Thursday, August 23, 2012

 ဇေကမ္ဘာကုမ္ပဏီမှ ဦးနေမျိုးဝေသို့ တရားစွဲဆိုမှုအား စက်တင်ဘာလ (၆)ရက်နေ့သို့ ရုံးချိန်းခေါ်ယူ



ဇေကမ္ဘာကုမ္ပဏီမှ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေသို့ တရားစွဲဆိုမှုအား စက်တင်ဘာလ(၆)ရက်နေ့သို့ ရုံးချိန်း ပြောင်းလဲခေါ်ယူလိုက်ကြောင်း သတင်းရရှိသည်။

မြန်မာ့ လေကြောင်း လက်မှတ်များ အွန်လိုင်းမှ တစ်ဆင့် ဝယ်ယူနိုင်ပြီ

မြန်မာ့လေကြောင်းလက်မှတ်များ အွန်လိုင်းမှ တစ်ဆင့် ဝယ်ယူနိုင်ပြီ
မြန်မာ့ လေကြောင်း လေယာဉ် လက်မှတ်ကို အွန်လိုင်းမှ တစ်ဆင့် e-ticketing စနစ်ဖြင့် ယခုလ ၃ ရက်မှစ၍ စတင် ဝယ်ယူ နိုင်ပြီြ
ဖစ်ကြောင်း မြန်မာ့ လေကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်ကို RNDP ကန့်ကွက်


ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများတွင် ခိုလူံနေကြသော ဒေသခံ ရခိုင်ပြည်သူများ
ရခိုင်ပြည်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတရုံးက သ၀ဏ်လွှာနဲ့ ပူးတွဲသတင်းသုံးသပ်ချက် လွှတ်တော်ကို သတင်း သုံးသပ်ချက် ပေးပို့ခဲ့တဲ့အပေါ် RNDP ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပြည်ထောင်စုလွှတ်တော်ထဲမှာ ကန့်ကွက်လွှာ တင်သွင်းသွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ရခိုင်ပါတီနဲ့ မျိုးချစ်တွေရဲ့ သွေးထိုး လှုံ့ဆော်မှုတွေပါတယ်ဆိုတဲ့ သတင်း သုံးသပ်ချက်ကို သ၀ဏ်လွှာနဲ့အတူ ပူးတွဲ တင်ပြခဲ့တာမှာ ပူးတွဲ သတင်းသုံးသပ်ချက်ကို ကန့်ကွက်မှာဖြစ်တယ်လို့ RNDP ဥက္ကဌ ဒေါက်တာအေးမောင်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က ပြောပြပေးပါမယ်။

နာရေးကူညီမှု အသင်း(ရန်ကုန်) ၃/၁၂ မျိုးဆက်သစ် သင်တန်း




လမ်းဖောက်လို့ ဖျက်ပေးလိုက်ရတဲ့ နေအိမ်တွေ အိမ် အစားထိုး ပြန်မရပဲ ဖြစ်နေ




ဘောလုံးအသင်းပိုင်ရှင် ပြည်ထောင်စုဝန်ကြီး တဦး၏ အဓမ္မ မှု




ဗုဒ္ဓရုပ်ထု အနမ်းချွေတဲ့ ပြင်သစ် မိန်းခလေး ထောင် (၆)လ ချမှတ်ခံရ

သီရိလင်္ကာနိုင်ငံကို အားလပ်ရက် အတွင်း လာရောက် လည်ပတ်တဲ့ ပြင်သစ် မိန်းခလေး တစ်ဦးဟာ ဗုဒ္ဓရုပ်ထုကို အနမ်းချွေတဲ့ အတွက်  တခြား သူ့အဖေါ် နှစ်ဦးနဲ့ အတူ ဆိုင်ငံ့ ပြစ်ဒဏ် (၆)  လ ချမှတ်ခံလိုက်ရပါတယ်။

ကျောက်တော်တွင် ဖွင့်လှစ်မည့် ALP ဆက်ဆံရေးရုံး အစိုးရဘက်မှ ဆိုင်းငံ့ထား



ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ပထမဆုံး ဖွင့်လှစ်ရန် စီစဉ်ထားသည့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP ၏ ဆက်ဆံရေးရုံးကို အစိုးရဘက်မှ ဆိုင်းငံ့ထားသဖြင့် မဖွင့်လှစ်နိုင်ဘဲ ဖြစ်နေကြောင်း သတင်း ရရှိသည်။
ကျောက်တော် ဆက်ဆံရေးရုံးကို ဖွင့်လှစ်ရန် သဘောတူညီမူ ရရှိထားပြီ ဖြစ်သော်လည်း ပြည်တွင်း မငြိမ်သက်မှုများကြောင့် အစိုးရဘက်မှ ဆိုင်းငံ့ထားခြင်း ဖြစ်သည်ဟု  ရခိုင်ပြည် လွတ် မြောက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး (၂) ခိုင်သုခက နိရဉ္စရာသို့ ပြောသည်။
ကျောက်တော် ဆိပ်ကမ်း တစ်နေရာ။

မလေးတွင် မြန်မာ အလုပ်သမားများ ၀ိုင်းရိုက်၍ အင်ဒိုနီးရှား အလုပ်သမား တစ်ဦးသေဆုံး



မလေးရှားနိုင်ငံတွင် မြန်မာ အလုပ်သမား ၃ ဦး ၀ိုင်းရိုက်၍ အင်ဒိုနီးရှား အလုပ်သမား တစ်ဦး သေဆုံး သွားကြောင်း  New Straits Times က ဖေါ်ပြသည်။
အဆိုပါ မူခင်းသည် သြဂတ်စ်လ ၂၀  က  ပီနန် Bukit Mertajam  မြို့တွင်  ဖြစ်ပွားခဲ့သည် ဟုဆိုသည်။

