Friday, April 5, 2013

မိုးထိမိုးမိ ရွှေလုပ်သား ခေါင်းဆောင်(၂)ဦးကို လွတ်ရန် (၆) ရက်အလို ပုဒ်မ(၃)ခု ထပ်တိုးပြီး ရမည်းသင်းထောင်ပြောင်းရွှေ့

ဒေါ်အောင်ဆန်းစုကြည် သင်္ကြန်ကာလ ဂျပန်ခရီးစဉ် စတင်တော့မည်

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံသို့ ဧပြီလ ၁၃ ရက်မှ ၁၉ ရက်နေ့ထိ လာရောက်မည်ဖြစ်ကြောင်း ဂျပန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ကြေညာသည်။

ရစ်ခ်ျတာစကေး ၅.၅ ရှိ ငလျင် မကွေးတွင် တိုင်းထွာရရှိ

ဗုဒ္ဓဟူးနေ့ည ၁၁ နာရီ အချိန်တွင် ရစ်ခ်ျတာ စကေး ၅.၅ အဆင့်ရှိ အင်အား အသင့်အတင့် ရှိသော ငလျင်တခု လှုပ်ခတ်သွားသည်ကို မကွေးမြို့တွင် တိုင်းထွာရရှိသည်ဟု နေပြည်တော်ရှိ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌါနက ဆိုသည်။ 

အင်ဒိုနီးရှား ထိန်းသိမ်းရေးစခန်းတွင်း မြန်မာ အုပ်စုချင်း ခိုက်ရန်ဖြစ်၊ ရှစ်ဦး သေဆုံး

နယူးဒေလီ (မဇ္ဈိမ)။   ။ အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားထြားကျွန်းပေါ်ရှိ ထိန်းသိမ်းရေးစခန်းတခုတွင် မြန်မာများအကြား
သောကြာနေ့ နံနက်က တိုက်ခိုက်မှုများ ဖြစ်ပွားပြီး လူ ရှစ်ဦး သေဆုံးခဲ့ကာ ၁၅ ဦး ဒဏ်ရာရရှိသွားကြောင်း ရဲအရာရှိက ပြောသည်။

SSA-N တပ်များ ထပ်ဆုတ်ပေးနိုင်မည်မဟုတ်ဟု ဆို

ချင်းမိုင်(မဇ္စျိမ)။   ။ ပြည်ထောင်စုအဆင့် နှစ်ဖက်သဘောတူညီချက်အရ အခြေစိုက်နေထိုင်နေခြင်း ဖြစ်၍ အစိုးရ စစ်တပ်က ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSA-N တပ်စခန်းများကို ဆုတ်ခွာပေးရန် ပြောဆိုမှု လက်ခံမည် မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှက ပြောသည်။ 

အင်ဒိုနီးရှား-မြန်မာ ကုန်သွယ်မှု ၂၀၁၆ တွင် ဒေါ်လာသန်း တထောင်ဖြစ်ရန် မှန်း

ရန်ကုန် (မဇ္ဈိမ)။   ။ အင်ဒိုနီးရှားနှင့် မြန်မာ ကုန်သွယ်မှု ပမာဏကို လာမည့် ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၁ ဘီလီယံထိ ရောက်ရှိလာရန် နှစ်နိုင်ငံ ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသည်။

နေပြည်တော်တွင် ကုန်သွယ်ရေးဝန်ကြီး ဦးဝင်းမြင့်နှင့် အင်ဒိုနီးရှား စီးပွားရေးဝန်ကြီး ဟတ္တာ ရာဂျာဆာ (Hatta Rajasa)တို့ ဧပြီလ ၂ ရက်နေ့က တွေ့ဆုံဆွေးနွေးအပြီး အင်ဒို နိုင်ငံပိုင် လုပ်ငန်းများ ဝန်ကြီး ဒါလန် အစ္စကန် (Dahlan Iskan)က ပြောကြားရာတွင် ၎င်းတို့၏ ကုမ္ပဏီကြီး သုံးခု မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန် လိုင်စင်ရပြီးကြောင်း ထုတ်ဖော်ပြောကြားသွားသည်။

