Sunday, May 27, 2012

သမ္မတဦးသိန်းစိန် အကြံပေး ကောင်စီ ဖွဲ့စည်းရန်ပြင်ဆင်

နိုင်ငံတော် သမ္မတအား လူမှုရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ နည်းပညာ ကဏ္ဍစတဲ့ အခြားသော ကဏ္ဍတွေနဲ့ ဆက်စပ်ပြီး အကြံပြုမယ့် လူမှုစီးပွားရေး အကြံပေးကောင်စီကို နာယက တစ်ဦး၊ အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းရန် ပြင်ဆင်နေတယ်လို့ အဆိုပါ အကြံပေးအဖွဲ့ရဲ့ လျာထားစာရင်းမှာ ပါဝင်သူတစ်ဦးက အာအက်အေကို ပြောဆိုပါတယ်။

လျှပ်စစ်မီးပြတ်၍ မန္တလေး စီးပွားရေးလုပ်ငန်းများ အရှုံးပေါ်



မန္တလေးမြို့တွင် လျှပ်စစ်မီးများ ပြတ်တောက်မှုကြောင့် စီးပွားရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာပြီး အရှုံးပေါ်လျက်ရှိကာ လုပ်ငန်းများကို မီးစက်များနှင့် လည်ပတ်ရသဖြင့် ထုတ်ကုန်ပစ္စည်း အရင်းအနှီးများလည်း ပိုမိုကုန်ကျလျက်ရှိကြောင်း သိရသည်။
“မီးက လာမယ့်အချိန်မလာတော့ ကျနော်တို့လုပ်ငန်းတွေမှာ မီးစက်တွေကိုပဲ သုံးရတယ်။ အဲဒီလိုသုံးတဲ့အတွက် ဆီအတွက် ကုန်ကျစရိတ်က ပိုလာပြီ။ မီးစက်တနာရီကို တဂါလံနှုန်းနဲ့ပဲ တွက်ကြည့်ပါဦး။ တနာရီ တဂါလံကို ၄၆၀၀ ကျပ် လွှင့်ပစ်လိုက်ရပြီလေ” ဟု ဖယောင်းတိုင်မီးဖြင့် ဆန္ဒပြသည့်အထဲတွင် ပါဝင်သည့် မန္တလေးမြို့ခံ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တဦးက ပြောသည်။
လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် ဖယောင်းတိုင်မီးဖြင့် ဆန္ဒပြသည့် မန္တလေးမြို့ခံများ (ဓာတ်ပုံ - သူရိန်)

သိမ်းမြေများ ပြန်မပေးလျှင် ဆန္ဒပြမည်ဟု စစ်တပ်ကို အရပ်သားများ သတိပေး


ဧရာဝတီတိုင်း မြောင်းမြမြို့နယ်တွင် ကရင်တော်လှန်ရေး ပြောက်ကျားတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့စဉ် အစိုးရတပ်က သိမ်းယူခဲ့သော ခြံမြေများကို ပြန်ရရှိရန် ပိုင်ရှင်အရပ်သားများက သမ္မထံတိုင်ကြား၍ တောင်းဆိုလျက်ရှိပြီး မရရှိပါက ဆန္ဒပြမည်ဟု ခြံပိုင်ရှင်များက စစ်တပ်ကို သတိပေး ပြောဆိုလိုက်သည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်အတွင်းတွင် တပ်မြေအဖြစ် သိမ်းရန် ကျောက်တိုင် စိုက်ထူထားသော ပင်ငိုကျေးရွာ တောင်ယာဧက ၆၁၀ ဧကမှ တနေရာ (ဓာတ်ပုံ - ဧရာဝတီ)

