Wednesday, June 27, 2012

 တရားမ၀င် ငါးဖမ်းဆီးသည့်အတွက် ဖမ်းဆီးထားသော ငါးများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းမည်

မြန်မာ့ပိုင်နက်ပင်လယ်ပြင်အတွင်း  ပြည်ပနိုင်ငံများမှ တရားမ၀င် ၀င်ရောက်ငါးဖမ်းဆီးသည့်အတွက် ဖမ်းဆီးထားသော ကျူနာငါးဖမ်းရေယာဉ်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှူးထံမှ သတင်းရရှိသည်။

 ဘယ်မောင်းအမျိုးအစား ကားများကိုသာ တင်သွင်းခွင့်ပြုသွားမည့် အဆိုကို လွှတ်တော်သို့ တင်သွင်းရန် စီစဉ်နေ

ဘယ်မောင်းကား အမျိုးအစားများကိုသာ နောက်ပိုင်းတွင် တင်သွင်းခွင့်ပြုရန် သတ်မှတ်ပေးသင့်သည့်အဆိုကို လွှတ်တော်သို့ တင်သွင်းရန်စီစဉ်ထားကြောင်း သတင်းရရှိပါသည်။ ဇွန်လ ၂၄ ရက်နေ့က ရန်ကုန်မြို့တွင် ကားအရောင်းပြခန်း လုပ်ငန်းရှင်အချို့နှင့် ကညနတာ ၀န်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များနှင့် ဆန္ဒပြပွဲများ၊ ဆန္ဒပြမှုဖြစ်စဉ်များတွင် လူထုနှင့် ထိတွေ့ဟောပြောခြင်း၊ မီဒီယာများနှင့် တွေ့ဆုံပြောကြားခြင်း၊ သဘောထား ထုတ်ပြန်ခြင်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများသို့ အကြောင်းကြားစာ ပေးပို့

ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များနှင့် ဆန္ဒပြပွဲများ၊ ဆန္ဒပြမှုဖြစ်စဉ်များတွင် လူထုနှင့် ထိတွေ့ဟောပြောခြင်း၊ မီဒီယာများနှင့် တွေ့ဆုံပြောကြားခြင်း၊ သဘောထား ထုတ်ပြန်ခြင်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများသို့ အကြောင်းကြားစာ ပေးပို့
ရခိုင်ပြည်နယ်ရှိ အချို့သော ဒေသများတွင် ဆူပူအကြမ်းဖက်မှုများကြောင့် ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးရခြင်း ဖြစ်စဉ်များနှင့် နိုင်ငံတော်၌ လျှပ်စစ်မီး ပြတ်တောက်မှုအတွက် ဆန္ဒပြပွဲများ၊ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုများကြောင့်

မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
2012-06-26
မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံကြဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပြီး တချိန်တည်းမှာ ဒီမိုကရေစီ နည်းလမ်းကျကျ ရင်းနှီးမြှုပ်နှံဖို့လည်း ဆော်သြလိုက်ပါတယ်။
AFP

ကချင် ဒုက္ခသည် ပြန်လွှတ်မှု တရုတ်ငြင်းဆို

ကချင် ဒုက္ခသည် ပြန်လွှတ်မှု တရုတ်ငြင်းဆို
2012-06-26
ကချင်ပြည်နယ်တွင်း စစ်ရေး ပဋိပက္ခတွေကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို ထွက်ပြေးခိုလှုံနေကြတဲ့ ကချင်တိုင်းရင်းသား စစ်ပြေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနေတာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟုန်လီက သတင်းစာရှင်းလင်းပွဲ မှာ ပြောဆိုလိုက်ပါတယ်။

မြေသိမ်းခံ လယ်သမားများ မရွှေ့ပြောင်း၍ တရားစွဲခံရ

နယူးဒေလီ (မဇ္ဈိမ) ။      ။ စီမံကိန်းနယ်မြေအတွင်း ကျရောက်၍ လယ်ယာမြေ အသိမ်းခံရသော်လည်း ဖယ်မပေးကြ သည့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွာသစ်ကျေးရွာရှိ လယ်သမား ၁၂ ဦးအား စည်ပင်သာယာဥပဒေဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာဟု ရှမ်းမူးယစ်စောင့်ကြည့်ရေးအဖွဲ့ ပြော

ချင်းမိုင်(မဇ္စျိမ) ။       ။ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များအတွင် ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာနေသဖြင့် အစိုးရ၏ မူးယစ်ဆေးဝါး ပပျောက်ရေးသည်မှာ အတုအယောင်သာ ဖြစ်နေသည်ဟု ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့် လေ့လာရေး အဖွဲ့က ယနေ့ ဇွန် ၂၆ ရက်နေ့မှာ ပြောဆိုလိုက်သည်။