မြန်မာ့ ဓာတ်အား လိုင်းများ ကောင်းမွန်ရေး ကူညီရန် ထိုင်း လေ့လာနေ

မြန်မာနိုင်ငံ၏ မြင့်တက်လာသော လျှပ်စစ်မီး လိုအပ်ချက်များအရ ဓာတ်အားလိုင်းများကို အဆင့်မြှင့်တင်
ပြင်ဆင်တိုးချဲ့ရေး အတွက် ထိုင်းနိုင်ငံ တိုးတက်ရေး အေဂျင်စီမှ ချေးငွေ ဘတ် ၁ ဘီလျံအား ရရှိရန် ရန်ကုန်မြို့ လျှပ်စစ်မီး ဖြန့်ဝေပေးရေး ဘုတ်အဖွဲ့က မျှော်မှန်းလျက်ရှိသည်။

ယာယီ လျှပ်စစ် အာဏာပိုင်ပဖွဲ့ PEA အား စီမံကိန်း ကို စီမန်ခံခွဲ၍ ဦးစီးဦးရွက် ပြုလုပ်နိုင်ရန် ခန့်အပ်ထားပြီး
ဖြစ်သည်ဟု အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဆိုင်ရာ တိုးတက်ရေးအေဂျင်စီ (NEDA)မှ ဥက္ကဌ နှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သူ Acksiri Buranasiri မှ ပြောကြားသည်။

အိန္ဒိယတွင် ဒေါ်လာ ၃ သန်းခန့်တန် မူးယစ်ဆေးများ ဖမ်းမိရာ မြန်မာ နှစ်ဦးပါ

နယူးဒေလီ (မဇ္ဈိမ)။   ။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်တွင် ရူပီး ၁၅ ကုဋေ (ဒေါ်လာ ၂ သန်း ၇ သောင်းကျော်) တန်ဖိုးရှိ ဆူဒိုဖက်ဒရင်း ဆေးများနှင့်အတူ လူ ငါးဦး ဖမ်းဆီးရမိရာ ၎င်းတို့အထဲတွင် မြန်မာနိုင်ငံသား နှစ်ဦး ပါဝင်ကြောင်း ရဲမင်းကြီး Ravindra Singh Yadav က ထုတ်ဖော်ပြောဆိုလိုက်သည်။

“မြန်မာနိုင်ငံသား Zel Khan Mong (၄၆) နဲ့ Dongh Lian Kham (၄၁)၊ မီဇိုရမ် ပြည်နယ်က Lianza Daula (၄၆) နဲ့ C. Zoram Thanga (၂၈)၊ ဒေလီက Vikas Bathla (၄၃)တို့ကို ဆူဒိုဖက်ဒရင်း ဆေးပြား ၁၄၀ ကီလိုဂရမ်နဲ့
ဆေးမှုန့် ၅၀ ကီလိုဂရမ်တို့နဲ့အတူ ဖမ်းဆီး ရမိပါတယ်” ဟု ရဲမင်းကြီးအား ကိုးကား၍ သောကြာနေ့ထုတ် အိန္ဒိယ သတင်းစာများတွင် ဖော်ပြပါရှိသည်။

အစိုးရနှင့် KIO ဆွေးနွေးရက်ရွှေ့၊ ဧပြီနှောင်းပိုင်းမှ ပြန်တွေ့နိုင်မည်

ရန်ကုန် (မဇ္ဈိမ)။   ။ ပြည်ထောင်စုအစိုးရ ငြိမ်ချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO တို့ ဧပြီလ ၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော်လည်း တက်ရောက်မည့် သူများ အဆင်သင့် မဖြစ်သေး၍ ဧပြီလ ၂၂ ရက် နောက်ပိုင်းတွင်သာ တွေ့ဆုံရန် ရွှေ့ဆိုင်းလိုက်ရကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC မှ ပြောသည်။

ပျောက်ဆုံးနေသူ ကိုရဲမင်းဦးကို ပုဒ်မ ၅၀၅ (ခ)ဖြင့် ရုံးထုတ်


ပုဒ်မ ၅၀၅ (ခ)ဖြင့် အစိုးရမှ စွဲချက်တင်ခံထားရသူကိုရဲမင်းဦးကို အနောက်ပိုင်းခရိုင်တရားရုံးတွင် ဧပြီလ(၄)ရက်နေ့၌ ရုံးထုတ် ရမန်ပေးခဲ့သည်။

