မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၈ရက်မှ ၂၀ အထိ နှစ်ရက်ကြာလာရောက်သည့်
ဆွစ်ဇာလန် စီးပွားရေးရာ ဒုတိယ၀န်ကြီး၏ ခရီးစဉ်အတွင်း ကတိပြုခဲ့သည်ဟု
ဆိုသည်။
ယခုနှစ်ကုန်ပိုင်းတွင်း စတင်ကူညီမည်ဖြစ်ပြီး အထည်ချုပ်လုပ်ငန်းရှင်များ အသင်းနှင့် သဘောတူညီချက် ရယူထားသည်။
အထည်အလိပ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် မဟာဗျူဟာ ချမှတ်နိုင်ရေးအတွက် ကူညီမည်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO)နှင့်ပူးပေါင်း ကူညီမည်ဖြစ်ပြီး အလုပ်သမားရေးရာများကိုပါ ဆောင်ရွက်မည်ဖြစ်သည်။
Friday, November 22, 2013
ပြုပြင်နေသည့် အစ္စလာမ် ဘာသာရေးကျောင်းကို ပြန်လည်စိစစ်ရန် သံဃာ ၁၀၀ ကျော် တောင်းဆို
သင်္ကန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းရှိ
“အစ္စလာမ့်လင်းရောင်ခြည်”ဘာသာရေးကျောင်းကို မြို့တော်စည်ပင်
ခွင့်ပြုချက်ဖြင့် ပြန်လည်ပြင်ဆင်ဆောက်လုပ်နေခြင်းအား မူလအကျယ်အဝန်း ဟုတ်၊
မဟုတ် ပြန်လည်စိစစ်ပေးရန် သံဃာအပါး ၁၂၀ ခန့်က သင်္ကန်းကျွန်းမြို့နယ်၊
လေးထောင့်ကန်လမ်းရှိ ရန်ကုန်အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးရုံးသို့
နိုဝင်ဘာ ၂၂ ရက်နေ့လည်ပိုင်းက ချီတက်တောင်းဆိုကြသည်။
Thursday, November 21, 2013
ကုလဆုံးဖြတ်ချက် ဗြိတိန်ကြိုဆို
နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ
တတိယကော်မတီ အစည်းအဝေးအတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ
ဆုံးဖြတ်ချက်အပေါ် ဗြိတိန် အစိုးရ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးဝန်ကြီး Hugo
Swire က ကြေချက်ထုတ်ပြန် ကြိုဆိုလိုက်ပါတယ်။
ကုမ္ပဏီဘက်မှ အခြေခံလစာ တိုးပေးသော်လည်း အလုပ်သမားများက ဆန္ဒပြရက်များကိုပါ လစာပေးစေလိုသည့်အတွက် ပြေလည်မှုမရသေး
ရန်ကုန်၊ မဇ္ဈိမ။ ။ အီလန်မြန်မာ ဆန္ဒပြအလုပ်သမားများကို
ရရှိပြီးသား အခြေခံလစာအပေါ် ထပ်မံ၍ ကုမ္ပဏီဖက်မှ တစ်သောင်း
တိုးပေးလိုက်သော်လည်း အလုပ်သမားများက ၎င်းတို့ ဆန္ဒပြခဲ့သည့်ရက်များအတွက်
ရက်ပျက်ကြေး ထပ်မံလိုချင်သည်ဟုဆိုသောကြောင့် နိုဝင်ဘာ ၂၁ ရက်ထိ ညှိုနှိုင်းမှု
အဆင်မပြေဖြစ်နေဆဲဖြစ်သည်။
တက္ကသိုလ်၊ ကောလိပ်များတွင် အဆောင်ပြန်ထားမည်
၂၀၁၃ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်မည့်
ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်များ၊ ကောလိပ်များတွင် တက်ရောက်မည့်
ကျောင်းသားများအတွက် တက္ကသိုလ်အဆောင်များ ပြန်လည်ထားရှိပေးတော့မည် ဖြစ်သည်။
လက်ပံတောင်းအရေးလှုပ်ရှားသူ ဒီငြိမ်းလင်းနှင့် မိုဃ်းသွေးအပါဝင် သုံးဦးကို ပုဒ်မ ၁၈ ဖြင့် ထောင်တစ်လချမှတ်
ရန်ကုန်၊ မဇ္ဈိမ။ ။ လက်ပံတောင်းတောင် သပိတ်စခန်း
