Wednesday, August 8, 2012

ကျောက်တော်မြို့နယ်မှာ မီးရှို့မှုဆက်လက်ဖြစ်ပွား



2012-08-07
ရခိုင်ပြည်နယ် ကျောက်တော်မြို့ရဲ့ တောင်ဘက် မိုင်(၂၀) အကွာက အိမ်ခြေ (၁၅၀) ခန့်ရှိတဲ့ အင်ဘာရီရွာမှာ ဒီကနေ့ မနက် (၁၁) နာရီလောက်က နေအိမ်မီးရှို့မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး နေအိမ် (၁၀၀) ကျော်ခန့် မီးလောင် ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်အရေး အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့ရန် မလိုဟု ဒေါက်တာ အေးမောင်ပြော


ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း မလိုကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောသည်။


စတီးစတုန်း ကုမ္ပဏီနဲ့ အာဏာပိုင်တွေ ပူးပေါင်းပြီး မြေဧကပေါင်း ၈၀၀ ကို သိမ်းယူလိုက်ကြ လယ်အသိမ်းခံရသူ လယ်သမား



ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်ကို ထပ်မံသွားရောက်



တရုတ်ငွေဈေးနှင့်အတူ လိုင်စင်မဲ့ဆိုင်ကယ်တန်ဖိုးမြင့်တက်


တရုတ်ငွေဈေးအနည်းငယ်တက်မှုကြောင့် ပြင်ဦးလွင်မြို့တွင် လိုင်စင်မဲ့ဆိုင်ကယ်ဝယ်လိုအားမရှိသော်လည်း ဈေးနှုန်းမြင့်တက် လျှက်ရှိကြောင်း ဆိုင်ကယ်ပွဲစားများထံက သိရသည်။

အရစ်ကျ ငွေပေးစနစ်ဖြင့် ရောင်းချသော မိုဘိုင်းဖုန်း ၀ယ်ယူသူနည်းပါးသောကြောင့် ငွေပေးသွင်းရမည့်နှုန်းများပြင်ဆင်


အစိုးရဝန်ထမ်းများအား အရစ်ကျငွေပေးချေစနစ်ဖြင့် ချထားပေးလျှက်ရှိသော မိုဘိုင်းဖုန်းများအား ၀ယ်ယူသူနည်းပါးသောကြောင့်စက်တင်ဘာလဆန်းပိုင်းမှစ၍ ငွေပေးသွင်းရမည့် နှုန်းထားများအား လစာအလိုက် လျှော့ချသတ်မှတ်လိုက်ကြောင်း  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။

မီတာတပ်ဆင်ရာတွင် ပိုမိုပေးဆောင်နေရသောကြောင့် စိန်ကမ်းလန့်ရွာသားများဝေဖန်


ပဲခူးတိုင်းဒေသကြီး၊မင်းလှမြို့ စိန်ကမ်းလန့်ကျေးရွာတွင် လျှပ်စစ်မီးရရှိရန် မီတာလျှောက်ထားသူများအနေဖြင့် သတ်မှတ်နှုန်းထားထက် ပိုမိုပေးဆောင်နေရသောကြောင့်ဝေဖန်မှုများရှိလာကြောင်း ဒေသခံများထံက သိရှိရသည်။

မိုးခေါင်၍ရွှေဘိုခရိုင်တွင် မိုးကြိုစပါးထွက်နှုန်း သိသိသာသာကျဆင်း


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် မိုးခေါင်၍ ဆည်ရေအားကိုး စိုက်ပျိုးသည့်   တောင်သူ အနည်းငယ်သာရှိသည့်အတွက် ယခင်နှစ်များထက် မိုးကြိုစပါး ထွက်နှုန်း သိသိသာသာလျော့နည်းလာကြောင်း သိရှိရသည်။

အဆိုပါဒေသတွင် မိုးခေါင်သောကြောင့် လယ်သမားများ မိုးကြိုစပါးစိုက်ပျိုးချိန် နောက်ကျခဲ့ရပြီး ပျိုးကြဲချိန်တွင်လည်း မျိုးစပါးများကြွက်စားခံရသောကြောင့် ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ယခုကဲ့သို့စပါးထွက်နှုန်းလျော့နည်းလာခြင်းဖြစ်သည်။

ထုတ်ဝေခွင့်ရပ်ဆိုင်းခဲ့သည့် သတင်းဂျာနယ်(၂)စောင်အား စီစစ်ရေးက ပြန်လည်ခွင့်ပြု


အကန့်အသတ်မရှိ ထုတ်ဝေခွင့်အပိတ်ပင်ခံထားရသော သတင်းဂျာနယ်နှစ်စောင်အား သြဂုတ်လ(၆) ရက်နေ့တွင် စာပေစီစစ်နှင့်မှတ်ပုံတင်ဌာနက ပြန်လည်ထုတ်ဝေခွင့်ပြုလိုက်ပြီဖြစ်သည်။

