Friday, June 29, 2012

ကလေးစစ်သား အမှန်တကယ် ပပျောက်ရေး လုပ်ဆောင်မည်

မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု အမှန်တကယ် ပပျောက်ရေး အတွက် လက်တွေ့ လုပ်ငန်းစဉ် ဖော်ဆောင်ရေး သဘောတူညီမှု (Plan of Action) ကို ကုလသမဂ္ဂနဲ့ မြန်မာ အစိုးရတို့ ယမန်နေ့က နေပြည်တော်မှာ လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။

နိုင်ငံသား မဟုတ်သူများ တတိယနိုင်ငံပို့ရန် ရခိုင်ပါတီ တောင်းဆို

စစ်တွေမြို့ သဲချောင်းရွာအနီးရှိ ဘင်္ဂါလီ ကယ်ဆယ်ရေးစခန်း (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)
ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ ညှိနှိုင်းမှုရယူပြီး ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် နိုင်ငံသားမဟုတ်သည့် ဘင်္ဂါလီ များအား သင့်တော်သည့်နေရာ၌ ယာယီနေရာချ ထားပေးပြီး ကာလတခု သတ်မှတ်၍ တတိယနိုင်ငံများသို့ ပြောင်းရွှေ့ ပေးရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က ကြေညာချက်ထုတ်၍ တောင်းဆိုလိုက်သည်။

Famoso အလုပ်သမားများ လစာ တိုးပေးရေး ပြေလည်မှုမရသေး

နယူးဒေလီ (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စက်မှုဇုန် ၁ ရှိ Fsmoso စက်ရုံဆန္ဒပြ အလုပ်သမားများ၏ လစာတိုးပေးရေး ကိစ္စကို ဇွန်လ၂၈ ရက်နေ့က ဗိုလ်တထောင်မြို့နယ် အလုပ်သမား ခုံသမာဓိရုံးတွင် ကြားနာခဲ့ရာ
ပြေလည်မှု မရရှိသေးကြောင်း သိရသည်။

၂ဝ၁၄ မတိုင်မီ လွှတ်တော်ပြင်ပ တွေ့ဆုံပွဲ လုပ်မည်ဟု ဝန်ကြီးပြော

စံခလပူရီ (မဇ္ဈိမ) ။      ။ အစိုးရမှ ‘ပင်လုံကဲ့သို့ ကျယ်ပြန့်သော ညီလာခံ’ ဟု ခေါ်ဆိုနေသည့် လွှတ်တော်ပြင်ပ
နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ တရပ်အား ၂ဝ၁၄ ခုနှစ် မတိုင်မီ ပြုလုပ်သွားရန် ရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း က မဲဆောက်၌ ဒီမိုကရေစီ အင်အားစုများ၌ တွေ့ဆုံစဉ်
ပြောကြားသွားသည်။

နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးညီလာခံ WLB တောင်းဆို

ချင်းမိုင်(မဇ္စျိမ) ။      ။ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့၏ ထိုင်းနိုင်ငံ ငြိမ်းချမ်းရေး ခရီးစဉ်တွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB နှင့် ဘန်ကောက်မြို့တွင် ကြာသပတေးနေ့က တွေ့ဆုံခဲ့သည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသတင်း အခြေအတင် ဆွေးနွေးခြင်း

၂ဝ၁၂ ခုနှစ် မတ်လ အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏသည် စုစုပေါင်း အမေရိကန် ဒေါ်လာ ၄ဝ ဒဿမ ၆၉၉ ဘီလီယံ ရှိသည်။

အသစ်ရေးဆွဲထားသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်အရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများနှင့် ဖက်စပ် ကုမ္ပဏီများသည် အခွန်ကင်းလွတ်ခွင့် ၅ နှစ်နှင့် ကုမ္ပဏီ တည်ထောင် လုပ်ကိုင်ခွင့် နှစ် ၇ဝ အထိ ခွင့်ပြုပေးမည်
ဖြစ်သည်။

ဘားလမ်းနှင့်ခမ်းမရှေ့ရှိ Bus ကားဂိတ်များ ယခင်အတိုင်း ရှိနေဦးမည်

ရန်ကုန်မြို့တော်ခမ်းမရှေ့နှင့် မပာာဗန္တုလပန်းခြံ(ဘားလမ်း) အနီးပြေးဆွဲလျှက်ရှိသော ခရီးသည်တင်ယဉ်လိုင်း များ အနေဖြင့် မှုလပြေးဆွဲနေသည့် ရပ်တင်မောင်းစနစ်ဖြင့်သာ လက်ရှိဂိတ်များအတိုင်း ဆက်လက်ပြေးဆွဲ နေဦးမည်ဟု မထသ (ဗပိာု)က စုံစမ်းသိရသည်။
 

၂၀၁၃ ဆီးဂိမ်းတွင် ဝိုင်ဖိုင်အင်တာနက်ဝန်ဆောင်မှုပေးလိုသော ကုမ္ပဏီ(၇၀)၀န်းကျင်ရှိ

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(SEAGAME) မတိုင်မီကာလအတွင်း လက်ရှိအနေအထားတွင် ဝိုင်ဖိုင်ဖြင့် အင်တာနက်ဝန်ဆောင်မှုပေးရန် လျှောက်ထား သည့် ကုမ္ပဏီပေါင်း (၇၀)ကျော်အထိ ရှိနေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။
 

