လှိုင်သာယာစက်မှုရှိ
စက်ရုံ(၃)ရုံမှ အခြေခံလစာရရှိရေးအတွက် ဆန္ဒပြတောင်းဆိုကြရာတွင် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက ရန်ကုန်တိုင်းတာဝန်ခံ
ဦးအောင်သိန်းလင်းကိုယ်တိုင် သွားရောက်ညှိနှိုင်း ပေးခဲ့သော်လည်း
ပြေလည်မှုမရှိခဲ့ကြောင်း သိရှိရ သည်။
အလုပ်သမားများက အခြေခံလစာ သုံးသောင်းတောင်းဆိုရာ တစ်သောင်းခွဲသာပေးမည်ဟု အလုပ်ရှင်က ပြောကြားသည့်အတွက် မပြေလည်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ
လစာတိုးပေးမှုကို လက်ခံသော အလုပ်သမားများအနေဖြင့် မေလ(၂၁)ရက်နေ့
တနင်္လာနေ့တွင် နောက်ဆုံးထား၍ အလုပ်ဆင်းရမည်ဖြစ်ကြောင်း အလုပ်လာရောက်မဆင်းပါက
မိမိသဘောဆန္ဒ အလျှောက် အလုပ်မှထွက်သည်ဟု ယူဆမည်ဖြစ်ကြောင်း
အလုပ်ရှင်ကပြောခိုင်း၍ မသန္တာက အလုပ်သမားများသိစေရန် အများရှေ့တွင်
ထုတ်ဖော်ပြောဆိုသည်။
“အဘတို့အနေနဲ့
ဒီသုံးရက်အတွင်းမှာ ညှိနှိုင်းလို့အဆင်ပြေသွားရင်
အလုပ်ပြန်ဆင်းခိုင်းဖို့ကိစ္စကို အဘကိုယ် တိုင်သွားပြောပါ့မယ်၊ ဒီကိစ္စအတွက်
သိပ်စိတ်မပူကြပါနဲ့” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ
ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ တောင်ဥက္ကလာပ
မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကပြောသည်။
အဆိုပါ
စက်ရုံ(၃)ရုံမှ အလုပ်သမားများအနေဖြင့်
အခြေခံလစာတစ်သောင်းခွဲရ့ရှိသည့်အပေါ်တွင် ကျေနပ်မှုမရှိသည့်အတွက်
ဆက်လက်ဆန္ဒပြတေ။ာင်းဆိုမည်ဖြစ်ကြောင်း ဆန္ဒပြလုပ်သား တို့ကဆိုသည်။
မေလ(၁၇)ရက်နေ့က
ပုလဲ၊ စံပယ်ဖြူနှင့် နေမင်းအောင်စက်ရုံ(၃)ရုံပေါင်း ဆန္ဒပြလုပ်သားဦးရေမှာ
တစ်ထောင့်သုံးရာကျာ်ရှိသည်။ ဆန္ဒပြလုပ်သားများမှာ ပုလဲစက်ရုံက(၄၀)ဦး၊
စံပယ်ဖြူစက်ရုံက(၃၅၀)နှင့် နေလင်းအောင်စက်ရုံက အလုပ်သမား(၈၃၀)ပါဝင်ကြောင်း
သိရသည်။
မေလ
(၁၄)ရက် နေ့တွင် စံပယ်ဖြူစက်ရုံက အလုပ်သမားများက စတင် ဆန္ဒပြကာ၊ မေ(၁၅) ရက်
နေ့တွင် ပုလဲစက်ရုံနှင့် မေ(၁၆) ရက်နေ့ တွင် နေမင်းအောင်စက်ရုံမှ
အလုပ်သမားများပါဝင်လာခြင်း ဖြစ်သည်။ အလုပ်သမားများမှာ အခြေခံလစာရလိုမှုအတွက်
ဆန္ဒပြတောင်းဆို နေခြင်းဖြစ်သည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။