ဗောဓိရေကာတာမှာ အခြားအန္တရာယ်မကြုံရပါက စိုးရိမ်ဖွယ်မရှိဟုအင်ဂျင်နီယာရုံးမှ တုံ့ပြန်


င၀န်မြစ်ရေသည် ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့တွင်စိုးရိမ်ရေမှတ်အထက် (၂)ပေ ကျော်လွန် နေသဖြင့်   မြို့အနီးရှိ ဗောဓိရေကာတာကျိုးပေါက်မည်ကို ငါးသိုင်းချောင်းမြို့ခံများ စိုးရိမ်ထိတ်လန့်နေ ကြသည်။

ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့အနီးရှိ အရှည် ၇၄ မိုင်ရှိသောင၀န်မြစ်ထိန်း ဗောဓိရေကာ တာတွင် ရေများပြည့်နေပြီး တာအား ၂၄ နာရီစောင့်ကြပ်ကြည့်ရှုနေရသည့် အနေအထားသို့ ရောက်ရှိနေသည်။

ကားနှင့်ပတ်သက်သော ဘာသာရပ်ဆိုင်ရာတက္ကသိုလ် ဂျပန်နှင့်ပူးပေါင်းဖွင့်လှစ်မည်


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ဂျပန်ကားကုမ္ပလီမိတက်( Japan car co.ltd ) နှင့် ပူးပေါင်း၍ရန်ကုန်မြို့တွင် ကားနှင့်ပတ်သတ်သည့်ဘာသာရပ်ဆိုင်ရာတက္ကသိုလ်တစ်ခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင် စာသင်ကျောင်းများ ပြုပြုရေး ဂီတရန်ပုံငွေပွဲ ကျင်းပမည်

ရန်ကုန် (မဇ္ဈိမ)။   ။ ရခိုင်ပြည်နယ်တွင်း လူမှုအဖွဲ့ပဋိပက္ခများကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းများ
ပြန်လည်ပြုပြင်ရေးနှင့် သင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့ရေး အတွက် ရန်ပုံငွေ စင်တင် တေးဂီတပွဲ တခုကို သြဂုတ်လ ၁၉ ရက်နေ့တွင် အမျိုးသား ကဇာတ်ရုံ၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။

ပြန်ကြားရေး ဝဘ်ဆိုဒ်တွင် ဟက်ကာတို့ ခြိမ်းခြောက်စာ ဝင်ရေးသွား

ရန်ကုန် (မဇ္ဈိမ) ။        ။ ပြန်ကြားရေးဝန်ကြီးဌာန၏ အင်တာနက် ဝဘ်ဆိုက် စာမျက်နှာအား အင်္ဂါနေ့နံနက်မှ စတင်၍ ဟက်ကာများက ဝင်ရောက်တိုက်ခိုက်ကာ ခြိမ်းခြောက်စာများ ရေးသားခဲ့ပြီး ဝက်ဆိုဒ်မှာ နာရီအတော်ကြာ ဝင်ရောက်
ကြည့်ရှုမရဘဲ ဖြစ်သွားခဲ့ရသည်။
imfo

ရခိုင်ဒုက္ခသည်များအတွက် ကိုရီးယားမှ ဒေါ်လာ နှစ်သိန်းခွဲဖိုး လှူဒါန်း

ရန်ကုန် (မဇ္ဈိမ) ။       ။ ရခိုင်ဒေသတွင်းရှိ ဒုက္ခသည်များအတွက် တောင်ကိုရီးယားအစိုးရမှ အမေရိကန်ဒေါ်လာ ၂၅ဝ,ဝဝဝ တန်ဖိုးရှိ ယာယီတဲအိမ် အလုံး ၇ဝဝ နှင့် တာပေါ်လင် ၇ဝဝ ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးများရုံး (UNHCR) သို့ အင်္ဂါနေ့က လှူဒါန်းလိုက်သည်။

ညောင်လေးပင်နှင့် ကဝမြို့နယ် စပါးစိုက်ဧက တသောင်းကျော် ရေနစ်မြုပ်

ချင်းမိုင်(မဇ္စျိမ) ။       ။ မိုးများ အဆက်မပျက် ရွာသွန်းမှုကြောင့် ပဲခူးတိုင်း၊ ညောင်လေးပင်နှင့် ကဝမြို့နယ်တို့ရှိ စပါးစိုက်ဧက သောင်းနှင့်ချီ၍ ရေနစ်မြုပ်လျက်ရှိကာ ပျက်စီးဆုံးရှုံးကုန်မည်ကို လယ်သမားများက စိုးရိမ်ပူပန်လျက် ရှိကြသည်။

ညောင်လေးပင်မြို့နယ်မှာပင် ကျေးရွာ ၂ဝ ကျော်မှ စပါးစိုက်လယ်ဧက ၁ဝ,ဝဝဝ ကျော် ရေနစ်မြုပ်နေသည်ဟု လယ်သမားတဦးက ပြောသည်။