အောင်ဘာလေထီဖွင့်ပွဲအား မြ၀တီShopping Channel တွင် တိုက်ရိုက်ထုတ်လွှင့်မည်

 










ဇူလိုင်(၁)ရက်တွင် ကျင်းပမည့် (၂ ၈၂)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအား မြ၀တီရုပ်မြင်သံကြား  MWD Shopping Channel မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။
 

ပထမဦးဆုံးပုဂ္ဂလိက အမြန်ချောပို့ဝန်ဆောင်မှုလုပ်ငန်းတွင် ကုမ္ပဏီ(၃)ခုဖြင့်စတင်

ပထမဦးဆုံးပုဂ္ဂလိကအမြန်ချောပို့ဝန်ဆောင်မှုလုပ်ငန်းများအား တရားဝင်လုပ်ကိုင်နိုင်ရန် UNITED COURIER SERVICES (UCS) အပါအ၀င် ကုမ္ပဏီ(၃)ခုအား အစိုးရမှခွင့်ပြုလိုက်ပြီဖြစ်သည်။
 

ငါးမဖမ်းရကာလအတွင်း တနင်္သာရီကမ်းနီးဒေသများ၌ ကန့်သတ်ချက်ဖြင့် ငါးဖဖ်းခွင့်ပေး

 





တနသာင်္ရီတိုင်းဒေသကြီး ကမ်းနီးဒေသများတွင် ဒေသခံပြည်သူများ၏ စားဝတ်နေရေးပြေလည်စေရန် ငါးမဖမ်းရ တားမြစ်ကာလအတွင်း သတ်မှတ်ချက်နှင့် ငါးဖမ်းဆီးခွင့်ပြုထားကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီး ဌာနက သိရှိရသည်။   

အမျိုးသားများပါတက်ရောက်နိုင်သော မွေးကင်းစကလေးပြုစုနည်းသင်တန်း YWCA ပို့ချမည်

မွေးကင်းစကလေးငယ်၏ ကျန်းမာရေး၊ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုအတွက် မွေးကင်းစကလေးငယ်ပြုစုနည်း သူနာပြုသင်တန်းအား YWCA တွင် အိမ်ထောင်သည်အမျိုးသမီးများအတွက် အငြိမ်းစား သူနာပြုဆရာမကြီး များက တာဝန်ယူသင်ကြားပေးမည် ဖြစ်သည်။
 

ပြင်ဦးလွင်မြို့နယ်မှ တောင်သူများ စိုက်ဧကတစ်သောင်းကျော် လုပ်ကွက်ပျောက်ဆုံးနေ

ပြင်ဦးလွင်မြို့နယ်မှ လယ်ယာမြေများအား ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများအား နိုင်ငံတော်က သီးစားချထားပေးခြင်းကြောင့် ထိုမြေများတွင်စိုက်ပျိုးလျက်ရှိသော တောင်သူလယ်သမားများ အနေဖြင့်လုပ်ကွက်များ ပျောက်ဆုံးလျက်ရှိကြောင်း လယ်သမားအရေးဆောင်ရွက်ပေးသူများထံက သိရသည်။

ဗန်းမော်နှင့် ကသာမြို့တို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ဝန်းကျင်သို့ ရောက်ရှိနေ

ဧရာဝတီမြစ်ရေသည် ဗန်းမော်နှင့် ကသာမြို့တို့တွင် စိုးရိမ်ရေမှတ်ဝန်းကျင်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိပါသည်။
ဧရာဝတီမြစ်ရေသည် ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ဗန်းမော်မြို့တွင် ၁၀၉၄ စင်တီမီတာသို့ ရောက်ရှိနေပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်မှာ ၁၁၅၀ စင်တီမီတာဖြစ်သည့်အတွက် မြစ်ရေကြီးခြင်း သတိပေးချက် စတင်ထုတ်ပြန်ခဲ့သည်။

သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် စွဲဆိုထားသည့်အမှုအား လာမည့်ဇူလိုင်လ ၁၂ ရက်နေ့သို့ ရုံးချိန်းထပ်မံခေါ်ယူ ဇွန်လ ၂၈ ရက်နေ့ရုံးချိန်းတွင် တရားလိုစစ်ဆေးမှုပြုလုပ်ခဲ့ပြီး တစ်ဖက်ရှေ့နေမှ ပြန်လှန်မေးခွန်းများ မေးမြန်းခဲ့

ဇွန်လ ၂၈ ရက်နေ့ ရုံးချိန်းလာရောက်သူများကို တွေ့ရစဉ်

သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် စွဲဆိုထားသည့်အမှုအား လာမည့်ဇူလိုင်လ ၁၂ ရက်နေ့သို့ ရုံးချိန်း ထပ်မံပေးထားပြီး ဇွန်လ ၂၈ ရက်နေ့(ယနေ့)ပြုလုပ်သည့် ရုံးချိန်းတွင် တရားလို သတ္တုတွင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ကိုကိုအား စစ်ဆေးလျှောက်ထားမှု ပြုလုပ်စေပြီး The Voice ဂျာနယ်မှ အမှုလိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွှန့်က ပြန်လှန်မေးခွန်းများ မေးမြန်းခဲ့ကြောင်း သိရသည်။