
ဆေးကုသမှုဆိုင်ရာ သုတေသနများအား ပူးပေါင်းလုပ်ဆောင်သည့် အလုပ်ရုံ ဆွေးနွေးပွဲ
အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာတစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်များ ဖြစ်သည့် ဆေးတက္ကသိုလ်(၁)၊ ဆေးတက္ကသိုလ်(၂)၊ မန္တလေးဆေးတက္ကသိုလ်၊ မကွေးဆေးတက္ကသိုလ်၊ တပ်မတော် ဆေးတက္ကသိုလ်၊ ပြည်သူ့ ကျန်းမာရေး ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ပါမောက္ခဆရာဝန် စုစုပေါင်း ၉၀ ကျော် တက်ရောက်ခဲ့ပြီး အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ်နှင့် ပါဒနာဆေးတက္ကသိုလ်တို့မှ Faculty member များဖြစ်သည့် Dr.PattiGravitt နှင့် Dr.Anne Rompalo တို့မှ ဦးဆောင်၍ တက်ရောက်လာသည့် ဆေးတက္ကသိုလ် အသီးသီးမှ ဆရာဆရာမများက ‘Basic Elements of Clinical research study design’ နှင့် ပတ်သက်သည့် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ် ကျင်းပနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ အပါအ၀င် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ပညာရှင်များ နှင့် ဇန်န၀ါရီလကုန်ပိုင်းတွင် တစ်ကြိမ်၊ ဖေဖော်ဝါရီလတွင် တစ်ကြိမ် လာရောက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုကျင်းပသည့် အလုပ်ရုံဆွေး နွေးပွဲသည် မြန်မာနိုင်ငံရှိ ဆေးတက္က သိုလ်များနှင့် အမေရိကန်နိုင်ငံရှိ ဂျွန် ဟော့ကင်းတက္ကသိုလ်တို့ ပူးပေါင်း ဆောင်ရွက်သည့် ဒုတိယအကြိမ်မြောက် ဆေးဘက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ကြောင်းနှင့်ပထမအကြိမ်’ ကလေး နှင့်လူကြီး အသက်ကယ်ပြုစုစောင့် ရှောက်ရေးဆိုင်ရာ’ အလုပ်ရုံဆွေးနွေးပွဲ ကို မတ်လ ၂၈ ရက်မှ ၃၀ ရက်နေ့ အထိ ရန်ကုန်မြို့ ဆေးတက္ကသိုလ် (၁)တွင် ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက် ဆွေးနွေးမည့်သူများ အားလုံး အဆိုကြမ်း (Hypothesis Genera- tion)အတွက် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာတတ်စေရန်၊ စမ်းသပ် ဆေးဖော်ထုတ်ရန်၊ သင့်တော်သော သုတေသန ရည်ရွယ်ချက်(Research Aims)များကို ရွေးချယ်ဖော်ထုတ်နိုင်စေရန်၊ Research Question အတွက် သင့်တော်မှန်ကန်သော ရလဒ်၊ လေ့လာမှုပုံစံ၊ လူဦးရေ၊ သင့်တော်သည့် ဖော်ထုတ်မှုပုံစံ စသည်တို့ကို ရွေးချယ် တတ်စေရန်၊ Research Hypotheses များကို လေ့လာစစ်ဆေးရန်အတွက် ခွဲခြမ်းစိတ်ဖြာသော၊ သရုပ်ခွဲမှုကို အခြေခံသော နည်းလမ်းများ (Standard analytical methods) ကို နားလည်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။