Saturday, July 21, 2012
လေဆင်နှာမောင်းကြောင့် မြောက်ဥက္ကလာပ “ဌ” ရပ်ကွက်မှ အိမ်ခြေ (၁၀၃)လုံးပျက်စီး
ဇူလိုင်လ
(၁၉)ရက်နေ့ ည(၉း၁၅)နာရီတွင် မြောက်ဥက္ကလာပ မြို့နယ် “ဌ”ရပ်ကွက်တွင် လေဆင်
နှာမောင်း တစ်ခုတိုက်ခတ် သွားသောကြောင့် အိမ်ခြေ(၁၀၃)လုံး၏ သွပ်အမိုး၊
ဓနိအမိုးများ အစရှိ သည့် အိမ်ခေါင်မိုးလန်ထွက်သွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ
လေဆင်နှာမောင်းတိုက်ခတ်မှုမှာ အချိန်အားဖြင့်
(၅)မိနစ်ခန့်သာကြာမြင့်ခဲ့မည်ဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများ
၏ခန့်မှန်းပြောဆိုချက်များအရသိရှိရသည်။
“
ထိုင်ဝမ် EVA လေကြောင်းလိုင်း ရန်ကုန်သို့ ပျံသန်းပြေးဆွဲမည်
မဇ္ဈိမ သတင်းဌာန ။ ။ ထိုင်ဝမ်နှင့် မြန်မာအကြား စီးပွါးရေး
ဆက်သွယ်မှုနှင့် လာရောက်လည်ပတ်သူ ဦးရေ တိုးတက်လာသည့်အတွက် ထိုင်ဝမ်၏ ဒုတိယ
အကြီးဆုံး လေကြောင်းလိုင်း EVA က အောက်တိုဘာလ ၉ ရက်နေ့မှ စတင်ကာ
တိုင်ပေ-ရန်ကုန် ခရီးစဉ်ကို တပတ်လျှင် ၃ ကြိမ် ပျံသန်းပြေးဆွဲမည်
ဖြစ်ကြောင်း ကြေညာလိုက်သည်။
တက္ကသိုလ်ဝင်တန်း အမှတ်အများဆုံး ၁၀ ဦး ရန်ကုန်တိုင်းအစိုးရ ဆုချီးမြှင့်မည်
ရန်ကုန် (မဇ္ဈိမ) ။ ။ ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်တွင် ကျင်းပခဲ့သော
တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ မြန်မာ တနိုင်ငံလုံး အမှတ်အများဆုံးရရှိပြီး
အဆင့် ၁ မှ ၁ဝ အထိ စာရင်းဝင်ခဲ့ကြသော ကျောင်းသူ/ကျောင်းသားများအား
ရန်ကုန်တိုင်း အစိုးရက ဇူလိုင်လကုန်ပိုင်းတွင် ဆုချီးမြှင့်သွားမည်ဟု
တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ
မြင့်သိန်းက ပြောသည်။
မြင့်သိန်းက ပြောသည်။
မော်လမြိုင်နှင့် ဘားအံဆေးရုံတွင် သွေးလွန်တုတ်ကွေးရောဂါ ကုတင်မဆံ့
စံခလပူရီ (မဇ္ဈိမ) ။ ။ သွေးလွန်တုတ်ကွေးရောဂါ ကူးစက်မှုကြောင့် မွန်ပြည်နယ် မော်လမြိုင် ကလေးအထူးကု
ဆေးရုံနှင့် ကရင်ပြည်နယ် ဆေးရုံကြီးတွင် ကလေးငယ် ၅၀၀ ကျော် တက်ရောက်ကုသမှု ခံယူနေရကြောင်း မြို့နယ် ကျန်းမာရေး ဝန်ထမ်းများက ပြောသည်။
ဆေးရုံနှင့် ကရင်ပြည်နယ် ဆေးရုံကြီးတွင် ကလေးငယ် ၅၀၀ ကျော် တက်ရောက်ကုသမှု ခံယူနေရကြောင်း မြို့နယ် ကျန်းမာရေး ဝန်ထမ်းများက ပြောသည်။
ကျောက်မျက်ဥပဒေ အတွက် ကချင်ပြည်နယ် အစိုးရ ဆောင်ရွက်နေ
မဇ္ဈိမ သတင်းဌာန ။ ။ ကချင်ပြည်နယ် အတွင်း ကျောက်မျက် ရတနာ ထုတ်လုပ် ရောင်းဝယ်မှုနှင့် ပတ်သက်၍
ပြည်နယ်အဆင့် ပထမ အဆင့် ဥပဒေမူကြမ်းကို အတည်ပြုလိုက်သည့်အတွက် မြစ်ကြီးနား ကျောက်မျက်ရတနာ ကုန်သွယ်ရေး အသင်း (MGTA) အနေဖြင့် ရလဒ်များအပေါ် ကျေနပ်အားရမိကြောင်း ဆိုသည်။
ပြည်နယ်အဆင့် ပထမ အဆင့် ဥပဒေမူကြမ်းကို အတည်ပြုလိုက်သည့်အတွက် မြစ်ကြီးနား ကျောက်မျက်ရတနာ ကုန်သွယ်ရေး အသင်း (MGTA) အနေဖြင့် ရလဒ်များအပေါ် ကျေနပ်အားရမိကြောင်း ဆိုသည်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေးရရှိရေး ဆန္ဒပြရန် စီစဉ်နေ
ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေး
လိုလားကြောင်း မြစ်ကြီးနားမြို့ခံ အမျိုးသမီးများ ဦးဆောင်၍
လူမျိုးဘာသာမရွေး ပါဝင်သော စီတန်းလှည့်လည် ဆန္ဒပြပွဲတရပ်ကို