အကြမ်းဖက်ဖြိုခွဲမှု ဖြစ်ပွားပြီးနောက် ရန်ကုန်မြို့တွင်
ငြိမ်းချမ်းစွာတန်းစီလှည့်လည် ဆန္ဒဖ်ာထုတ်ခဲ့သော ကိုဒီငြိမ်းလင်း နှင့်
ကိုမိုဃ်းသွေးအပါဝင် သုံးဦးကို ကြည့်မြင်တိုင်မြို့နယ် တရားရုံးမှ
နိုဝင်ဘာလ ၂၁ရက်တွင် ပုဒ်မ ၁၈ဖြင့် ထောင်ဒဏ် တစ်လစီ ချမှတ်ခဲ့လိုက်ကြောင်း
Generation Wave အဖွဲ့က ကိုဘိုဘိုက နိုဝင်ဘာလ ၂၁ရက်တွင် မဇ္ဈိမကို ပြောသည်။
Wednesday, November 20, 2013
အထည်ချုပ် လုပ်ငန်းဖွံ့ဖြိုးရေး ဆွစ်ဇာလန် ကူညီမည်
ဆွစ်ဇာလန်က မြန်မာနိုင်ငံအထည်ချုပ်ကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ကူညီမည်ဟု နိုင်ငံရေးနှင့် စီးပွားရေးရာ ကောင်စစ်ဝန် မစ္စစ်ကော်ရင်း
ဟန်ချိုပဂ္ဂနာမီက မဇ္ဈိမကို နိုဝင်ဘာ ၁၉ တွင် ပြောသည်။
မန္တလေး စပါးနှံတာယာစက်ရုံ လုပ်သား ၃၀၀ ဆန္ဒပြ
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ပန်းခြံလမ်းရှိ
စပါးနှံတာယာစက်ရုံမှ အလုပ်သမား ၃၀၀ ခန့်သည် တနင်္ဂနွေနေ့
အလုပ်ပိတ်ပေးရန်နှင့် လစာငွေ နှစ်သောင်းတိုးပေးရန် ထိုစက်ရုံရှေ့၌ပင်
သပိတ်စခန်းဖွင့် တောင်းဆိုလျှက်ရှိသည်။
ဧရာဝတီဘဏ်တွင် မာစတာကတ် နှင့် China Union Pay Card များဖြင့် ငွေထုတ်နိုင်
ဧရာဝတီဘဏ်တွင် Master Card နှင့် China Union Pay Card များဖြင့်
ငွေထုတ်ယူခြင်းများ နိုဝင် ဘာလ ၁၉ ရက်မှ စတင်ကာ
ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ဧရာဝတီဘဏ်မှ ထုတ်ပြန်သည်။
နိုင်ငံတစ်ဝန်းမှ ဧရာဝတီဘဏ်များရှိ ATM စက်များတွင် အဆိုပါကတ်များဖြင့် ငွေထုတ်ယူနိုင်ပြီဖြစ် သည်။
ဧရာဝတီဘဏ်၏ မန်နေဂျင်းဒါရိုက်တာ ဦးဖြိုးအောင်က “ဧရာဝတီဘဏ်အနေနဲ့ ငွေထုတ်ယူခြင်း ၀န် ဆောင်မှုတွေကို ဆီးဂိမ်းကိုလာမယ့် ခရီးသွားဧည့်သည်တွေ အဆင်ပြေပြေနဲ့ အသုံးပြုနိုင်ဖို့ အချိန်မီ ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်” ဟု ပြောသည်။
ဧရာဝတီဘဏ်၏ မန်နေဂျင်းဒါရိုက်တာ ဦးဖြိုးအောင်က “ဧရာဝတီဘဏ်အနေနဲ့ ငွေထုတ်ယူခြင်း ၀န် ဆောင်မှုတွေကို ဆီးဂိမ်းကိုလာမယ့် ခရီးသွားဧည့်သည်တွေ အဆင်ပြေပြေနဲ့ အသုံးပြုနိုင်ဖို့ အချိန်မီ ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်” ဟု ပြောသည်။
အမျိုးသားနေ့တွင် NLD က တစ်နိုင်ငံလုံးရှိ ပါတီရုံးများတွင် စာကြည့်တိုက်ဖွင့်မည်
ရန်ကုန် (မဇ္ဈိမ)။ ။ လာမည့် နိုဝင်ဘာ ၂၇ တွင်ကျရောက်မည့် ၉၃
နှစ်မြောက် အမျိုးသားနေ့တွင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ
ပါတီရုံးများတွင် စာကြည့်တိုက်ဖွင့်သွားမည်ဟု
NLD(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ၏ လူငယ်စာကြည့်တိုက်ဖြစ်မြောက်ရေး
ဗဟိုကော်မတီမှ တာဝန်ခံ ဦးခင်ဇော်လင်းက နိုဝင်ဘာ ၂၀ ရက်တွင် မဇ္ဈိမကို
ပြောသည်။
