Tuesday, August 7, 2012
မြို့သစ်မြေဈေး လျော့ရောင်းနေရချိန်မြို့တွင်း၌အိမ်ခြံမြေဈေး ဆက်လက်မြင့်တက်
မန္တလေးမြို့သစ်မြို့နယ်များမှ ငွေပေါ်လိုသူလုပ်ငန်းရှင်များအနေဖြင့်အိမ်မြေခေါ်ဈေးလျော့ချရောင်းနေရချိန်တွင်မြို့တွင်း၌စီးပွားရေးအခြေတကျလုပ်ကိုင်လိုသူများကြောင့် အိမ်ခြံမြေဈေးနှုန်း များမှာ ဆက်လက်မြင့်တက်လျှက်ရှိကြောင်း မန္တလေးအိမ်ခြံမြေအကျိုးဆောင်များထံက သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့မှတ်တမ်းရုပ်ရှင်အကြောင်း သေချာတာတွေပဲပြောချင်တဲ့မင်းထင်ကိုကိုကြီးနှင့် တွေ့ဆုံခြင်း
မင်းထင်ကိုကိုကြီးသည် အင်းသီးမှတ်တမ်းရုပ်ရှင်ဖြင့် ၂ဝ၁ဝခုနှစ်၊အောက်တိုဘာလအတွင်း ဗီယက်နမ်နိုင်ငံတွင် ပြုလုပ်သည့် Festival of Photos, Reportage Film and Documentary Film on the Countries and People in ASEAN တွင် Best Documentary ၂ဝ၁ဝ အမျိုးအစားအတွက်ဒုတိယဆု ရရှိထားသည့် ဒါရိုက်တာတစ်ဦးဖြစ်ပြီး မြန်မာ့ဗီဒီယိုလောကတွင်လည်းနာမည်ကျော်ဇာတ်ကားများစွာ ဖန်တီးပုံဖော်နေသူတစ်ဦးလည်းဖြစ်သည်။
လာမည့်နှစ်ကျောင်းကားဈေးကွက်သို့ ဝင်ရောက်ရန် ဂျပန်မီနီဘတ်စ်အစီး(၅ဝ)မှာယူ
၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်အတွင်း ရန်ကုန်မြို့ရှိ ကျောင်းသားများတွင် ဈေးနှုန်း သက်သာစွာဖြင့် ကျောင်းကြိုပို့ပေးနိုင်ရန် ဂျပန်နိုင်ငံမှမီနီဘတ်စ်ကားအစီးရေ (၅ဝ)ကို တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
ရက်ဆက်မိုးကြောင့် ဒဂုံမြို့အရှေ့ပိုင်းမြို့နယ်ရှိ ရွာ(၇)ရွာ ရေလွှမ်းခံနေရ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊မလှစ်အရှေ့ပိုင်းကျေးရွာအုပ်စုတွင်မိုးဆက်တိုက်ရွာသွန်းနေခြင်းကြောင့် ကျေးရွာ(၇)ရွာ ရေလွှမ်းမိုးမှုခံနေရကြောင်း သိရသည်။
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးစိန်ခေါ်ချက်အား ဖြေရှင်းနိုင်ဖို့လိုဟု မစ္စတာကွင်တားနားပြောကြား
မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအတွင်းအမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် လိုအပ်ကြောင်း မစ္စ္စတာကွင်တားနားက လေဆိပ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
တရုတ်ငွေဈေးတက်ချိန် မိုးတွင်းသုံးကားအလှဆင်ပစ္စည်းများ အရောင်းသွက်
ရန်ကုန်ကားအလှဆင်ပစ္စ္စည်းဈေးကွက်တွင် အခြားပစ္စ္စည်းများမှာအရောင်းအဝယ်မရှိသလောက်တည်ငြိမ်နေသော်လည်း မိုးတွင်းသုံးအလှဆင်ပစ္စည်းများမှာအရောင်းအဝယ်ဖြစ်ပေါ်လျှက်ရှိကြောင်းဈေးကွက်အတွင်းကသိရှိရသည်။
အိမ်ထောင်သည်အမျိုးသမီးများအနေဖြင့် အသက်ငယ်ရွယ်စဉ် ကလေးစောစောယူရန်လို
အသက်ကြီးမှအိမ်ထောင်ကျသူများအနေဖြင့် ကလေးယူရာတွင် အခက်အခဲများဖြစ်ပေါ်ပြီး အသက်အန္တရာယ်ရှိသည့် အုပ်စုအတွင်းသို့ရောက်ရှိနိုင်သဖြင့်ကလေးစောစောယူသင့်ကြောင်း ဆေးပညာရှင်များက အကြံပြုပြောဆိုကြသည်။
ကချင်ပြည်နယ်တွင် နာနတ်ဈေး ဆက်လက်မြင့်တက်ဖွယ်ရှိနေ
ကချင်ပြည်နယ်တွင် မိုးပြင်းထန်စွာ ရွာသွန်းနေခြင်းကြောင့် နာနတ်သီးများမှာ ယခင်နှစ်ထက် အထွက်နှုန်းကျဆင်းနေသဖြင့် ဈေးနှုန်းမြင့်တက်လျှက်ရှိကြောင်း သိရသည်။
ကွမ်းခြံများအတွင်း မြစ်ရေတိုး၍ကွမ်းဈေး(၄)ဆမြင့်တက်
ကွမ်းခြံစိုက်ပျိုးသည့်နေရာများတွင် မြစ်ရေနစ်မြှုပ်မှုကြောင့် ရန်ကုန်ရှိ ကွမ်းဈေးကွက်အတွင်း ကွမ်းဈေးနှုန်းမှာ (၂)လအတွင်း လေးဆခန့်အထိ မြင့်တက်လာကြောင်း သိရှိရသည်။
၇ လအတွင်း ရန်ကုန်တွင် ယာဉ်တိုက်မှုကြောင့် ၁၇၀ ဦး သေဆုံး
ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ်အတွင်း ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လကုန် အထိ ယာဉ်တိုက်မှု စုစုပေါင်း ၇၁၁ မှု ဖြစ်ပွားခဲ့ရာတွင် သေဆုံးသူ ၁၇၀ ဦးနှင့် ဒဏ်ရာရသူ ၁,၁ဝ၃ ဦးရှိခဲ့ကြောင်း ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့ရုံးမှ တာဝန်ရှိသူများက ဆိုသည်။
ငလျင်ဇုန်ပြ မြေပုံအား ၂ဝ၁၃ နှစ်ဆန်းတွင် နိုင်ငံတဝန်းလုံး ဖြန့်ချိမည်
ရန်ကုန် (မဇ္ဈိမ) ။ ။ ငလျင်ပြင်းထန်အားနှင့် လှိုင်းအရှိန် ကြာနိုင်ခြေတို့ကို ခန့်မှန်းတွက်ချက် ဖော်ပြထားသည့် ငလျင်ဇုန်ပြ မြေပုံအား မြန်မာနိုင်ငံ တဝန်းလုံးသို့ ၂ဝ၁၃ ခုနှစ်၊ ဧပြီလ မတိုင်မီ ဖြန့်ချိမည် ဖြစ်သည်။
Subscribe to:
Posts (Atom)