စီဒီအမ်အေ ၄၅၀ ဖုန်းကတ် နယ်တွင်ဈေးတက်


တရားဝင် ဘဏ်ချလန်တွင် ကျပ် နှစ်သိန်းသာ ပေးသွင်းရသော စီဒီအမ်အေ ၄၅၀ ဖုန်းကတ်များ အား နယ်မြို့များရှိ ဆိုင်များတွင် ကျပ်နှစ်သိန်း ရှစ်သောင်းအထိ ရောင်းချနေကြကြောင်း သတင်း ရရှိသည်။ “အရင်တုန်းက တစ်ပတ်ကို ပွဲစားတွေဆီက ၁၀ ကတ်လောက် ရတယ်။ အခု သုံးကတ်ပဲ ရတယ်။ နောက်ပြီး ကျွန်တော်တို့ ဝယ်ရ တာကိုက နှစ်သိန်း ခုနစ်သောင်း ပေးရတယ်” ဟု ပုသိမ်ဒေသခံ ဖုန်းရောင်းချသူတစ်ဦးက ပြော သည်။

မြန်မာကာယ အလှမယ်နှစ်ဦး အာရှကာယ ဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲ ဝင်မည်

မြန်မာကာယ အလှမယ်နှစ်ဦး အာရှကာယ ဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲ ဝင်မည်







(၄၆)ကြိမ်မြောက် အာရှကာယ ဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ကာယ အလှမယ်နှစ် ဦးဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ ပြိုင်ပွဲကို တရုတ် နိုင်ငံ၊ ကွမ်ကျိုးမြို့တွင် လာမည့် စက်တင်ဘာ ၁၉ ရက်မှ ၂၅ ရက် အထိ ကျင်း ပမည်ဖြစ်သည်။

ရန်ကုန် အပါအ၀င် တိုင်းဒေသ ကြီးနှင့် ပြည်နယ် ငါးခုမှ မြို့နယ် အချို့တွင် လျှပ်စစ်မီး ၄ ရက်ပျက်မည်


ပဲခူးတိုင်း ဒေသကြီး အတွက် ဓာတ်အား တိုးချဲ့ဖြန့်ဖြူးနိုင်ရန် မဟာ ဓာတ်အား လိုင်းနှင့် ပင်မ ဓာတ်အား ခွဲရုံ ချိတ်ဆက်ခြင်း လုပ်ငန်း များဆောင်ရွက် မည်ဖြစ် ၍ ရန်ကုန်တိုင်း ဒေသကြီး အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး ၅ခုရှိ မြို့နယ် အချို့တွင် ဓာတ်အား ဖြတ်တောက် မှုများ ပြုလုပ် မည်ဖြစ်ကြောင်း အမှတ် (၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဟိုင်းလပ်နှင့် ဒိုင်နာယာဉ်များ အစားထိုး မီနီဘတ်စ် တင်သွင်း ခွင့်ပြုမည်

ဟိုင်းလပ်နှင့် ဒိုင်နာယာဉ်များ အစားထိုး မီနီဘတ်စ် တင်သွင်း ခွင့်ပြုမည်
ရန်ကုန်တိုင်း ဒေသကြီးတွင် ပြေးဆွဲလျက် ရှိသော ဒိုင်နာယာဉ်နှင့် ဟိုင်းလပ် ယာဉ်များ အစားထိုး မီနီဘတ်စ် တင်သွင်းခွင့် ပြုမည်ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့သို့ ယာဉ်တင်သွင်းခွင့် တင်ထားကြောင်း မထသ ဗဟိုမှ ဥက္ကဌ ဦးလှအောင်က 
The Voice Weekly သို့ပြောကြားသည်။

တောင် ကိုရီးယား ကုမ္ပဏီနှင့် Father Landတို့ ပူးပေါင်းပြီး မြို့ပြအိမ်ရာများ တည်ဆောက်မည်


တောင်ကိုရီးယား နိုင်ငံမှ ထိပ်တန်း ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခု ဖြစ်သော ဟန်ရှင်း (Hanshin Engineering and Construction) ကုမ္ပဏီနှင့် Father Land ကုမ္ပဏီတို့ အကျိုးတူ သဘော တူညီမှု စာချုပ်ချုပ်ဆို လိုက်ပြီး မြို့ပြ အိမ်ရာများ တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

ရိုးရိုး BE ဘွဲ့အတွက် စာသင်နှစ်ခုနစ်နှစ်နှင့် အဆင့်မြင့် BE ဘွဲ့ အတွက် ခြောက်နှစ် သတ်မှတ်


ရိုးရိုး BE ဘွဲ့အတွက် စာသင်နှစ်ခုနစ်နှစ်နှင့် အဆင့်မြင့် BEဘွဲ့အတွက် စာသင်နှစ်ခြောက်နှစ် သတ်မှတ် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ် BE ဘွဲ့အတွက် နည်းပညာ တက္ကသိုလ်နှင့် ကောလိပ် များတွင် ရိုးရိုးနည်းပညာ တက္ကသိုလ် BE ဘွဲ့အတွက် ခုနစ်နှစ် သတ်မှတ်ကာ အဆင့်မြင့်နည်း ပညာ ခြောက်နှစ် သတ်မှတ် လိုက်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ သိရသည်။