ကိုရဲမင်းဦးကို မတ်လ(၂၅)ရက် ည(၉း၀၀)နာရီတွင် အနောက်ပိုင်းခရိုင်ရဲမှုးနှင့်အဖွဲ့က ဆွေးနွေးစရာရှိသည်ဟု လာရောက်ခေါ်ယူခဲ့ဖြင်းဖြစ်ကြောင်းနှင့်၎င်းမှာ  အင်းစိန်ထောင်၌ အချုပ်ခံထားရသူဖြစ်ကြောင်းကိုလည်း သိရှိရသည်။ အစိုးရမှ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ၉၆၉ ဆရာတော်များပဋိပက္ခဖြစ်စဉ်များ၏ နောက်ကွယ်၌ ကြိုးကိုင် လှုပ်ရှား နေသူဟု စွဲချက်တင်ခံနေရသူလည်းဖြစ်သည်။

ဧပြီ (၅)ရက်နေ့ မကူးမီ အလုံ EPC၀င်းအတွင်း မီးလောင်မှု ဖြစ်ပွား


ဧပြီလ(၄) ရက်နေ့ ည(၁၁)နာရီ(၄၀)မိနစ် အလုံမြို့နယ်ရှိ မြန်မာလျှပ်စစ်ဓာတ်အားပေးစက်ရုံဝင်းအတွင်း၌ မီးလောင်မူတစ်ရပ်ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်မှုမှာ အလုံဓာတ်အားပေးစက်ရုံဝင်းအတွင်းရှိ ဓာတ်အားပေးစက်အသစ်များထားရှိရာ အခန်းရှိ မီးခိုးရေနွေးပိုက်လိုင်းမှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်း အလုံမြို့နယ်ရဲတပ်ဖွဲ့ကဆိုသည်။

ရထားလိုင်းအချို့သင်္ကြန်အတွင်း ရပ်နားမည်ဟု သိရ


မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ရထားလိုင်း အချို့အား ဧပြီ၁၄ရက်မှ ၁၆ရက်နေ့အထိ ရပ်နားသွားမည်ဖြစ်ကြောင်း မြန်မာမီရထားက သိရှိရသည်။

လက်ရှိပြေးဆွဲလျက်ရှိသော မီးရထားများ၌ သွားလာရန်ခက်ခဲသောနေရာများတွင် ပြေးဆွဲလျက်ရှိသော ရထားများအားလုံးကို ရပ်နားခြင်း မပြုကြောင်း၊ ရထားများပြုပြင်ထိန်းသိမ်းရန်နှင့် ခရီးသွားများသွားလာမှုနည်း နိုင်သည့် အချိန်ဖြစ်ခြင်းကြောင့် ရပ်နားထားခြင်းဖြစ်ကြောင်းနှင့် နှစ်ဆန်းတစ်ရက်နေ့၌ ခရီးစဉ်အားလုံးကို ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်သည်ဟု သိရသည်။

လုံခြုံရေးအကူအညီဖြင့် ဘာသာရေးစတေကာများအား လူငယ်များ ဖြန့်ဝေနေ


ပြည်တွင်းရှိ လူငယ်အန်ဂျီအိုအဖွဲ့အစည်းအချို့က မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများ ငြိမ်းအေးစေ ရေးအတွက် ဘာသာရေးဆိုင်ရာ စတစ်ကာများကို အာဏာပိုင်အချို့၏ လုံခြုံရေးအကူအညီဖြင့် မြို့နယ်(၃)ခု နေ ပြည်သူများထံသို့ ဧပြီလ (၅)ရက်နေ့ နံနက်(၈)နာရီမှ စတင်ကာ ဝေငှလျက်ရှိကြောင်း ရှိသည်။

လူငယ်အန်ဂျီအိုအဖွဲ့အချို့မှ လိုက်လံဝေသည့် စတစ်ကာများမှာ “ ဘာသာ ၊ လူမျိုး  မခွဲခြား မြန်မာနိုင်ငံသား “ နှင့် “ကျွနိုပ်ကြောင့်…လူမျိုးရေး ၊ ဘာသာရေး ပဋိပက္ခ မဖြစ်စေရ…” ဟူသည့် စတစ်ကာများဖြစ်သည်။