Friday, May 24, 2013

လေးနိုင်ငံ နယ်စပ်ကုန်သွယ်ရေး အင်တိုက်အားတိုက် လုပ်မည်ဟု အိန္ဒိယ-တရုတ် ဆွေးနွေး

ရန်ကုန် (မဇ္ဈိမ)။      ။ ဝန်ကြီးချုပ်မန်မိုဟန်ဆင်းနှင့် Li Keqiang တို့သည် အရှေ့မြောက်ဒေသ အခြေခံ အဆောက်အုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများကို မျှော်လင့်လျှက်ရှိသည်။

မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများအတွက်လည်း ကြီးမားသည့် စီးပွားရေးဒေသ တခုအဖြစ် ပါဝင်လာနေကြောင်း ၂၁ ရက်နေ့ထုတ် The telegraph သတင်းစာက ရေးသားသည်။



အဆိုပါ ဒေသတွင်း စီးပွားရေး ကော်ပိုရေးရှင်းများအတွက် အခွင့်အလမ်းသစ်များ ဖွင့်လှစ်သွားမည် ဖြစ်ပြီး
နှစ်နိုင်ငံ မြန်မြန်ဆန်ဆန် တိုးတက်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အိန္ဒိယ- တရုတ် နှစ်နိုင်ငံ
ဆွေးနွေးပြီးနောက် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မန်မိုဟန်ဆင်းက ပြောဆိုလိုက်ကြောင်း သိရသည်။

ဝန်ကြီးချုပ် က “မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများ၊ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများနှင့်အတူ အိန္ဒိယ၏ အရှေ့မြောက်ဒေသ အားချိတ်ဆက်ရန် ဖြစ်နိုင်သမျှ အခြေခံ အဆောက်အအုံ များ ဖွံဖြိုးရေး အတွက် ကျနော်တို့ ဆွေးနွေး ကြတယ်” ဟု ပြောဆိုသည်။

တရုတ်နိုင်ငံ အကြီးအကဲ Li Keqiang က မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် လေးနိုင်ငံအား စီးပွားရေး စင်္ကြန်သဖွယ် အလေးဂရုပြု တင်စားလိုက်ပြီး “စင်္ကြန်သဖွယ် စီးပွားရေးလမ်းကြောင်းများ ထူထောင်ပြီး အင်တိုက် အားတိုက် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ကြပါမယ်။ ဒီနည်းလမ်းနဲ့သာ အရှေ့အာရှ နဲ့ တောင်အာရှ အကြား ဖွံ့ဖြိုး တိုးတက်လာပါ မယ်၊ ဒီကိစ္စရပ်များအတွက် ဆက်လက် စူးစမ်း
လေ့လာ ဆောင်ရွက်ဖို့ ကျနော်တို့ နှစ်နိုင်ငံ သဘောတူ ထားပါတယ်” ဟု အိန္ဒိယနိုင်ငံသို့ အလည်အပတ်
ရောက်ရှိနေသည့် တရုတ်နိုင်ငံ အကြီးအကဲ က ပြောကြားခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှာ အာဆီယံနိုင်ငံများနှင့် တောင်အာရှ နိုင်ငံများအကြား ကုန်မြေ ဆက်သွယ် ပေါင်းကူးပေး သည့် ဂိတ်တံခါးမကြီးတခု ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။