Saturday, May 19, 2012

နာမည်ကြောင့်ဟုဆိုကာ ပသီအမျိုးသားကွန်ဂရက်အား ပါတီအမည်ပြောင်းခိုင်း

ပါတီနာမည်ကြောင့်ဟုဆိုကာ ပသီအမျိုးသားကွန်ဂရက်ပါတီအမည်ဖြင့်မှတ်ပုံတင်ထားသောပါတီအား အမည် ပြန်လည်ပြောင်း လဲ   ပြင်ဆင် ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စာထုတ်ပြန်ခဲ့ကြောင်း သိရသည်။
  
``ပါတီတည်ထောင်ဖို့အတွက် ပသီအမျိုးသားကွန်ဂရက်နာမည်နဲ့ ကျနော်တို့ လျှောက်ခဲ့တယ်။အခုရွေးကောက် ပွဲကော်မရှင်ကနေ ပါတီနာမည် ပြန်လည်ပြင်ဆင်ပေးပါဆိုပြီး အကြောင်းကြားစာပို့လာတယ်။ ´´ ဟု ပါတီတည် ထောင်ရာတွင် ပါဝင်ခဲ့သူ ပသီဦးမောင်မောင်စိုးက ပြောသည်။


ရွေးကောက်ပွဲကော်မရှင်သည် ပသီအမျိုးသားကွန်ဂရက်ပါတီတည်ထောင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဋ္ဌာန(လ.၀.က)၏ လူမျိုးစာရင်း ကောက်ခံရာတွင် ပသီအမျိုးသား မရှိကြောင်းကို အဆိုပါ အကြောင်းကြားစာတွင် ထည့်သွင်းဖေါ်ပြ ထားပြီး ပါတီနာမည်သည် ပြည်ထောင်စုမပြိုကွဲရေးနှင့် တိုင်းရင်းသား စည်လုံးညီညွတ်မှုကို သွယ်ဝိုက်ထိခိုက်စေသည့်အတွက်ကြောင့် အခြားနာမည်နှင့် ပြန်လည်ပြင်ဆင်ရန်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။


`` ပသီအမျိုးသားဆိုတာ တကယ်ရှိပါတယ်။ ရှေးဘုရင်တွေ ခေတ်ကတည်းကကို မြန်မာပြည်မှာ နေခဲ့ကြတာပါ ၊ ဦးကုလား ရာဇ၀င်တွေ   မှန်နန်းရာဇ၀င်တွေမှာလဲ ပသီအမျိုးသားတွေအကြောင်း အခိုင်အမာ ဖေါ်ပြထားတာတွေ ရှိပါတယ်။ ´´ ဟု ပသီမောင်မောင်စိုးက ပြောပြသည်။


လက်ရှိပါတီအဖွဲ့အစည်းများတွင် လူမျိုးစုပါတီများ ဖွဲ့စည်းခွင့်ရှိပြီး ပါတီတည်ထောင်ခွင့်နှင့် ပတ်သတ်သော ဥပဒေတွင် လူမျိုး အမည်တပ်၍ ပါတီတည်ထောင်ခြင်းအာ ခွင့်မပြုဟု ဖေါ်ပြထားခြင်းမရှိကြောင်းကိုလည်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။