ဒေါ်အောင်ဆန်းစုကြည်
အိမ် နှင့် မလှမ်း မကန်းတွင်လည်း ရဲကား- ၃ -စီး ရပ်ထားသည်ကို
မျက်မြင်တွေ့ရှိခဲ့သူ ဦးညွန့် ဝင်း က Myanmar News Now ကိုပြောပါသည်။
အဆိုပါ လုံခြုံရေးတပ်ဖွဲ့ ဝင်များမှာ လက်နက်အပြည့် အစုံ တပ်ဆင်ထားပြီး မျက်ရည်ယိုပုံး ပစ်ခတ်နိုင်သည်လက်နက်ပါ တစ်ဖွဲ့လျှင် ရဲသားတစ်ယောက် ကိုင်ဆောင်ထားပါသည်။ လုံခြုံရေး တပ်ဖွဲ့ ဝင် အင်းအား ၅၀ ခန့်တွေ့ရှိသည်ဟု ဆိုပါသည်။
အကွာအဝေး တစ်နေရာလျှင် ၃ -ဦး ရှိပါပြီး အင်းလျှား မီးပွိုင့် မှ လှည်းတန်းမီးပွိုင့် ကြား
ရဲအစောင့်များ ကြဲသွားပါသည်။
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ဖြင့် နေစဉ်ကာလတွင်လည်း ထိုကဲသို့ 
တွေ့ဖူးထားသဖြင့် လမ်းအတွင်းသို့ ကားဖြတ်မောင်း သွားသော မိဘ
ပြည်သူများမှာ စိုးရိမ်သောကများဖြစ်နေကြပါသည်။ လုံခြုံရေးရဲများ
မိမိတာဝန် မိမိ ဆောင်ရွက်နေခြင်း မှန်ကန်သော်လည်း ၊ မိဘ ပြည်သူ
များမှာလည်း လွတ်လပ်စွာ စိတ်ပူနေခြင်းဖြစ်ပါကြောင်း ဦးညွန့် ဝင်း က
ဆက်လက်ပြောဆိုထားပါသည်။
ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ မှ ဖြတ်သွားတဲ့ ပြည်သူတဦးကလည်း လက်နက်အပြည်အစုံနဲ့ လုံခြုံရေးကားတွေ ဒေါ်အောင်ဆန်းစုကြည်
အိမ်အနီးချထားတာတွေ့ တဲ့အတွက် စိုးရိမ်းကြီးစွာနဲ့ တယ်လီဖုန်းနဲ့ 
ဓါတ်ပုံရိုက်ပြီး Myanmar News Now ကိုပေးပို့ ထားပါသည်။
 |
မေလ ၉ ရက်နေ့ ညနေပိုင်းတွင် လုံခြုံရေးကားများ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီးတွေ့ ရစဉ်။ |
|
 |
မေလ ၉ ရက်နေ့ ညနေပိုင်းတွင် လုံခြုံရေးကားများ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီးတွေ့ ရစဉ်။ |
|
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။