လာမည့်သီတင်းပါတ်တွင် ပြုလုပ်ရန် စီစဉ်နေသည် ဟု ဦးဆောင်
စီစဉ်သူတဦးဖြစ်သည့် ဒေါ်ဂျာခေါန်က ပြောသည်။
သမ္မတ ဦးသိန်းစိန်ကို ထိုင်းသတင်းစာက ပြင်းထန်စွာ ဝေဖန်
မဇ္ဈိမသတင်းဌာန ။ ။ မြန်မာသမ္မတ ဦးသိန်းစိန်သည် ဇွန်လ အတွင်းက သူ၏
ထိုင်းနိုင်ငံ ခရီးစဉ်ကို နှစ်ကြိမ် တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရပြီးနောက်
လာမည့် တနင်္ဂနွေနေ့တွင် သုံးရက်ကြာ ထိုင်းနိုင်ငံ ခရီးစဉ်ကို စတင်မည်
ဖြစ်သည်။ ထိုစဉ်တွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများနှင့် ပတ်သက်၍ သမ္မတ
ဦးသိန်းစိန်၏ မကြာသေးခင်က မှတ်ချက်များကို
သောကြာနေ့ထုတ် ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာ၏ အယ်ဒီတာ့ အာဘော်က ပြင်းပြင်းထန်ထန်
ဝေဖန်ခြင်းဖြင့် မြန်မာသမ္မတ ခရီးစဉ်အား ကြိုဆိုလိုက်သည်။
သောကြာနေ့ထုတ် ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာ၏ အယ်ဒီတာ့ အာဘော်က ပြင်းပြင်းထန်ထန်
ဝေဖန်ခြင်းဖြင့် မြန်မာသမ္မတ ခရီးစဉ်အား ကြိုဆိုလိုက်သည်။
ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယကို သွားမည်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် သြဂုတ်လဆန်းပိုင်းတွင် အိန္ဒိယသို့
တပါတ်ကြာ သွားရာက်လည်ပတ်မည်ဟု သိရသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ရှောင်သူများအား စားနပ်ရိက္ခာ ထောက်ပံ့ရန် အမေရိကန် ဒေါ်လာသုံးသန်း အမေရိကန်ပြည်ထောင်စု လှူဒါန်းမည်
အမေရိကန်ပြည်ထောင်စုက
အမေရိကန်ဒေါ်လာ ၃ သန်းကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှတစ်ဆင့်
လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောကြားနေသည့် မြန်မာနိုင်ငံဆိုင်ရာ
အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်လ်အား တွေ့ရစဉ်
အလုပ်သမားအဖွဲ့အစည်း ဥပဒေအာဏာတည်သည့်နေ့မှ လေးလကျော်ကာလအတွင်း အလုပ်သမား/အလုပ်ရှင် အဖွဲ့ချုပ်နှစ်ခုအပါအ၀င် အလုပ်ရှင်/အလုပ်သမား အဖွဲ့အစည်း ၁၄၀ ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း သိရ
အလုပ်သမားအဖွဲ့အစည်း ဥပဒေအာဏာတည်သည့် ၂၀၁၂ ခုနှစ် မတ်လ ၉ ရက်နေ့မှ
လေးလကျော် ကာလအတွင်းတွင် အလုပ်သမား/ အလုပ်ရှင်အဖွဲ့ချုပ်နှစ်ခု အပါအ၀င်
အလုပ်ရှင်/အလုပ်သမားအဖွဲ့အစည်း ၁၄၀ ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း
အလုပ်သမားဝန်ကြီးဌာနမှ သတင်း ရရှိသည်။
ရွာသာကြီးမှာ လယ်သမားသုံးရာကျော် ဆန္ဒပြ
ရွာသာကြီးမှာ လယ်သမားသုံးရာကျော် ဆန္ဒပြ
2012-07-20
ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် ရွာသာကြီးမှာ လယ်သမား ၃ဝဝ ကျော် ဒီကနေ့ စုဝေးဆန္ဒပြခဲ့ ကြပါတယ်။ သူတို့ အသိမ်းခံထားရတဲ့ လယ်မြေတွေမှာ ပြန်လည် လုပ်ကိုင်ခွင့် ရရှိရေး အပါအ၀င် နိုင်ငံတ၀ှမ်းမှာ အဓမ္မသိမ်းယူ ခံထားရတဲ့ လယ်ယာမြေတွေကို လယ်သမားတွေ လက်ထဲ ပြန်လည် ခွဲဝေ ပေးအပ်ရေး၊ လယ်သမားတွေအတွက် အာမခံချက်ရှိတဲ့ ဥပဒေတွေ ပြဋ္ဌာန်းနိုင်ရေးတို့အတွက် အခုလို တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။
RFA
Subscribe to:
Posts (Atom)



