Friday, May 24, 2013

၁၉၈၈ ခုနှစ် သွေးထွက်သံယိုမှုများဖြင့် စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးအဖြစ် ဂျပန်ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ ယနေ့လာရောက်မည်


မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်တွင် သွေးထွက်သံယိုမှုများဖြင့် စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးအဖြစ် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မြန်မာနိုင်ငံသို့ ယနေ့(မေ ၂၄ ရက်)တွင် လာရောက်မည် ဖြစ်သည်။
ရှင်ဇိုအာဘေး၏ ခရီးစဉ်သည် သုံးရက်တာ ကြာမြင့်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် တရုတ်၏ လွှမ်းမိုးမှုကို တန်ပြန်ရန်နှင့် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ရည်ရွယ်ထားသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ မြန်မာနိုင်ငံ ခရီးစဉ်သည် မေ ၂၄ ရက် (ယနေ့) တွင် စတင်မည်ဖြစ်သည်။

ဂျပန်စီးပွားရေး လုပ်ငန်းရှင် အများအပြားလည်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်အတူ လိုက်ပါလာမည်ဖြစ်သည်။
သုံးရက် ကြာမြင့်မည့် ဂျပန်ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံသို့ လာရောက်လည် ပတ်မှုသည် နှစ်ပေါင်း ၃၆ နှစ်အတွင်း ပထမဆုံး အကြိမ်ဖြစ်ပြီး ၁၉၇၇ ခုနှစ်တွင် ဂျပန်ဝန်ကြီးချုပ် တာကီယိုဖုကုဒသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ဂျပန်နိုင်ငံ၏ ကူညီပံ့ပိုးမှုကို မြှင့်တင်ရန်အတွက် လာရောက်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ရှင်ဇိုအာဘေးသည် ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ အတိုက်အခံခေါင်းဆောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက် ဖြစ်ထွန်းရေး ဂျပန်နိုင်ငံက ကူညီသွားမည့် အကြောင်းတို့ကို အဓိက ဆွေးနွေးသွားဖွယ် ရှိသည်။
ထို့အပြင် ရှင်ဇိုအာဘေးသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူနည်းစုဒေသများတွင် ကျောင်းများ ဆောက်လုပ်ပေးခြင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် နည်းပညာ အကူအညီပေးခြင်း စသည့် အစီအစဉ်ကိုလည်း ခရီးစဉ်အတွင်း ကြေညာ ဖွယ်ရှိသည်ဟု သိရသည်။
ရှင်ဇိုအာဘေးသည် ၂၀၀၆ ခုနှစ် စက်တင်ဘာလမှ ၂၀၀၇ ခုနှစ် စက်တင်ဘာလအထိ ဂျပန်ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့ဖူးပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း အငယ်ဆုံး ဂျပန်ဝန်ကြီးချုပ် ဖြစ်ခဲ့သည်။ ဂျပန်စစ် ရာဇ၀တ်သားများကို မြှုပ်နှံထားသော ရာစုကုနိဂူဗိမာန်ကို ရှင်ဇိုအာဘေးက သွားရောက်လည်ပတ်ခဲ့သည်ဟု ဂျပန်မီဒီယာများက ၂၀၀၆ ခုနှစ် သြဂုတ်လတွင် ဖော်ပြခဲ့ရာ ဂျပန်နှင့် တောင်ကိုရီးယား အစိုးရတို့က အဆိုပါ သွားရောက်လည်ပတ်မှုအတွက် စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ ထို့အတွက် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် နိုင်ငံခြားရေးဝန်ကြီး တာယိုအာဆိုတို့က ရာစုကုနိသို့ သွားရောက်လည်ပတ်မှု မှန်သမျှသည် ပြည်တွင်းရေးသာ ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

ဂျပန်နိုင်ငံ၏ အိုဒီအေ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံ၏ အခြေခံအ ဆောက်အအုံကဏ္ဍဖွံ့ဖြိုးတိုးတ  မြန်မာပြည်သူများ၏ ဘ၀တိုးတက်ဖွံ့ ဖြိုးရေးကို
အထောက်အပံ့ဖြစ်စေရန် လိုအပ်ပြီး အကယ်၍ ကုမ္ပဏီကြီးများ၏ အကျိုးစီးပွားကိုသာ အထောက်ဖြစ်စေမည်ဆိုပါက မြန်မာ ပြည်သူများ၏
 ကြိုဆိုမှုခံရမည် မဟုတ်သလို မြန်မာ-ဂျပန် ဆက်ဆံရေးသည်လည်း အားကောင်းလာနိုင်မည် မဟုတ်ပေ .

