Friday, May 24, 2013

ကမ္ဘာ့ဘဏ်မှ ကျွန်းစုမြို့နယ်ရှိ ကျေးရွာအုပ်စု ၂၀ အား တစ်အုပ်စုကို တစ်နှစ်ဒေါ်လာ၂၇၀၀၀ ထောက်ပံ့မည်



5.24.8
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု တစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ- ဇော်မိုးဦး(မြိတ်))
ကမ္ဘာ့ဘဏ်မှ ကျွန်းစုမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၂၀ အား သုံးနှစ်စီမံကိန်းဖြင့် တစ်နှစ်လျှင် ကျေးရွာအုပ်စု တစ်အုပ်စုစီကို အမေရိကန်ဒေါ်လာ ၂၇၀၀၀ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းတွင် ဖွံ့ဖြိုးမှုအား အနည်းဆုံးနှင့် အဆင်းရဲဆုံးအဖြစ် သတ်မှတ်ခံရသည့် ကျွန်းစုမြို့နယ်အား ကမ္ဘာ့ဘဏ်မှ လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသား စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ဖွံ့ဖြိုးမှုအားနည်းသည့် ကျေးရွာအုပ်စုပေါင်း ၆၄၀ ကို အမေရိကန်ဒေါ်လာ သန်း ၈၀ ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် မေ ၂၀ ရက် တွင် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Dr.Jim Yong kim နှင့် အမေရိကန်တွင် တွေ့ဆုံရာ၌ ကျေးလက်ဒေသနေ ပြည်သူများ၏ လူမှုစီးပွားဘ၀မြှင့်တင်ရေး၊ အခြေခံ အဆောက်အအုံများ တည်ဆောက်ရေးတို့တွင် ငွေကြေးအကူအညီများ ပေးအပ်ရေးတို့ကို ဆွေးနွေးခဲ့...


အဆိုပါ ထောက်ပံ့ပေးမည့် အစီစဉ်ကို ၂၀၁၅ ခုနှစ်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်း၏ ရည်ရွယ်ချက်များမှာ ဆင်းရဲနွမ်းပါးသော ကျေးလက်နေ လူထုအနေဖြင့် အခြေခံ လူမှုစီးပွား အဆောက်အအုံများနှင့် ၀န်ဆောင်မှုများကို လူထုဗဟိုပြုစနစ် ကျင့်သုံး၍ ရယူသုံးစွဲနိုင်စေရန်၊ ဌာနဆိုင်ရာ ၀န်ထမ်းနှင့် ကျေးလက်နေ ပြည်သူလူထု၏ စွမ်းဆောင်ရည်နှင့် အရည်အသွေးများကို မြှင့်တင်ပေးရန်၊ ဖြစ်လာနိုင်သည့် ဘေးအန္တရာယ်များနှင့် အရေးပေါ် အခြေအနေများတွင် ထိရောက်စွာ တုံ့ပြန်နိုင်စေရန် ဖြစ်ကြောင်း သိရသည်။
ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများမှာ တစ်ရွာနှင့်တစ်ရွာ အလှမ်းဝေးသည့်အတွက် စီမံကိန်း ဆောင်ရွက်ရာတွင် အခက်အခဲ အနည်းငယ် ရှိနိုင်ကြောင်း ပြည်သူများ အနေဖြင့် အောင်မြင်အောင် လုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း ကမ္ဘာ့ဘဏ်မှ Task Team Leader ဖြစ်သူ Mr. Markus Kostner က ပြောကြားသည်။
သမ္မတဦးသိန်းစိန်သည် မေ ၂၀ ရက် တွင် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Dr.Jim Yong kim နှင့် အမေရိကန်တွင် တွေ့ဆုံရာ၌ ကျေးလက်ဒေသနေ ပြည်သူများ၏ လူမှုစီးပွားဘ၀မြှင့်တင်ရေး၊ အခြေခံ အဆောက်အအုံများ တည်ဆောက်ရေးတို့တွင် ငွေကြေးအကူအညီများ ပေးအပ်ရေးတို့ကို ဆွေးနွေးခဲ့သည်။
ကမ္ဘာ့ဘဏ်မှ ထောက်ပံ့မည့် ကျေးရွာအုပ်စု ၂၀ မှာ တောပြား၊ သန္တုတ်၊ ကံမော်၊ မောင်းလှော်၊ ရေမြစ်ကြီး၊ ကဘင်း၊ စခန်းသစ်၊ ဇေးကမိ၊ ကျွဲခရန်၊ ကပ၊ မအိုင်၊ ကတ္တလူ၊ မင်းဂုတ်၊ ၀ါရစ်၊ ရေကန်တောင်၊ မဲတော၊ ညောင်ဘီး၊ ကမ်းကြီး၊ ဘန္ဒနဲ၊ ကော်ဇယာတို့ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။