Monday, June 11, 2012

စစ်တြွေုမို့ နောက်ဆုံးရ သတင်းများ

ဇွန်လ ၁၁ ရက်နေ့ ၁၃၀၀ နာရီ။ ကန်တော်လီရွာနှင့် ဗျိုင်းစုရွာ အချင်းချင်း ရိုက်ပွဲဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့မှ သွားရောက်ထိန်းသိမ်းခဲ့သောကြောင့် လူစုကွဲသွားကြောင်း သိရှိရသည်။

စစ်တွေမြို့တွင် နေရာ ၃ နေရာ၌ မီးလောင်ကျွမ်းမှု တစ်ပြိုင်နက်တည်း ဖြစ်ပွားနေ

စစ်တွေမြို့ ဓည၀တီ ရပ်ကွက်အနီး မီးလောင်ကျွမ်းနေသည်ကို ယနေ့ မွန်းလွဲ ၃ နာရီ မိနစ် ၂၀ အချိန်က တွေ့ရစဉ်။ ဓါတ်ပုံ - Eleven Media Group
ယခုအချိန်တွင် စစ်တွေမြို့တွင် နေရာ ၃ နေရာ၌ မီးလောင်ကျွမ်းမှု တစ်ပြိုင်နက်တည်း ဖြစ်ပွားနေပြီး သံတော်နီရွာနှင့် ဓည၀တီ ရပ်ကွက်များ၏ မီးလောင်ကျွမ်းမှုမှာ ပိုမိုဆိုးရွားလာလျက်ရှိကြောင်း သိရသည်။ 

ဘင်္ဂါလီ ၁၀၀ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လွှဲပြောင်းပေးအပ်

 ဓါတ်ပုံ - မှူးဇော်  Facebook
ရခိုင်ပြည်နယ် စစ်တွေမြို့ ကမ်းနားလမ်း မိဇံရပ်ကွက်နေ အကြမ်းဖက်ဆူပူလှုပ်ရှားမှုတွင် မပါဝင်သေးသော ဘင်္ဂါလီ ၁၀၀ကျော်ကို ရခိုင်တိုင်းရင်းသားများက လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ ဇွန်လ ၁၁ ရက်နေ့တွင် လွှဲအပ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

ရသေ့တောင်မြို့နယ်၌ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဆူပူအုံကြွအကြမ်းဘက်မှုများကြောင့် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ ရခိုင်တိုင်းရင်းသားများသည် စိုးရိမ်ထိတ်လန့်ပြီး 

ဘင်္ဂါလီအပေါ် နိုင်ငံတော်အစိုးရ၏ သဘောထား

‎မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၀၀) ကျော် ရှိသည့်အနက် ရိုဟင်ဂျာ ဟူသော အမျိုးအနွယ် မပါပါဘူး။ ဘယ်တုန်းကမှလည်း ရိုဟင်ဂျာကို နိုင်ငံသားအဖြစ် အသိအမှတ် မပြုပါဘူး။
(ဦးခင်ရီ၊ ပြည်ထောင်စုဝန်ကြီး)

“ပြည်ထဲရေးဝန်ကြီးဌာန၊ သတင်းစာရှင်းလင်းပွဲ(၁၄-၁-၂၀၁၂)"

ရခိုင်တိုင်းရင်းသားဒုက္ခသည် သုံးထောင်ခန့် စားနပ်ရိက္ခာ ပြတ်တောက်

ရန်ကုန်၊ ဇွန် ၁၁
လူမျိုးရေးအသွင်ဆောင်ကာ ဆူပူအကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် တိမ်းရှောင်ခိုလှုံနေကြသော ရခိုင်းတိုင်းရင်းသားဒုက္ခသည် သုံးထောင်ခန့်မှာ စားနပ်ရိက္ခာပြတ်တောက်နေကြောင်း ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဘူးသီးတောင်တွင် ရေကန်အတွင်း အဆိပ်ခတ်ရန် ကြံရွယ်သူများကို ခြောက်လှန့်ပစ်ခတ်

မီးဇင်ရပ်ကွက်မှ ဘင်္ဂါလီလူမျိုးများ မီးရှို့ရန် ပြင်ဆင်ထားသည့်ဓာတ်ဆီပုံးများ
ဘူးသီးတောင်မြို့နယ်၊ ရပ်ကွက်(၄/၅) ရှိ ကန်တော်ကြီး ရေကန်သို့ အဆိပ်ခတ်မည် ဟူသော တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ကြိုတင်၍ လုံခြုံရေးယူ ဆောင်ရွက်ထားခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့ည ၂၂:၃၅ နာရီချိန်တွင် အဆိပ်ခတ်ရန်ကြံရွယ်သူ ဘဂါလီလူမျိုးနှစ်ဦး ကို လုံခြုံရေးတာဝန်ယူထားသည့် တပ်မတော်သားများက ခြောက်လှန့် ပစ်ခတ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် လွန်ခဲ့သော မိနစ်ပိုင်း အတွင်းက ဖော်ပြထားချက်အရ သိရသည်။

