Friday, September 14, 2012
မွတ်ဆလင် ဆန့်ကျင်ရေး စာရွက်စာတန်း ဖြန့်သူ သံတွဲမှ ကျောင်းသားသုံးဦး အာမခံရ
မောင်ရမ္မာ
ရခိုင်ပြည်နယ် သံတွဲမြို့တွင် မူဆလင် ဆန့်ကျင်ရေး စာရွက်စာတမ်းဖြန့်ဝေမူ စွပ်စွဲ ချက်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသော ကျောင်းသား သုံးဦး အာမခံရရှိခဲ့သည်ဟု သိရသည်။
“ ‘ဒီလ ၄ ရက်နေ့က အာမခံရတယ်။ အပြင်ကို ရောက်လာတယ်။ မနက်ဖြန်မှာလည်း ထပ် ရုံးချိန်း ရှိပါတယ်” ဟု ကိုထွန်းဖေက နိရဉ္စရာသို့ ပြောသည်။
ကိုထွန်းဖေသည် အာမခံ ရထားသူ ကျောင်းသား (၃) ဦးထဲမှ ကိုညီမင်းခန့်၏ ယောက်ဖ တော်စပ်သူ  ဖြစ်သည်။
ကျူးကျော် နေထိုင်နေကြတဲ့ နာဂစ် ဒုက္ခသည်တွေကို ဖယ်ရှား ခိုင်းနေကြ
ရခိုင်ပါတီကြီးနှစ်ခု ပူးပေါင်းမည်
ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP)နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ဟာ ပါတီတစ်ခုထဲအဖြစ်နဲ့ မကြာခင်မှာ ပေါင်းစည်းနိုင်ဖို့ စတင် ပြင်ဆင်နေကြပါပြီ။ ပါတီနှစ်ခုပူးပေါင်းဖို့အတွက် ရခိုင်ပြည်သူတွေကလိုလားနေတာကြောင့် အခုလို ပေါင်းစည်းရေး ပြင်ဆင်တာဖြစ်တယ်လို့ ပါတီနှစ်ခုလုံးရဲ့ တာဝန်ရှိသူတွေက ပြောကြပါတယ်။ ဘာတွေ ပြင်ဆင်နေကြသလဲ၊ ဘယ်တော့ ပေါင်းစည်းနိုင်မလဲဆိုတာကို ဘန်ကောက်ရုံးကနေ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ABSDF သတ်ဖြတ်မှု တရားစွဲဆိုနိုင်ရေး နိုင်ငံတော်မှ စုံစမ်းရေးအဖွဲ့ ဖွဲ့ပေးရန် စာတင်မည်
မြန်မာနိုင်ငံ မြောက်ပိုင်း ပါဂျောင်ဒေသတွင် ၁၉၉၂ ခုနှစ်က ဖြစ်ပွား ခဲ့သော သတ်ဖြတ်မှုများ အတွက် နိုင်ငံတော်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ရန် စာတင် မည်ဖြစ်ပြီး ၄င်း ရလဒ်အတိုင်း တရားစွဲမည်ဟု မန္တလေးမှ မြောက်ပိုင်း အမှုမှန်ဖော်ထုတ်ရေး အဖွဲ့က ပြောသည်။
အရန်ဆန် တစ်ရက်အိတ်တစ်သောင်း ရောင်းမကုန် ဟုဆို
မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း ရှင်များ အသင်းမှ ဈေးကွက် အတွင်းသို့ တစ်ရက်လျှင် အရန် ဆန်အိတ် ရေ တစ်သောင်းခန့် သွားရောက် ရောင်းချ ခဲ့သော်လည်း ဆန်အိတ် တစ်သောင်းလုံး ရောင်းမကုန် ကြောင်း ဆန်စပါး အသင်းမှ အမှု ဆောင် ဒေါက်တာ စိုးထွန်းက ပြော ကြားသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ရခိုင် အမျိုးသမီးတစ်ဦး ဓားခုတ်ခံရ ဟုဆို
ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ် အတွင်း စက်တင်ဘာ ၂ ရက်နေ့က ရခိုင် အမျိုးသမီး တစ်ဦး ဓားဖြင့် အခုတ်ခံရ၍ ဆေးရုံတင် ထားရကြောင်း မောင်တော ခရိုင် ရဲတပ်ဖွဲ့မှသိရသည်။
SSA နှင့် အစိုးရတပ် ဓားစာခံချင်း ဖလှယ်သော်လည်း ရွာသားတချို့ မလွတ်သေး
စံခလပူရီ (မဇ္ဈိမ) ။       ။ ဒေသခံ ရွာသားများကို အစိုးရတပ်က ဖမ်းဆီးမှုကြောင့် အစိုးရတပ်သားများကို ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) ဟု လူသိများသည့် SSPP/SSA က အပြန်အလှန် ဖမ်းဆီးခဲ့ပြီး တနင်္လာနေ့တွင်
ပြန်လွှတ်ပေးလိုက်သော်လည်း ရွာသားများကို ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း SSA ဘက်က ပြောသည်။
တရုတ်ပြည်ရောက် ကချင်ဒုက္ခသည်များကို `ထောက်ပံ့ကူညီရန်´ ကုလအသင့်ရှိ
မဇ္ဈိမသတင်းဌာန။        ။ ကချင်ပြည်နယ်တွင်း အကြမ်းဖက်မှုများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးခိုလှုံ ရောက်ရှိ လာသော မြန်မာနိုင်ငံသားများကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ပြန်လည် နှင်ထုတ်ခဲ့သည့်အတွက် “အထူး စိုးရိမ် ပူပန်မိ” ကြောင်း ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ UNHCR က ပြောဆိုလိုက်သည်။
