
ရှမ်းပြည်နယ် တောင်ပိုင်းရှိ အင်းလေးကန် တစ်နေရာကို တွေ့ရစဉ်
မေလ ၁၇ နှင့် ၁၈ ရက်တို့တွင် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပခဲ့သည့် ‘မြန်မာနိုင်ငံရှိ သောက်သုံးရေများတွင်ပိုးသတ်ဆေး ပါဝင်မှုပမာဏစံနှုန်းသတ်မှတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ’တွင် စတင် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“လက်ရှိရေတွေထဲမှာ ပိုးသတ်ဆေးတွေ ပါဝင်နိုင်တယ်။ တချို့ပိုးသတ်ဆေးတွေက ပါဝင်နေပေမယ့် လူကိုဒုက္ခမပေးဘူး။ တချို့ဆေးတွေကျတော့ ဒုက္ခပေးတယ်။ ဒါကြောင့် အလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ ရဲ့သောက်သုံးရေ အရည်အသွေးစံနှုန်းကို သတ်မှတ်ခဲ့တယ်။ စံနှုန်းတွေ ရှိလာတဲ့အတွက် သောက်သုံးရေတွေမှာ သတ်မှတ်ထားတဲ့ စံနှုန်းထက်ပိုနေရင် ဒါကို သောက်သုံးရေလို့ မသတ်မှတ်ပါဘူး။ စံသတ်မှတ်တဲ့အခါမှာ WHO ကချပေးထားတဲ့ Guideline ကို အမှီပြုပြီး ကိုယ့်နိုင်ငံရဲ့စံနှုန်းကို ကိုယ့်နိုင်ငံကသူတွေကပဲ သတ်မှတ်ရတာပါ”ဟု ကျန်းမာရေးဦးစီးဌာန၊ လုပ်ငန်းခွင် ကျန်းမာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ကြည်လွင်ဦး က ပြောပြခဲ့သည်။ စံနှုန်းများနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ Guideline တွင် ချမှတ်ထားပြီး မြန်မာနိုင်ငံသို့ တင်သွင်းမှုနှင့် သုံးစွဲမှု အများဆုံးဖြစ်ပြီး ကျန်းမာရေးပိုင်းဆိုင်ရာ သက်ရောက်မှုအများဆုံး ဖြစ်သည့် ပိုးသတ်ဆေး ၁၁ မျိုး နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ Guideline တွင် ပါဝင်မှုမရှိသော်လည်း မြန်မာနိုင်ငံသို့ တင်သွင်းမှုနှင့်သုံးစွဲမှု အများဆုံးအဆင့် ၂၀ အတွင်း ပါဝင်သည့် ပိုးသတ်ဆေးများအနက် မှ Acephate ၊ Imidacloprid နှင့် Endosulfan ဆေးသုံးမျိုးကို စံနှုန်းထဲတွင် သတ်မှတ်နိုင်ရန်အတွက် ထည့်သွင်းထားကြောင်း သိရသည်။
ပိုးသတ်ဆေးအမည်နှင့် စံနှုန်းသတ်မှတ်ချက်များ
Pesticides | Guideline values |
Alachlor | 0.02 mg/l |
Aldicarb | 0.01 mg/l |
Aldrin and Dieldrin | 0.00003mg/l |
Atrazine | 0.1mg/l |
Carbofuran | 0.007mg/l |
Chlorpyrifos | 0.03mg/l |
2,4-D | 0.03mg/l (applies to free acid) |
Dimethoate | 0.006mg/l |
Endrin | 0.0006mg/l |
Lindane | 0.002mg/l |
DDT | 0.01mg/l |
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။