ်အား မြန်မာနိုင်ငံရှိ ပြည်တွင်းပုဂ္ဂလိက ဘဏ်များ၌ စက်တင်ဘာလအတွင်း စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။

အဆိုပါ မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေပေးချေနိုင်သည့် Mobile Banking စနစ်အား ပြည်တွင်း၌ အသုံးပြုနိုင်ရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် အဆင့်ဆင့် ဆောင်ရွက်ချက်များဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး စီးပွားရေးရာ ကော်မတီသို့ တင်ပြထားပြီး စီးပွားရေးရာ ကော်မတီမှတစ်ဆင့် နောက်ဆုံးအဆင့် အနေဖြင့် Cabinet အဖွဲ့သို့ တင်ပြထားကာ အဆိုပါအဖွဲ့မှ ခွင့်ပြုချက် ရသည့်အခါ ပြည်တွင်းပုဂ္ဂလိက ဘဏ်များအနေဖြင့် စတင်လုပ်ကိုင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

"ဆရာတို့အနေနဲ့ ဒီစနစ်ကို လုပ်ကိုင်နိုင်ဖို့အတွက် အဆင့်ဆင့် တင်ပြထားပြီးပါပြီ။ နောက်ဆုံးအဆင့် အနေနဲ့ Cabinet အဖွဲ့ကို တင်ပြထားပါတယ်။ ဒီစက်တင်ဘာလ အတွင်းမှာပဲ အသုံးပြုနိုင်အောင် စီစဉ်ဆောင်ရွက် နေပါတယ်" ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေပေးချေနိုင်သည့် စနစ်အား လုပ်ကိုင်နိုင်ရန်အတွက် ပြည်တွင်းပုဂ္ဂလိက ဘဏ်များအနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ တင်ပြထားပြီး တင်ပြထားသည့် ဘဏ်များမှာ ပထမပုဂ္ဂလိကဘဏ် လီမီတက်၊ သမ၀ါယမဘဏ် လီမိတက်၊ အင်းဝဘဏ် လီမီတက်နှင့် မြ၀တီဘဏ်တို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် Mobile Banking လုပ်ငန်း လုပ်ဆောင်နိုင်ရန်အတွက် မိုဘိုင်းဘဏ် လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက် ဒုတိယမူကြမ်းကို ဘဏ်များသို့ (၂၄.၁၂.၂၀၁၂) တွင် ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ရာတွင် မိုဘိုင်းဘဏ်လုပ်ငန်း ဆောင်ရွက်ရန် အသင့်ဖြစ်နေသည့်ဘဏ်မှာ အနည်းငယ်သာရှိပြီး ယင်းဘဏ်များကိုလည်း မိုဘိုင်းဘဏ်လုပ်ငန်း ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အကြောင်းကြားထားကြောင်း သိရသည်။

ထို့ပြင် Mobile Banking လုပ်ကိုင်ဆောင်ရွက်ပါက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ Network ကို သုံးစွဲသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် နည်းပညာပိုင်းဆိုင်ရာ ကွန်ရက်ချိတ်ဆက်နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခြင်းများအပြင် Software နှင့် Hardware တို့ကို ကိုင်တွယ်အသုံးပြုနိုင်ရန်အတွက် ဘဏ်ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးခြင်း၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် Partner များအား Agent သင်တန်းများ လေ့ကျင့်ပေးလျက် ရှိသည်။

ဆီးရီးယားကို တိုက်ခိုက်မယ့်အစီအစဉ် အမေရိကန်လူထုသဘောမတူ

ဓာတုလက်နက်တွေ အသုံးပြုခဲ့တယ်ဆိုပြီး ဆီးရီးယားအပေါ် စစ်ရေးအရ အရေးယူဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barak Obama) နဲ့ ထိပ်တန်းလွှတ်တော် အမတ်တချို့က အခိုင်အမာ ထောက်ခံနေကြပေမဲ့ အမေရိကန် လူထုက လက်ခံအောင် လုပ်ဖို့တော့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

Washington Post သတင်းစာနဲ့ ABC News ရုပ်သံဌာနတို့ရဲ့ လူထုစစ်တမ်း မှာတော့ ဆီးရီးယား အစိုးရကို မစ်ဇိုင်းဒုံးပျံတွေနဲ့ တိုက်ခိုက်မယ့် အစီအစဉ်ကို ဆန့်ကျင်သူ ၅၉ ရာခိုင်နှုန်းနဲ့ ထောက်ခံသူက ၃၆ ရာခိုင်နှုန်းသာ ရှိနေတာကို
တွေ့ခဲ့ရတာပါ။

ဗြိတိန်နဲ့ ပြင်သစ်တို့လို တခြားမဟာမိတ် နိုင်ငံတွေနဲ့အတူ လေကြောင်း ထိုးစစ်ဆင်မယ် ဆိုရင်တော့ ထောက်ခံသူက ၄၆ ရာခိုင်နှုန်း ရှိပါတယ်။ ထင်ရှားတဲ့ Pew သုတေသနဌာနရဲ့ စစ်တမ်းမှာတော့ လေကြောင်းက တိုက်ခိုက်မှုကို ကန့်ကွက်သူ ၄၈ ရာခိုင်နှုန်းနဲ့ ထောက်ခံသူ ၂၉ ရာခိုင်နှုန်းသာ ရှိနေတာပါ။

စစ်တမ်းကောက်ခံမှုရဲ့ ၇၄ ရာခိုင်နှုန်းကတော့ လေကြောင်း ထိုးစစ်တွေကြောင့် အမေရိကန် ဆန့်ကျင်တဲ့အမြင်တွေ ပေါ်ပေါက်နိုင်တယ်လို့ မြင်ကြသလို၊ ၆၁ ရာခိုင်နှုန်းကတော့ အမေရိကန်အနေနဲ့ စစ်ပွဲမှာ ရေရှည်ပါဝင်သွားရမယ့် အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့ ယူဆကြပါတယ်။

စစ်တမ်း ၂ ခုစလုံးကိုတော့ စစ်ရေးအရ အရေးယူမယ့် အစီအစဉ်တွေကို ထောက်ခံမှုရအောင် သမ္မတ အိုဘားမားနဲ့ ထိပ်တန်း အစိုးရအရာရှိတွေ နောက်ဆုံးအကြိမ် ကြိုးပမ်းခဲ့တဲ့ အချိန်မတိုင်မီ သြဂုတ်လ ၂၉ ရက်နေ့ကနေ စက်တင်ဘာလ ၁ ရက်နေ့အတွင်း လူပေါင်း ၁ ထောင်ကျော်ရဲ့ သဘောထားတွေကို အခြေခံစစ်တမ်း ကောက်ယူထားတာ ဖြစ်ပါတယ်။