အခွန်နှုန်းထားများ တနှစ်တခါ စောင့်ကြည့်ထိန်းညှိသင့်

ရန်ကုန် (မဇ္ဈိမ)။   ။ ပြည်သူတို့အတွက် အဆင်ပြေသော အခွန်နှုန်းထားတရပ် ဖြစ်ရန်အတွက် သက်ဆိုင်ရာမှ တနှစ်တခါ စောင့်ကြည့်ကာ ထိန်းညှိသွားရန်လိုအပ်ကြောင်း အမေရိကန်နိုင်ငံမှ ပါမောက္ခ
ရောဘတ်ကောနတ်က မေလ ၂၅ ရက်နေ့က ပြုလုပ်သော ဟောပြောပွဲတခုတွင် ပြောကြားသွားသည်။
Reform-strategy-and-People-centered-Development-Robert-Conard
မေလ ၂၅ ရက်နေ့က ရန်ကုန်မြို့MICT တွင် ပြုလုပ်သော Reform strategy and People-centered Development ဆွေးနွေးပွဲတွင် အမေရိကန်ပါမောက္ခ Robert Conard က အခွန်ဆိုင်ရာကိစ္စများ ဟောပြောနေစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

ဓါတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာ ရခိုင်ဒေသရှိ လယ်ယာပိုင်ရှင်များအလုပ်လက်မဲ့ဖြစ်မှုများလာ

တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာတွင်ဒေသများတွင် ပါဝင်သော လယ်ယာမြေ ပိုင်ရှင်များ  လယ်လုပ်ပိုင်ခွင့်မရရှိတော့သဖြင့် အလုက်လက်မဲ့ဖြစ်သူဦးရေများလာကြောင်း စုံစမ်းသိရှိရသည်။
 

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ထိပ်ပိုင်းနေရာအတွက် ပထမအကြိမ်ညီလာခံကျင်းပ

ရခိုင်အမျိုးသားပါတီဖြစ်သည့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေး(ရတပ)ပါတီအနေဖြင့် မေလ(၃၀)ရက် နေ့တွင် စစ်တွေမြို့၌ကျင်းပမည့် ပထမအကြိမ်ပါတီညီလာခံတွင် ပါတီထိပ်ပိုင်းခေါင်းဆောင်များ အပြောင်း အလဲပြုလုပ်တော့မည်ဖြစ်သည်။

အောင်မင်္ဂလာအသင်းဝင် Taxi များ ပိုက်ဆံပိုတောင်း၊ မချေမငံဆက်ဆံပါက တိုင်ကြားနိုင်

အောင်မင်္ဂလာကားဝင်းရှိ အသင်းဝင်တက္ကစီ(Taxi)စီး ခရီးသွားများအား စိတ်အနှောက်အယှက်ဖြစ်စေသည့် အပြုအမှုများလုပ်ဆောင်မှုအပေါ် တိုင်ကြားမှုများရှိလာပါက အသင်းဝင်ယာဉ်လိုင်းမှ ထုတ်ပစ်သည်အထိ အရေးယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အမှိုက်ကန်များ သိမ်းဆည်းချိန်မမှန်၊အနံဆိုးထွက်ပါက စည်ပင်က ချက်ချင်းဆောင်ရွက်ပေးမည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ စွန့်ပစ်အမှိုက်ကန်များ အနံဆိုးထွက်ခြင်းနှင့် အမှိုက်သိမ်းဆည်းချိန်မမှန်ပါက စည်ပင်သာယာပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနသို့ တိုင်ကြားနိုင်ပြီးဌာနမှ ချက်ချင်းသန့်ရှင်းရေး စနစ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယာယီဆိုင်းဘုတ်များအား သြဂုတ်လကုန်ပိုင်းအထိ အခမဲ့ကြော်ငြာခွင့်ပြု

ရန်ကုန်မြို့ရှိ ကြော်ငြာဆိုင်းဘုတ်များအနက်မှ အချို့အား လာမည့်သြဂုတ်လကုန်ပိုင်းအထိ (၅)လ တာ အခမဲ့ကြော်ငြာ ခွင့်ပြုပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင် နီယာဌာနက သိရှိရသည်။
 

စတုတ္ထမြောက်ဆူးလေဆုတောင်းပွဲ လူထောင်ချီဖြင့် ဆက်ကျင်းပ ၊ အင်အားပြရိုက်နှက်မှုအား ဦးဆောင်သူများရှုံ့ချ

