ရခိုင်ပြည်နယ် မြေပုံမြို့အနီး ကုန်တင်သင်္ဘောကြီးတစ်စီ ဇွန်လ (၁၀)ရက်နေ့
ညနေ (၁၀)နာရီခန့်တွင် ရန်ကုန်မှ စစ်တွေသို့ မောင်နှင်လာသည့် ရွှေဇေယျာအောင်
သင်္ဘောကြီးမှာ လှိုင်းလေဖိအားများခြင်းကြောင့် ရေအောက် သန္တာကျောက်ဆောင်ကို
တိုက်မိခြင်းဖြင့် နစ်မြုပ်သွားကြောင်း သတင်းရှိပါသည်။
အဆိုပါသင်္ဘောမှာ မြေပုံမြို့နှင့် မီးပြတိုက်အနီး ရေအောက်သန္တာကျောက်ဆောင်နှင့် တိုက်မိခဲ့ခြင်းကြောင့် တန်ချိန် (၆၀၀) ခန့် ပါရှိသော ကုန်ပစ္စည်းများပါ နစ်မြုပ်သွားခဲ့ကြောင်း သတင်းရရှိပါသည်။
အထွေထွေကုန်ပစ္စည်းများ တင်ဆောင်လာသည့် သင်္ဘောကြီးမှာ တန်ချိန် (၆၀၀)ခန့် ပါရှိပြီး ကပ္ပတိန် ဦးထွန်းရွှေမောင် ဦးဆောင်ကာ မောင်နှင်လာသော သင်္ဘောတွင် စုစုပေါင်း သင်္ဘောသား (၁၈)ဦးပါရှိကြောင်း သတင်းရှိပါသည်။
ရွှေဇေယျာအောင် သင်္ဘောတွင် သင်္ဘောသား ၁၈ ဦးအား အောင်ဆုမွန် (၁၁) ငါးဖမ်းရေယာဉ် တစ်စီးမှ ကယ်တင်နိုင်ခဲ့သည့်အတွက် အသက်အန္တရာယ်ဘေးမှ လွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိပါသည်။

လှိုင်းလေဖိအားကြာင့် သင်္ဘောနစ်မြုပ်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး... ဘာလို့လဲဆိုတော့ 10-6-12 နေ့ ကျောက်ဖြူမြို့မိုးလေ၀သ အခြေအနေ တိုင်းထွာချက်များမှာ လေဖိအားက ပုံမှန်အခြေအနေ ၁၀၀၀ (mb) နဲ့ ၁၀၀၀.၈(mb) ထိပဲရှိပါတယ်.... တစ်နေ့တာအတွင်းအများဆုံးလေတိုက်နှုန်းကတော့ (၁၅ မိုင်/နာရီ) ထိပဲရှိခဲ့ပါတယ်...
ReplyDelete