Saturday, May 19, 2012

ဆော - ကန်စွန်းမ - ဆိပ်ဖြူ လမ်းပိုင်းမှာ အာဏာပိုင်တွေနဲ့ ပေါင်းပြီး သစ်ခိုးထုတ်နေ

ဆော - ကန်စွန်းမ - ဆိပ်ဖြူ လမ်းပိုင်းမှာ ၀ါးနှင့်ဖုံးလာတဲ့ သစ်ကား

မကွေးတိုင်း ဆော - ကန်စွန်းမ - ဆိပ်ဖြူ လမ်းပိုင်းမှာ ဒေသခံပြည်သူတွေ မိုးရာသီ
အတွက် အိမ်ဆောက်ခြင်း နေအိမ်ပြုပြင်ခြင်းများ အတွက် လိုအပ်တဲ့ သစ်/၀ါး တွေကို
ခုတ်ရာမှာ သက်ဆိုင်ရာအာဏာပိုင်တွေက ဖမ်းဆီးတားဆီးတာတွေ လုပ်နေပါတယ်။

 အဆိုပါ လမ်းပိုင်းမှာ သက်ဆိုင်ရာအာဏာပိုင်တွေက သစ်တောဝန်ထမ်းတွေနှင့်
ပေါင်းပြီး သစ်များခိုးထုတ်မှုများပြုလုပ်နေကြတာတော့ကြာပြီး ဖြစ်ပါတယ်။

တစ်ချို့ကတော့ အရာရှိတွေနှင့်ပေါင်းပြီး သစ်စက်တွေထောင်ပြီး သစ်တွေခွဲ ပြီး
ခွဲသားတွေကို ချောက်မြို့ သို့  ခိုးထုတ်ရောင်းချနေကြောင်း ခိုးထုတ်လာတဲ့
သစ်ခွဲသား ကားနှင့် သစ်လုံးကား ခေါင်းချင်းဆိုင်ပြီး ဒရိုင်ဘာတွေ စကားပြောနေ
တာကို ကိုယ်တိုင်ကြားသိလာတဲ့ ဒေသခံတဦးက Myanmar News Now
ကိုပြောပြပါတယ်။

တစ်ချို့တွေကတော့ ၀ါးကားအမည်ခံပြီး သစ်လုံးတွေ ခွဲသားတွေကို ၀ါးနှင့်ဖုံးပြီး
ခိုးထုတ်နေကြကြောင်း ဒေသအာဏာပိုင်တွေကလည်း ဝေစားမျှစားနေကြတယ်
လို့ ဒေသခံများပြောပြချက်အရသိရပါတယ်။
Myanmar News Now

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။