Tuesday, May 22, 2012

Grand Royal စက်ရုံအခြေခံလုပ်သားများက အလုပ်ရှင်အားပုဒ်မ(၅၁)အရအရေးယူပေးပါရန် အလုပ်သမားဝန်ကြီးဋ္ဌာနသို့ တောင်းဆို

မေလ ၂၁ ရက်နေ့တွင် Grand Royal စက်ရုံမှ အခြေခံအလုပ်သမားများသည်အလုပ်ရှင်အား အလုပ်သမားအက်ဥပဒေ ပုဒ်မ (၅၁)အရ အရေးယူပေးပါရန်အလုပ်သမားဝန်ကြီးဋ္ဌာနသို့ တင်ပြတောင်းဆိုခဲ့ကြောင်း သိရှိရသည်။
 

နှစ်သိန်းဖုန်းများ ဘီလ်အချင်းချင်းငွေလွှဲပြောင်းပေးနိုင်တော့မည်

ကျပ်နှစ်သိန်းတန် GSM ဖုန်းနှင့် နှစ်သိန်းခွဲတန် WCDMA ဖုန်းလိုင်းများတွင် အချင်းချင်း ငွေလွှဲပြောင်း အသုံးပြုနိုင်သော ဘီလ်စနစ်အား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဂုဏ်ထူးဆောင်ဘွဲ့တစ်ခု ဒေါ်အောင်ဆန်းစုကြည် ထပ်မံရရှိ

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်၊ Johns Hopkins တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီ ရရှိရေး ငြိမ်းချမ်းစွာ တိုက်ပွဲဝင်မှုအတွက် ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်လိုက်ပါတယ်။

NLD
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမြို့ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံနှုတ်ဆက်နေစဉ်။
အခုလို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ရတာနဲ့ ပတ်သက်ပြီး Johns Hopkins 

မန္တလေးတွင် လူဖမ်းပွဲကြီးစနေပါပြီ

ယနေ့မနက်ပိုင်းတွင် ယမန်နေ့ညများတွင်ပြုလုပ်ခဲ့သော ၂၄နာရီ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ပါတ်သက်ခဲ့သူ အချို့အား သက်ဆိုင်ရာမှ ခေါ်ယူမေးမြန်း စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။

လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖေါ်သူများ ရဲသတင်းတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးနေ

နံနက် ၁၀နာရီခွဲ၊ မေလ ၂၂ ရက်၊ ၂၀၁၂ ခုနှစ် (YPI)

မန္တလေးမြို့၌ မေလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့ညများက လျှပ်စစ်မီးရရှိရေးအတွက် ဖယောင်းတိုင်များဖြင့် ဆန္ဒထုတ်ဖေါ်ခဲ့သူများထဲမှ ဦးဆောင်သူ ၁၉ ဦးကို ရဲသတင်းတပ်ဖွဲ့က ယနေ့နံနက် ၆ နာရီမှ ခေါ်ယူစစ်ဆေးလျှက်ရှိရာ သတင်းရရှိချိန် နံနက် ၁၀ နာရီထိ ပြန်မလာသေးကြောင်း ခေါ်ယူခံရသူ၏ မိတ်ဆွေတဦးက ပြောသည်။

သူနာပြုဆရာမများ၏ ဒုက္ခ

 ရန်ကုန်တိုင်း ဒေသကြီးတွင် ယခင် တိုင်းကျန်းမာရေးဦးစီးဌာနမှူးတာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာလှမြင့်သည် သူနာပြုဆရာမများကို ရာထူးတိုးစာမေးပွဲဖြေဆိုခိုင်းခဲ့ပါသည်။ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၊ ဆေးရုံများမှ ဆရာမများအားလုံး ၁၅၀ နီးပါးခန့်ဖြေဆိုကြရပါသည်။ 

ပိတ်ဆို့မှု ဆိုင်းငံ့ရေး ဆုံးဖြတ်ချက် ၀န်ကြီးကလင်တန် ဒေါ်စုနဲ့ဆွေးနွေး

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖုံးနဲ့ဆက်သွယ်ပြီး မြန်မာနိုင်ငံတွင်း အပြောင်းအလဲတွေ စိတ်ချရအောင် အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ဒဏ်ခတ်နိုင်တဲ့ လုပ်ပိုင်ခွင့်တွေကို ဆက်ပြီး ထားရှိသွားမယ်ဆိုတာ ပြောဆိုခဲ့ပါတယ်။
  မြန်မာနိုင်ငံရေး စိုးရိမ်ချက်တွေနဲ့ ပတ်သက်လို့လည်း နှစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ဖြိုးဝေအောင် အသည်းကင်ဆာ နောက်ဆုံးအဆင့်ရောက်

 ၂၀၁၀ ခုနှစ်သင်္ကြန်ကာလ ဗုံးပေါက်ကွဲမှုနဲ့ စွပ်စွဲခံရပြီးသေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်သား ကိုဖြိုးဝေအောင် အသည်း ကင်ဆာရောဂါ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်တာကြောင့် ဆရာဝန်ရဲ့ စစ်ဆေးချက်အရ လပိုင်းလောက်ပဲ အသက်ရှင်သန်ခွင့် ရှိတော့မှာဖြစ်ကြောင်း မိသားစု က ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အင်းစိန် နှင့် လှိုင် NLD ရုံးဖွင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

လှိုင် NLD ရုံးဖွင့်ပွဲသို့ ပြည်သူများ ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ကြိုဆိုစဉ်