တရုတ်ပြည်ရှိ ကချင်စစ်ပြေးဒုက္ခသည်များ အခက်အခဲ အစီရင်ခံစာ

ဘန်ကောက် (မဇ္ဈိမ) ။        ။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံမှ ကချင် စစ်ပြေး ဒုက္ခသည်များ ရင်ဆိုင်နေရသည့် အခက်အခဲများကို ရေးသားထားသည့် ‘ယူနန်ပြည်မှာ အထီးကျန်’ Isolated in Yunnan အမည်ရ အစီရင်ခံစာ တစောင်ကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW မှ ထုတ်ပြန်လိုက်သည်။

ရွေးကောက် တင်မြှောက်ပုံစနစ် ပြောင်းလဲရန် ၁၀ ပါတီ ဆွေးနွေး

ရန်ကုန် (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် ရွေးကောက် တင်မြှောက်ပုံ စနစ်သည် မဲဆန္ဒရှင် အားလုံး၏ ဆန္ဒကို ကိုယ်စားမပြုဘဲ ဖြစ်နေ၍ လာမည့်ရွေးကောက်ပွဲများတွင် ‘အချိုးကျ ကိုယ်စားပြုစနစ်’ကို ပြောင်းလဲ အသုံးပြုသင့်ကြောင်း အင်္ဂါနေ့တွင် ပြုလုပ်သည့် ဒီမိုကရေစီမိတ်ဆွေပါတီများ အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီမှ ဦးဆောင်၍ တင်ပြခဲ့သည်။

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သည်ကြီးများ ကုန်သွယ်ရေး စာချွန်လွှာပို့

နယူးဒေလီ (မဇ္ဈိမ) ။       ။ နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်နိုင်ရန်အတွက် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သည်ကြီးများ သမဂ္ဂမှ တောင်းဆိုချက် ကိုးချက်ပါသော စာချွန်လွှာတစောင်ကို မဏိပူရပြည်နယ် ဝန်ကြီးချုပ်နှင့် ကုန်သွယ်ရေး ဌာနများသို့ ပေးပို့လိုက်သည်။

ဒေါ်လာ တန်ဖိုးတက်၊ ၀ယ်သူ များ၍ ငွေလဲ လှယ်ရေး ကောင်တာ များ စောပိတ်

ငွေလဲကောင်တာ များက ရောင်းချပေး နေသော ငွေလဲနှုန်း ဈေးနှင့် ပြင်ပပေါက် ဈေးတွင် ဖြစ်ပေါ်နေ သော
 ငွေလဲနှုန်း ဈေးမှာ ဇွန်လ ၂၆ ရက်က တစ်ဒေါ် လာလျှင် ရှစ်ကျပ် ခန့်ထိ ဈေးကွာ လာသည်။

လူငယ် တစ်ဦး အန်ခြင်းနှင့် ၀မ်းသွား ခြင်းတို့မှ ရှစ်ရက် အတွင်း သံချောင်း ၁၂၀ ခန့် ထွက်ကျ လာဟုဆို

လူငယ် တစ်ဦး၏ အန်ခြင်းနှင့် မစင်စွန့် ခြင်းတို့မှ သံချောင်းများ ထွက်လာသည့် ထူးခြားဖြစ်စဉ် တစ်ခု ရွှေပြည်သာ မြို့နယ်တွင် ဖြစ်ပွားနေ ကြောင်းသိရသည်။

ဝန်ကြီး ဦးအောင်မင်း တရက်တည်းနှင့် တွေ့ဆုံဆွေးနွေးမှု ငါးခုလုပ်


မဲဆောက်မြို့ပြင်ရှိ မယ်တော်ဆေးခန်းသို့ သွားရောက်ကြည့်ရှုခဲ့ပြီးနောက် ဝန်ကြီး ဦးအောင်မင်းနှင့် ဝန်ကြီး ဦးခင်ရီတို့ ဦးဆောင်သည့် ၇ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် Wattana Village Resort တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ အတိုက်အခံ အဖွဲ့ လေးခုအား သီးခြားစီ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ တွေ့ဆုံမှုအများစုမှာ အလွတ်သဘော တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။

UK က မြန်မာ ဘုန်းတော်ကြီးတွေကို ဒေါ်အောင်ဆန်းစုကြည် နေ့ဆွမ်းကပ်

UK က မြန်မာ ဘုန်းတော်ကြီးတွေကို ဒေါ်အောင်ဆန်းစုကြည် နေ့ဆွမ်းကပ်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆရာတော် ဦးဥတ္တရ အပါအဝင်

မအူပင်မြို့နယ်မှာ သောင်မြေလု

မအူပင်မြို့နယ်မှာ သောင်မြေလု
ဧရာဝတီတိုင်း မအူပင်မြို့နယ် မီးသွေးချောင်း ကျေးရွာအုပ်စုပိုင် သောင်မြေရဲ့၅၀% ကျော်ကို ရွှေဖလားကျွန်း ကျေးရွာပိုင် ဆိုပြီးတော့
လာရောက် မြေတိုင်း၍ သက်မှတ် သွားတာကြောင့် ဒေသခံ ရွာသားတွေမှာ မကျေ မနပ် ဖြစ်နေ ကြပါတယ်။ ဒေသခံ ရွာသားတွေကို