တရုတ် ပိတ်ထားသည့်အမဲသား တင်ပို့ခွင့် နှစ်မကူးခင် ပြန်ဖွင့်အောင် ကြိုးစားမည်
ရန်ကုန် (မဇ္ဈိမ) ။        ။ နှစ်လကျော် ကြာမြင့်နေပြီဖြစ်သည့် တရုတ်နိုင်ငံက ပိတ်ပင်ထားသော မြန်မာနိုင်ငံမှ အအေးရိုက် အမဲသားတင်သွင်းခွင့်ကို ယခုနှစ်ထဲမှာပင် ပြန်လည်ဖွင့်ပေးအောင် ကြိုးစားဆောင်ရွက်သွားမည်
ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ (၁) ဦးဝင်းစိန်က ပြောကြားလိုက်သည်။
ဦးဝင်းတင် စာအုပ်များနှင့် တိပ်ခွေများ မူပိုင်ခွင့်နှင့် ဝင်ငွေအားလုံး ဖောင်ဒေးရှင်းသို့လှူ
ရန်ကုန် (မဇ္ဈိမ) ။      ။ ဟံသာဝတီ ဦးဝင်းတင်သည် ၎င်းရေးသားထုတ်ဝေပြီးနှင့် ဆက်လက်ထုတ်ဝေမည့် စာအုပ်များ၊ ဆောင်းပါးများ၊ အသံသွင်းတိတ်ခွေများ စသည်တို့မှ မူပိုင်အခွင့်အရေးနှင့် ရရှိမည့် ဝင်ငွေအားလုံးကို ‘ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း’သို့ အပြီးအပိုင် လှူဒါန်းသွားမည် ဖြစ်သည်။
သမ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ နိုဝင်ဘာလဆန်းတွင် ကျင်းပမည်
ရန်ကုန် (မဇ္ဈိမ) ။      ။ ကောလိပ်မှသည် တက္ကသိုလ်အဆင့်သို့ မကြာခင်ကမှ တိုးမြှင့်လိုက်သော သမဝါယမ တက္ကသိုလ်နှစ်ခုသို့ တက်ရောက် ပညာသင်ကြားလိုသူများအတွက် ဝင်ခွင့်စာမေးပွဲကို နိုဝင်ဘာလဆန်းတွင်
ပြုလုပ်သွားမှာ ဖြစ်သည်။
ကြေးနီတောင်စီမံကိန်း ရပ်တန့်ရန် တိုင်းဒေသအစိုးရ အဆုံးအဖြတ်မပေးနိုင်
မုံရွာ(မဇ္ဈိမ) ။        ။ မုံရွာခရိုင် ကြေးနီတောင် စီမံကိန်းရပ်တန့်ရန် တောင်းဆိုမှုသည် မိမိတို့ တိုင်းဒေသကြီး အစိုးရ အနေဖြင့် လုပ်ဆောင်၍ မရနိုင်ဘဲ ရေရှည်စဉ်းစားဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးမှ ပြောဆိုသည်ဟု ဝန်ကြီးချုပ်နှင့် သွားရောက်ညှိနှိုင်းခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသား
ခေါင်းဆောင်တဦးဖြစ်သူ ကိုဂျင်မီက မဇ္ဈိမကို ပြောသည်။
 နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ လယ်သမား ၁၂၅ ဦးအား သစ်တောမြေအတွင်း ကျူးကျော်နေထိုင်သည့်အတွက် ပုဒ်မ ၄၀ (က)ဖြင့် ဒက္ခိဏသီရိမြို့နယ် သစ်တောဦးစီးဌာနမှ တရားစွဲ
နေပြည်တော် ဒက္ခိဏသီရိမြို့ရှိ လယ်သမား ၁၂၅ ဦးအား သစ်တောမြေအတွင်း ကျူးကျော်နေထိုင်သည့်အတွက် တရားစွဲဆိုထားပြီး ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် ယနေ့(စက်တင်ဘာလ ၁၃ ရက်နေ့)က ရုံးတင်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
 ချမ်းမြသာစည်မြို့နယ် မြို့ကွက်သစ်မြေများပေါ်တွင် ကျုးကျော်နေထိုင်သူများအား ဖယ်ရှားပေးရန် မန္တလေးမြို့တော်ဝန်နှင့် စည်ပင်သာယာရေး ၀န်ကြီးဌာန၀န်ကြီးမှ တွေ့ဆုံပြောကြား
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မြို့ကွက်သစ်မြေများပေါ်တွင် ကျုးကျော်နေထိုင်သူများအား မန္တလေးမြို့တော်ဝန်နှင့် စည်ပင်သာယာရေးဌာန၀န်ကြီးမှ တွေ့ဆုံရှင်းလင်းပြောကြားသည့် အခမ်းအနားကို စက်တင်ဘာလ ၁၁ ရက်နေ့က ချမ်းမြသာစည် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ပေးရေးနှင့် သိမ်းဆည်း ခံယာမြေများပြန်ရရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ထိန်းသိမ်းခံထားရသူများအရေးနှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသာအေးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်တို့ စက်တင်ဘာလ ၁၂ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။