သို့ရာတွင် ရှင်ဇိုအာဘေးသည် ၀န်ကြီးချုပ်သက်တမ်း တစ်နှစ်အတွင်း အစိုးရ အဖွဲ့ဝင် ၀န်ကြီးအချို့၏ ငွေကြေးအရှုပ်တော်ပုံနှင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမှု၊ အထက်လွှတ်တော် ရွေးကောက်ပွဲတွင် အာဘေး၏ပါတီ အကြီးအကျယ် ရှုံးနိမ့်မှုတို့သည် ပြည်သူအကြား ရေပန်းမစားတော့ဘဲ ရှိလာရာ ၂၀၀၇ ခုနှစ် စက်တင်ဘာ ၁၂ ရက်တွင် ရှင်ဇိုအာဘေးက ၀န်ကြီးချုပ် ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း ရုတ်တရက်ကြေညာပြီး ရာထူးမှ နုတ်ထွက်ခဲ့သည်။
ထို့နောက် ရှင်ဇိုအာဘေးသည် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရာ ထပ်မံ အနိုင်ရရှိခဲ့ပြီး အတိုက်အခံ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်တွင် ဂျပန်လွှတ်တော်က ရှင်ဇိုအာဘေးအား ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့သည့်အတွက် ၎င်းသည် ဂျပန်ဝန်ကြီးချုပ် တစ်ဖန်ပြန်ဖြစ်လာခဲ့သည်။
ရှင်ဇိုအာဘေးက ၎င်း၏ ပထမဦးစားပေးမှာ အားနည်းနေသော ဂျပန်နိုင်ငံ၏ စီးပွားရေး တိုးတက်ကောင်းမွန်လာရေး ဖြစ် ကြာင်း ပြောကြားခဲ့ပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံရေးကို အားပေးသည့် စီးပွားရေးမူဝါဒများကို အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ဆိုသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ လက်ထက်တွင် ဂျပန်နိုင်ငံ၏ စီးပွားရေး မှာလည်း တိုးတက်ကောင်းမွန်လာခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာလမှစ၍ ဂျပန်နိုင်ငံ၏ စတော့ဈေးကွက်မှာ ရာခိုင်နှုန်း ၄၀ ခန့် တိုးတက်လာသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံသည် ဂျပန်စစ်လျော်ကြေးကို ပထမဆုံး လက်ခံသည့် အရှေ့တောင်အာရှ နိုင်ငံဖြစ်ပြီး ၁၉၅၅ ခုနှစ်တွင် ဖြစ်သည်။ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖိုးရှိသည့် ဂျပန်ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုကို ၁၉၅၅ ခုနှစ်မှ ၁၉၆၅ ခုနှစ် ၁၀ နှစ်အတွင်း ပေးအပ်ခြင်းဖြစ်သည်။ အဆိုပါ ငွေများဖြင့် ရေအားလျှပ်စစ် စီမံကိန်း၊ အကြီးစား စက်မှုစီမံကိန်း လေးခုတို့ကို ဆောင်ရွက်ခဲ့သည်။ အဆိုပါ စက်မှုစီမံကိန်း လေးခုကို Matsuda Motors, Hino Corp., Kubota Corp., National Corp., တို့က အကောင်အထည် ဖော်ခဲ့သည်ကို တွေ့ရသည်။
စိတ်ဝင်စားစရာ ကောင်းသည်မှာ အဆိုပါ စီမံကိန်းများတွင် ဂျပန်နိုင်ငံမှ ထုတ်လုပ်သည့် စက်ပစ္စည်း အစိတ်အပိုင်းများကိုသာ အဓိက အားထားခဲ့ပြီး မြန်မာနိုင်ငံတွင် ပြန်လည်တပ်ဆင်ခဲ့ရုံမျှသာ ဖြစ်ကာ နည်းပညာ လွှဲပြောင်းပေးမှုမျိုး မရှိခဲ့ပေ။
