နွေစပါးဝယ်ရာတွင် စက်ပိုင်နှင့်ကုန်သည်များ ဈေးမကစားနိုင်ရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် နိုင်ငံတော် ကြီးကြပ်မှုကော်မတီကို ထားရှိခြင်းဖြစ်ကြောင်း၊အဆိုပါကော်မတီသို့ တောင်သူများစုပေါင်း ၍ တိုက်ရိုက်ဆက်သွယ်ရောင်းချနိုင်ကြောင်း သိရှိရသည်။
“အခုလို စီစဉ်ရတာက အရန်ဆန်အတွက် နွေစပါးဝယ်ယူဖို့ လွှဲအပ်ထားတဲ့စက်ပိုင်နဲ့ ကုန်သည်အချို့က သတ်မှတ်ဈေးထက် ဈေးလျှော့ကာဝယ်ယူမှုရှိတယ်လို့ ကြားရလို့ပါ”ဟု မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါကော်မတီမှ သတ်မှတ်သည့် စပါးတင်း(၁၀၀) လျင် ကျပ် သုံးသိန်းနှစ်ထောင်နှင့် ရောင်းချ လိုသော တောင်သူများအနေဖြင့် နီးစပ်ရာတောင်သူများစုပေါင်းကာ မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းအသင်းသို့လည်း တိုက်ရိုက်ဆက်သွယ်ရောင်းချနိုင်ကြောင်းသိရှိရသည်။
“ တောင်သူတွေအနေနဲ့ ဒီလို တိုက်ရိုက်ဆက်သွယ် ရောင်းချတဲ့နေရာမှာ အရေအတွက်များပြားဖို့တော့ လိုတယ်” ဟု အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ပန်းတနောမြို့နယ်နှင့်ညောင်တုန်းမြို့နယ်များက တောင်သူများအနေဖြင့် စုပေါင်း ရောင်းချရန်စီစဉ်လျက်ရှိပြီး တင်ပေါင်းတစ်သိန်းအထိရောင်းချရန် စီစဉ်နေကြောင်းကိုလည်း သိရသည်။
“ဧရာဝတီတိုင်းမှာ နွေစပါးတွေရိတ်သိမ်းပြီးကြပေမယ့်၊စပါးဈေးအရမ်းကျနေတဲ့အတွက်
တောင်သူတွေ မရောင်းသေးပဲ လှောင်ထားကြတဲ့  သူတွေအများကြီးရှိပါတယ်။ အခုလို
နိုင်ငံတော်အရန်ဆန် အတွက် ဈေးမှန်နဲ့ ရောင်းချနိုင်မယ်လို့
ကြားသိရတဲ့အတွက် အရမ်းကို ကျေးဇူး တင်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး
မော်ကျွန်းမြို့နယ်မှစပါးစိုက်တောင်သူ ဦးထွန်းရင်းက ပြောသည်။
တောင်သူများစုပေါင်းရောင်းချမှုများအတွက် နိုင်ငံတော်အရန်ဆန်ထားရှိရေးကြီးကြပ်မှုကော်မတီမှ သွားရောက်ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ နွေစပါးဈေးကျဆင်းနေသည့်အချိန်တွင် ကော်မတီမှ ဈေးနှုန်းမှန်ကန်စွာဖြင့် ၀ယ်ယူမည်ဖြစ်သဖြင့်
ဧရာဝတီတိုင်းကတောင်သူများအနြေ ဖင့် ကျေနပ်အားရလျက်ရှိကြောင်း တောင်သူများထံက သိရသည်။

“အခုလို စီစဉ်ရတာက အရန်ဆန်အတွက် နွေစပါးဝယ်ယူဖို့ လွှဲအပ်ထားတဲ့စက်ပိုင်နဲ့ ကုန်သည်အချို့က သတ်မှတ်ဈေးထက် ဈေးလျှော့ကာဝယ်ယူမှုရှိတယ်လို့ ကြားရလို့ပါ”ဟု မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း
အဆိုပါကော်မတီမှ သတ်မှတ်သည့် စပါးတင်း(၁၀၀) လျင် ကျပ် သုံးသိန်းနှစ်ထောင်နှင့် ရောင်းချ လိုသော တောင်သူများအနေဖြင့် နီးစပ်ရာတောင်သူများစုပေါင်းကာ မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းအသင်းသို့လည်း တိုက်ရိုက်ဆက်သွယ်ရောင်းချနိုင်
“ တောင်သူတွေအနေနဲ့ ဒီလို တိုက်ရိုက်ဆက်သွယ် ရောင်းချတဲ့နေရာမှာ အရေအတွက်များပြားဖို့တော့ လိုတယ်” ဟု အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ပန်းတနောမြို့နယ်နှင့်ညောင်တုန်
“ဧရာဝတီတိုင်းမှာ နွေစပါးတွေရိတ်သိမ်းပြီးကြပေမယ်
တောင်သူများစုပေါင်းရောင်းချမှု
ယခုကဲ့သို့ နွေစပါးဈေးကျဆင်းနေသည့်အချိန်
ဧရာဝတီတိုင်းကတောင်သူများအနြေ
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။