“ဗဟုသုတတွေ အဖက်ဖက်က မြင့်မားလာဖို့ဆိုတာ စာအုပ်စာပေတွေကရမှာပဲလေ။
ဒါတွေကို စာဖတ်တဲ့အခါကျတော့ အဖက်ဖက်က တိုးတက်လာအောင်
ထောက်ပံ့ကူညီပေးတဲ့သဘောပဲ။ ပါတီလုပ်ငန်းလုပ်သလို
လူထုအကျိုးပြုလုပ်ငန်းပါပူးတွဲလုပ်တဲ့သဘောနဲ့ ဒါကိုစလုပ်တာပါ” ဟု သူက
ပြောသည်။
ရွှေညဝါ ဆရာတော်တရားပွဲ ခွင့်ပြုချက်မရဘဲပြုလုပ်သည်ဟုဆိုကာ ပွဲစီစဉ်သူကို တရားစွဲ
ရန်ကုန် (မဇ္ဈိမ)။ ။ ကြည့်မြင်တိုင်မြို့နယ်တွင်
ကျင်းပပြုလုပ်ခဲ့သော ရွှေညဝါဆရာတော် တရားပွဲကို ခွင့်ပြုချက်မရှိဘဲ
ပြုလုပ်သည်ဟုဆိုကာ တရားပွဲစီစဉ်သူများ တရားစွဲခံရသည်ဟု နိုဝင်ဘာ ၂၀
ရက်တွင် တရားစွဲခံထားရသူက မဇ္ဈိမကို ပြောကြားလိုက်သည်။
မြန်မာ-မွန်ဂိုလီးယား ဆက်ဆံရေး တိုးမြှင့်လာခြင်း ပြုပြင်ပြောင်းလဲရေး အထောက်အကူဖြစ်စေနိုင်
သံတမန်ဆက်သွယ်ရေး ထူထောင်ထားသော်လည်း အဆက်အသွယ် နည်းလွန်းခဲ့သည့်
မြန်မာနှင့် မွန်ဂို လီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေး
တိုးမြှင့်လာခြင်းသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖော်
ဆောင်မှုများကို ပိုမိုမြန်ဆန်စေရန် အထောက်အကူဖြစ်နိုင်ဟု နိုင်ငံတကာ
ကျွမ်းကျင်ပညာရှင်အချို့က မဇ္ဈိမကို သုံးသပ် ပြောကြားလိုက်သည်။
Tuesday, November 19, 2013
ရန်ကုန်နှင့်တောင်ကြီးတွင် တစ်ရက်အတွင်း OIC ကိုကန့်ကွက်သည့်ဆန္ဒဖော်ထုတ်မှုများဖြစ်
နိုဝင်ဘာ (၁၅)ရက်နေ့၌ ရန်ကုန်နှင့် တောင်ကြီးမြို့တို့တွင် OIC အဖွဲ့အား ကန့်ကွက်သည့် ဆန္ဒဖော်ထုတ်မှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။
ကော်ရှူအန္တရာယ် ကင်းဝေစေရေး သိတာနှင့် သတင်းပေး
ငွေကြေးကုန်ကျစရိတ်သက်သာစွာဖြင့်
မူးယစ်စေနိုင်သည့် ဆေးပစ္စည်းတစ်မျိုးအဖြစ် အသုံးပြုလာသည့်
ကော်ရှူမှုများကို ပပျောက်စေရန်အတွက် ရောင်းချသည့်နေရာများနှင့်
သုံးစွဲသူနှင့် ၄င်းတို့ပတ်ဝန်းကျင်ရှိ ပြည်သူများ ကို
အသိပညာပေးမှုများပြုလုပ်သွားမည်ဟု မန္တလေးတိုင်းဒေသကြီးလုံခြုံရေးနှင့်
နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိရှိ ရသည်။
ဖောင်စိန်တံတားပေါ်မှ မှန်လုံယာဉ် ချောက်ထဲထိုးကျသော်လည်း သေဆုံးသူမရှိ
မွန်ပြည်နယ်မော်လမြိုင်မြို့မှသံဖြူဇရပ်မြို့သို့မောင်းနှင်လာသော
ခရီးသည်တင်မှန်လုံကားတစ်စီးမှာ တံတားပေါ်မှ ကျော်၍
လမ်းဘေးချောင်းထဲထိုးကျခဲ့ကြောင်း သိရှိရသည်။
OIC အရေး လားရှိုး၌ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်
ရှမ်းပြည်နယ်မြောက်ပိုင်း
လားရှိုးခရိုင်၊ လားရှိုးမြို့နယ်အတွင်း၌ နိုဝင်ဘာ-၁၄ရက်နေ့၊ နေ့လည်ပိုင်းက
OICကိုလက်မခံသည့်အကြောင်း ဆန္ဒထုတ်ဖော်မှု တစ်ရပ်ပြုလုပ်ခဲ့ပြီး
အဆိုပါဆန္ဒထုတ်ဖော်မှုမှာလားရှိုးမြို့၌ ပထမဆုံးအကြိမ်ဆန္ဒထုတ်ဖော်မှုလည်း
ဖြစ်သည်။
Subscribe to:
Posts (Atom)