သို့ရာတွင် ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံသို့ စစ်လျော်ကြေးပေးမှု ပြီးဆုံးသွား ခဲ့သော်လည်း မြန်မာနိုင်ငံသို့ အကူအညီ ဆက်လက်ပေးခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံမှ ရရှိသော အိုဒီအေ စုစုပေါင်း ၏ ၇၈ ရာခိုင်နှုန်းသည် ဂျပန် အိုဒီအေဖြစ်သည်ကို တွေ့ရသည်။
စီးပွားရေး ချွတ်ခြုံကျမှုများကို ကြုံတွေ့ခဲ့ရသော်လည်း ဗိုလ်ချုပ်ကြီးနေ၀င်း၏ အာဏာချုပ်ကိုင်မှု ကြာရှည်ခဲ့ရခြင်းသည် အဆိုပါ ငွေကြေးအကူအညီ အထောက်အပံ့များကြောင့်လည်း ဖြစ်သည်ဟု ပညာရှင် များက ထောက်ပြကြသည်။
အဆိုပါနှစ်များအတွင်း ဂျပန်နိုင်ငံမှ ရရှိသောအကူအညီသည် အများအပြား ဖြစ်သော်လည်း အများပြည်သူ အကျိုးရှိအောင် အသုံးမချနိုင်ဘဲ ဖြစ်ခဲ့သည်ကို တွေ့ရသည်။ သို့ရာတွင် ဂျပန်နိုင်ငံမှ ဆက်လက်ထောက်ပံ့ခဲ့ရာ ယင်းသည် မြန်မာ-ဂျပန်ကြားတွင် 'အထူးဆက်ဆံရေး' ရှိနေသည်ကို ဖော်ပြနေ သည်။
ရဲဘော်သုံးကျိပ်ဝင်များသည် ဂျပန်နိုင်ငံတွင် စစ်ပညာ သင်ကြားခဲ့ရာ တော်လှန်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နေ၀င်းသည်လည်း တစ်ဦးအပါအ၀င်ဖြစ်သည်။
၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန် မာအစိုးရနှင့် ဂျပန်အစိုးရကြား ဆက်ဆံရေး ကောင်းမွန်ခဲ့မှုသည် ဂျပန်နိုင်ငံ၏ အိုဒီ အေထောက်ပံ့မှုသည် အဓိကအချက်တစ် ချက် ဖြစ်ခဲ့ပြီး နိုင်ငံခေါင်းဆောင်များ၏ ပုဂ္ဂိုလ်ရေးဆက်နွှယ်မှုသည်လည်း အချက် တစ်ချက် ဖြစ်ခဲ့သည်။
၁၉၆၀ ပြည့်လွန်နှစ်များနှင့် ၁၉၇၀ ပြည့်လွန်နှစ်များတွင် မြန်မာနိုင်ငံသို့ ဂျပန်ဝန်ကြီးချုပ် လေးဦး တရားဝင် လာရောက်လည်ပတ်ခဲ့သလို ဗိုလ်ချုပ်ကြီးနေ၀င်းသည် လည်း ဂျပန်နိုင်ငံသို့ ၁၉၆၆ ခု နှစ်မှ ၁၉၈၁ ခုနှစ်အထိလေးကြိမ် သွားရောက်လည်ပတ်ခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်တပ်က ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် ဂျပန်အစိုးရသည် မြန်မာနိုင်ငံသို့ ပေးအပ်ခဲ့သော စီးပွားရေး အကူအညီအထောက်အပံ့ များကို ရပ်ဆိုင်းခဲ့သလို မြန်မာ-ဂျပန် ဆက်ဆံရေး သည်လည်း ပြောင်းလဲသွားခဲ့သည်။
မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ ၂၀၁၁ ခုနှစ် မတ် လတွင် တက်လာပြီးနောက်ပိုင်း နိုင်ငံရေး နှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်လာ၍ ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော် ဆောင်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး နှင့် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးတို့တွင် ကူညီထောက်ပံ့မှုများကို ပိုမိုပြုလုပ်လာခဲ့ သည်။ ထို့ပြင်မြန်မာနိုင်ငံက ဂျပန်နိုင်ငံသို့ ပေးဆပ်ရန်ရှိသည့် ကြွေးမြီများကိုလည်း လျော်ပစ်ခဲ့သည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံတွင် အ စိုးရနှင့် လူနည်းစုတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအကြားရင်ကြားစေ့ရန်မြန်မာ နိုင်ငံတွင် အမျိုးသားရင်ကြားစေ့ရေးအ တွက် ဂျပန်အစိုးရ၏အထူးကိုယ်စားလှယ် အဖြစ် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ရိုဟေး ဆာဆာကာဝါအား ယခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က ခန့်အပ်ခဲ့သည်။
ထို့အတူ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ နှင့် ပထမဆုံးအကြိမ်အဖြစ် မြန်မာ-ဂျပန် လူ့အခွင့်အရေးဆွေးနွေးပွဲကိုလည်း နေပြည် တော်တွင် ဖေဖော်ဝါရီ ၁၁ ရက်က ကျင်းပ ခဲ့ပြီး အမျိုးသားလူ့အခွင့်အရေးကော်မရှင် ၏ဆောင်ရွက်ချက်များ၊ ငြိမ်းချမ်းရေးဆွေး နွေးနေမှုများ၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှု၊ လူ့အခွင့်အရေးအတွက် ဂျပန် နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ကူညီ ထောက်ပံ့မှုများကို အမြင်ချင်းဖလှယ်ခဲ့ကြ သည်။
ယခုနှစ်ဧပြီလတွင် သွားရောက်ခဲ့သည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ ဂျပန်နိုင်ငံခရီးစဉ်အတွင်း ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေးနှင့် စီးပွားရေး တိုးတက်ရေးအတွက် ကူညီမည်ဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံ၏ အနာဂတ်တည်ဆောက် ရေးတွင် ကူညီမည်ဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်အား ပြောကြားခဲ့သည်။
တရားဝင်ဖွံ့ဖြိုးရေး အကူအညီ (အိုဒီအေ)မှ တစ်ဆင့် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးရေး ကူညီသွား မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဂျပန် နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုများ တိုးမြှင့်လို ကြောင်းကိုလည်း ရှင်ဇိုအာဘေးက မြန်မာ နိုင်ငံသို့ မလာရောက်မီထုတ်ဖော်ပြောကြား ထားသည်။
ဂျပန်နိုင်ငံ၏ အိုဒီအေအထောက်အပံ့ ဖြင့် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အ အုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် မြန်မာပြည် သူများ၏ ဘ၀ တိုးတက်ဖွံ့ဖြိုးရေးကို အ ထောက်အပံ့ဖြစ်စေရန် လိုအပ်ပြီး အကယ် ၍ ကုမ္ပဏီကြီးများ၏ အကျိုးစီးပွားကိုသာ အထောက်အပံ့ဖြစ်စေမည်ဆိုပါက မြန်မာ ပြည်သူများ၏ ကြိုဆိုမှု ခံရမည် မဟုတ် သလိုမြန်မာ-ဂျပန်ဆက်ဆံရေးသည်လည်း အားကောင်းလာနိုင်မည် မဟုတ်ပေ။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။