စစ်တွေမြို့ ဗျိုင်းဖြူရွာတွင် လူသုံးဦး သေဆုံး

ရခိုင်ပြည်နယ် စစ်တွေမြို့အနီး မကျည်းမြိုင် ရပ်ကွက် (၅) တွင်းက လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက မီးလောင်မှု ဖြစ်ပွား
ဇွန်လ (၁၁) ရက်နေ့ 
ဆူပူအကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေသော စစ်တွေမြို့ မြောက်ဘက်ရှိ ဗျိုင်းဖြူရွာတွင် ယနေ့ နံနက်ပိုင်းတွင် ဘင်္ဂါလီများက နေအိမ်များအား မီးရှို့ကာ ဒေသခံများကို သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် 

နယ်စပ်မှ တင်သွင်းလာသည် မုန့်ကြောင့် ကလေးငယ်တစ်ဦး အစာအဆိပ်သင့်

ကလေးငယ်တစ်ဦးသည် နယ်စပ်မှတင်သွင်လာသည့် မုန့်ကိုစားမိပြီး မကြာမီတွင်ပင် အစာအဆိပ်သင့်ဝေဒနာ ခံစားရသဖြင့် အရေးပေါ်ဆေးကုသမှုများ ခံယူလိုက်ရကြောင်းသိရသည်။

အလယ်သံကျော်ကျေးရွာမှ ဆရာ/ဆရာမများအား လုံခြုံမှုရှိသော နေရာများသို့ ကယ်ယူပို့ဆောင်ပေးနေ

စစ်တွေမြို့သို့ ဇွန်(၁၀)ရက်နေ့က တပ်မတော်လေယာဉ်ဖြင့်ရောက်ရှိလာကြသော လုံခြုံရေးတပ်ဖွဲ့ဝင်များ(Photo- Reuters)
မောင်တောနှင့် ဘူသီးတောင်မြို့နယ် ဘင်္ဂါလီကျေးရွာများတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာ/ဆရာမများအား လုံခြုံမှုရှိသော နေရာများသို့ ကယ်ယူပို့ဆောင်ပေးနေပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

မန်းတိုင်းမှူးဟောင်းနှင့်လုပ်ငန်းရှင်အချို့အကွက်ရိုက်ရောင်းထားသော အမရပူရမြို့နယ်မှ လယ်မြေကိစ္စ

အမရပူရမြို့နယ်အတွင်းရှိ စည်ပင်ကျေးရွာမှ လယ်ယာမြေများအား မန္တလေးတိုင်းမှူးဟောင်း ဗိုလ်ချုပ် တင်ငွေနှင့် စီးပွားရေး လုပ်ငန်းရှင် အချို့ပူးပေါင်းကာ အကွက်ရိုက်၍ ရောင်းစားခဲ့ကြောင်း သိရှိရသည်။


အဆိုပါလယ်ယာမြေများ အလိုမတူပဲသိမ်းဆည်းခံခဲ့ရမှုတွင် ကရင်လက်နက်ကိုင်ငြိမ်းချမ်းရေး အဖွဲ့မှပိုင်ဆိုင်သော လယ်မြေ တစ်ဧက ခွဲနှင့်အတူ အခြားတောင်သူ(၂၄)ဦး၏လယ်မြေများ ပါဝင်သည်။

မန္တလေး ဆက်သွယ်ရေးတွင် (၂)သိန်းဖုန်းများ ၀ယ်ယူမှုတွင် အခက်အခဲများရှိနေ

မန္တလေးမြို့ဆက်သွယ်ရေးဋ္ဌာနတွင် ကျပ်နှစ်သိန်းတန်ဖုန်းကဒ်များရောင်းချရာ၌ မည်သူမဆို လွတ်လပ်စွာဝယ်ယူ ခွင့်ရှိသည်ဟု စာကပ်ထားသော်လည်း လက်တွေ့တွင် အခက်အခဲများ ရှိနေသေးကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူများထံက သိရှိရသည်။

ပိန္နဲကုန်းမြောက်ရွာ ကာကွယ်တောအား ကုမ္ပဏီတစ်ခုက မြေယာချဲ့ထွင်၍ ရွာသားများစုပေါင်းကာကွယ်

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ပိန္နဲကုန်းကျေးရွာအုပ်စုပိန္နဲကုန်းမြောက်ရွာမှ မွေးမြူထားသောကာကွယ်တော များအား ကုမ္ပဏီတစ်ခုက
ဝင်ရောက်ရှင်းလင်းသွားသဖြင့် ထိုလုပ်ရပ်အား ရပ်တန့်စေရန် ဒေသခံများကဆိုင်းဘုတ်များများစိုက်ထူခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်- စစ်တွေ ယာဉ်လိုင်းများ ရပ်နားပြီး ရန်ကုန်လေဆိပ်တွင်အထူးစစ်ဆေးမှု့များပြုလုပ်ရန် ညွှန်ကြား

ရန်ကုန်- စစ်တွေ ယာဉ်လိုင်းများ ရပ်နား
ရန်ကုန်- ဇွန်၁၁
ရန်ကုန်မြို့မှစစ်တွေမြို့သို့ထွက်ခွာမည့် အဝေးပြေးယာဉ်လိုင်းအားလုံးကို ဇွန်လ၁၁ရက်နေ့တွင် စတင်ရပ်နားလိုက်ကြောင်း အောင်မင်္ဂလာအဝေးပြေးအခြေစိုက် စစ်တွေအဝေးပြေးဂိတ်များထံမှ စုံစမ်းသိရသည်။

ဇွန်လ ၁၁ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၇ အမှတ် ၃၆


ဇွန်လ ၁၁ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၇ အမှတ် ၃၆