(၂၁.၅.၂၀၁၂)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်
မေလ ၂၁ ရက်နေ့ ညနေ ၃း၃၀ အချိန်တွင် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် NLD
ရုံခန်းဖွင့်ပွဲကို တတ်ရောက်ခဲ့ပါတယ်။ အဲဒီနောက် ညနေ ၅း၃၀ အချိန်တွင် လှိုင်မြို့နယ်
NLD ရုံခန်းဖွင့်ပွဲကို ဆက်လက်တတ်ရောက်ခဲ့ပါတယ်။

မန္တလေး လျှပ်စစ်မီးရရှိရေး ဒုတိယ မြောက်နေ့ ဆန္ဒပြပွဲမှ ပြည်သူတွေနဲ့ ဆရာတော်ဦးဝိရသူ (ရုပ်/သံ)

လျှပ်စစ်မီး  ပြတ်တောက်မှုကြောင့် စီတန်း လှည့်လည် ဆန္ဒပြမှုများ ဖြစ်ပွားနေတဲ့ မန္တလေး မြို့တော်မှာ လျှပ်စစ်မီး ရရှိရေးအတွက်  မေလ ၂၁ ရက် ဒုတိယနေ့ မှာလည်း ဆက်လက် ဆန္ဒပြခဲ့ပါတယ်။


UNDP က မြန်မာနိုင်ငံတွင် သုံးနှစ်စီမံချက်ဖြင့် လုပ်ငန်းများကူညီရန် ဒေါ်လာ ၁၄၄ သန်း ကူညီပေးသွားမည်

ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP က မြန်မာနိုင်ငံတွင် သုံးနှစ်စီမံချက်ဖြင့် လုပ်ငန်းများ ကူညီပေးရန် အမေရိကန်ဒေါ်လာ ၁၄၄ သန်း ကူညီသွားမည်ဟု New Light of Myanmar သတင်းစာတွင် ဖော်ပြထားသည်။

 အမေရိကန်နိုင်ငံ၏ စက်မှုလုပ်ငန်းစုကြီးများဖြစ်သည့် General Electric ကုမ္ပဏီနှင့် Caterpillar Inc တို့ မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် တာစူနေ

မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံမှ စီးပွားရေးပိတ်ဆို့မှုများ ဆိုင်းငံ့လိုက်အပြီးတွင် အမေရိကန်၏ စက်မှုလုပ်ငန်းစုကြီးများဖြစ်သည့် General Electric ကုမ္ပဏီနှင့် Caterpillar ကုမ္ပဏီတို့မှာ မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် တာစူနေကြပြီဟု ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
လူဦးရေ သန်း ၆၀ နီးပါးရှိသော မြန်မာနိုင်ငံသည် စွမ်းအင်လုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း၊ စိုက်ပျိုးရေးဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများ၊ ငွေကြေးနှင့် ခရီးသွားကဏ္ဍတို့တွင် စီးပွားရေးလုပ်ကိုင်ရန် အခွင့်အလမ်းများ စွာရှိနေသည်ဟု စီးပွားရေးကျွမ်းကျင်သူများက သုံးသပ်လျက်ရှိကြသည်။

 ၂၀၁၂ ခုနှစ် မိုးရာသီ ကာလအတွင်း မြန်မာနိုင်ငံ၌ မိုးရွာသွန်းမှု အခြေအနေများ ပုံမှန်ရှိမည် မဟုတ်ဟု သိရ

၂၀၁၂ ခုနှစ် မိုးရာသီကာလ အတွင်း မြန်မာနိုင်ငံတွင် မိုးရွာသွန်းမှု အခြေအနေများ ပုံမှန်ရှိမည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် International Research Institute (IRI) က ခန့်မှန်းထုတ်ပြန်ထားသည် ဟု သတင်းရရှိပါသည်။

မြန်မာနိုင်ငံမှသတင်းများကို Asia News Network (ANN)မှတစ်ဆင့် အာရှနိုင်ငံများက မကြာမီ ဖတ်ရှုနိုင်တော့မည်

မြန်မာနိုင်ငံမှ ထူးခြားသတင်းများကို Asia News Network (ANN) မှတစ်ဆင့် အာရှနိုင်ငံများက မကြာမီ ဖတ်ရှုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ Nation Media Group နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ MoU ထိုးထားပြီးပါပြီ။ မကြာမီမှာ English Version  ၀က်ဘ်ဆိုက်ကနေ မြန်မာနိုင်ငံရဲ့ ထူးခြားသတင်းဖြစ်စဉ်တွေကို လက်ရှိ

အမြန်ချောပို့လုပ်ငန်း (EMSI ) အား နှစ်ရှည်ငှားရမ်း လုပ်ကိုင်ခွင့်ရရှိရန် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီသုံးခုက ကမ်းလှမ်းထားကြောင်း သိရ



73314
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန လက်အောက်ရှိ စမ်းချောင်းမြို့နယ် ဟံသာဝတီအ၀ိုင်းမှ
EMSI (Express Mail Services International ) ဌာနအား တွေ့ရစဉ်
ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေး နန်းဝန်ကြီးဌာန လက်အောက်ရှိ အမြန်ချောပို့လုပ်ငန်း EMSI (International Express Mail Services) အား ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီသုံးခုက နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့် ရရှိရန် ၀န်ကြီးဌာနသို့ ကမ်းလှမ်းထားကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။