
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်မှန် ရပ်ကွက်တွင် မေလ
၉ရက်နေ့ နံနက်ပိုင်းက ဆေးလိပ်မီးမှတစ်ဆင့် မီးလောင်ကျွမ်းမှုတစ်ရပ်
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မေလ ၉ရက်နေ့ နံနက် ၃နာရီ ၂၅မိနစ်ခန့်က
၆၆ လမ်း၊ ၂၇လမ်းနှင့် ၂၈လမ်းကြား ရှိ မန်းမြန်မာဆောက်လုပ်ရေး
သစ်အချောထည်ဂိုဒေါင်ညစောင့်မှ သစ်သားရေပေါ်စက်ခုံပေါ်တွင်
စီးကရက်မီးတင်ထားခဲ့ရာ ပြုတ်ကျပြီး ရေပေါ်စသို့
ကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ နံနက် ၄နာရီ ၃၀မိနစ်ခန့်တွင်
မီးငြိမ်းသတ်နိုင်ခဲ့ ကြောင်း မန္တလေးတိုင်းမီးသတ် ဦးစီးဌာနမှ သိရှိရသည်။