Saturday, May 19, 2012

HTC ၏ CEO ရန်ကုန် MICT Park တွင် ဟောပြောမည်

HTC ၏ CEO ရန်ကုန် MICT Park တွင် ဟောပြောမည်

ကမ္ဘာ့ထိပ်တန်း ဖုန်းကုမ္ပဏီ တခုဖြစ်သည့် HTC ၏ အမှုဆောင် အရာရှိချုပ် (CEO) နှင့် ဥက္ကဋ္ဌ မစ္စတာ ပီတာချူး (Peter Chou) သည် မနက်ဖြန်တွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ MICT Park တွင် ဟောပြော ဆွေးနွေးပွဲ တရပ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ၎င်းသည် မြန်မာအမည် ဦးဝင်းသန်းဖြစ်ပြီး မန္တလေးဇာတိ မြန်မာနိုင်ငံသား တဦးဖြစ်ကြောင်း၊ လွန်ခဲ့သော နှစ် ၃၀ ခန့်က ထိုင်ဝမ် သို့ ပြောင်းရွှေ့ အခြေချခဲ့ကြောင်း မကြာသေးခင်က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီး မန္တလေး မှ နည်းပညာ(IT) ၀ါသနာ ရှင် လူငယ်များနှင့် တွေ့ဆုံရာ၌ ပြောဆိုထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။