မေလ(၂၅) ရက်နေ့က ရန်ကုန်မြို့တွင် စတုတ္ထမြောက်ဆူးလေဆုတောင်းပွဲကျင်းပရာ ယမန်နေ့များထက် လူအင်အားပိုမိုများခဲ့ကြောင်းနှင့် လုံခြုံရေးယူထားသောရဲတပ်ဖွဲ့ဝင်များသည် ငြိမ်းချမ်းစွာတောင်းဆိုသူများ၏ အဝေးမှသာ လုံခြုံရေးယူထားကြောင်း သိရှိရသည်။
 

လျှပ်စစ်မီးအလှည့်ကျစနစ်ကြောင့် မီးစက်အသုံးပြုလုပ်ငန်းများတွင် ဈေးနှုန်းပိုမိုကောက်ခံလာ

လျှပ်စစ်မီးအလှည့်ကျစနစ်ဖြင့် ပေးဝေနေ၍ မီးစက်အသုံးပြုလုပ်ကိုင်နေရသောစီပွားရေးလုပ်ငန်းများမှာ ယခင်ကထက်   ဈေးနှုန်းများပိုမိုကောက်ခံလာကြောင်း ပြည်သူများကဆိုသည်။
 

စပါးစိုက်ရာတွင် ဆည်မြောင်းအသုံးချနိုင်မှုမှာ ၁၆.၇ % သာရှိ၊ မြစ်ရေတင်စနစ်ဖြင့် အစားထိုးနိုင်

မြန်မာနိုင်ငံ၏စပါးထွက်ရှိရာ ဒေသများတွင် ဆည်မြောင်းများမဆောက်ဘဲ မြန်မာနိုင်ငံအလယ်ပိုင်းတွင် အဓိကထား တည်ဆောက်နေသောကြောင့် စပါးစိုက်တောင်သူများအနေဖြင် ဆည်မြောင်းများအား အသုံးချနိုင်မှုအားနည်းနေသေးကြာင်း စိုက်ပျိုးရေးပညာရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။
 

စက်ရုံ ၂ ရုံက အလုပ်သမားတွေ တောင်းဆိုချက်ရပြီ

စက်ရုံ ၂ ရုံက အလုပ်သမားတွေ တောင်းဆိုချက်ရပြီ
2012-05-26
အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုနေတဲ့ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံက အထည်ချုပ် စက်ရုံ ၂ ရုံမှာ အလုပ်ရှင်က လိုက်လျောတဲ့အတွက် ဒီနေ့ ပြေလည်မှုရသွားပြီလို့ သတင်းရရှိပါတယ်။
RFA

ရွေညဝါ ဆရာတော် အလုပ်သမားတွေကို ဆက်လက်ကူညီ

ရွေညဝါ ဆရာတော် အလုပ်သမားတွေကို ဆက်လက်ကူညီ
2012-05-26
အလုပ်သမား အခွင့်အရေး ရပိုင်ခွင့်တွေကို တောင်းဆို ဆန္ဒပြနေတဲ့ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုံမှာ ရှိတဲ့ Yangon Crown ရန်ကုန်သရဖူ သံမဏိစက်ရုံက အလုပ်သမားတွေကို ရွှေည၀ါဆရာတော်က တနေ့ ထမင်းနှစ်နပ်စာ ဒီနေ့လည်း ဆက်လက်လှူဒါန်း ပါတယ်။

RFA

အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာခရီးစဉ်စတင်

India နိုင်ငံဝန်ကြီးချုပ် Manmohan Singn ဟာ သမိုင်းတွင်မယ့် ခရီးစဉ်တခုအဖြစ်နဲ့ မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိမှာဖစ်ပါတယ်။ ၂၅ နှစ်အတွင်း India ဝန်ကြီးချုပ်တဦးရဲ့ မြန်မာနိုင်ငံ ပထမဆုံးခရီး စ