
ရတနာပုံအဆင့်မြင့်ဈေး
ပတ်ဝန်းကျင်တွင် ဖွင့်လှစ်ရောင်းချနေသော သားငါးနှင့် ကုန်စိမ်းသည်များ အား
အများနည်းတူ ဈေးမြေအောက်ခန်းတွင်သာ ဖွင့်လှစ်ရောင်းချစေလိုကြောင်း
ရတနာပုံဈေးမြေ အောက်ခန်းရှိ ဈေးသည်များကဆိုသည်။
မန္တလေးမြို့ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရတနာပုံအဆင့်မြင့် ဈေးမြေအောက်ခန်းတွင် ဆိုင်ခန်းဖွင့်လှစ် ရောင်း ချနေသော သားငါးနှင့်ကုန်စိမ်းသည်များက ဈေးပတ်ပတ်လည်တွင် ဖွင့်လှစ်ရောင်းချနေ သည့် သားငါးနှင့် ကုန်စိမ်း သည်များအား အများနည်းတူရောင်းချစေလိုခြင်း ဖြစ်သည်။
ရတနာပုံဈေးဘေးရှိ (၃၄)လမ်းပေါ်တွင် လက်ရှိရောင်းချနေသောဈေးဆိုင်မျ
‘’အပေါ်မှာ ဈေးသည်တွေ ရှိနေတော့ အမတို့အောက်က ဈေးသည်တွေက လုံးဝ မရောင်းရဘူး ၊ မရောင်း ရတဲ့အခါ အပေါ်က ဈေးသည်တွေကို အောက်ကို ဆင်းပြီးရောင်းစေချင်တယ်၊ အပေါ်က ဈေးသည်တွေက ဘာပြောလည်းဆိုတော့ သူတို့ကိုလည်း ဈေးကောက် ကောက်တယ်တဲ့၊ အဲ့ဒီလို ဆိုတော့ ဒီအောက်ကဈေးသည်တွေက အနစ်နာခံနေရတယ်” ဟု ရတနာပုံဈေးတွင် ကုန်စိမ်းရောင်း သူ မမာမာဌေးက ပြောသည်။
ထိုကဲ့သို့ မမျှမတဖြစ်နေသောကြောင့် ဈေးအောက်ထပ်မြေအောက်ခန်းတွင် ဆိုင်ခန်းဖွင့်လှစ်ထားသူ များမှာ နေ့စဉ်ဈေးဦးပေါက် ရန်အတွက်ပင် အခက်အခဲများစွာ ရှိနေပြီး အချို့မှာနေ့ပြန် တိုးဒဏ်အား အလူးအလဲခံနေရသည့်အတွက် စားဝတ်နေရေးကြပ်တည်းနေရကြောင်း
အဆိုပါမြေအောက်ဆိုင်ခန်းသမားမျာ
‘’ ပြီးခဲ့တဲ့တစ်လခွဲကတည်းက ကျနော်တို့ စာတင်ထားပါတယ် ၊ ခုထိတော့ အမိန့်ပြန်မကျသေးပါဘူး ၊ ချခြင်တာတော့ နဂိုကတည်းကအောက်ကိုချခြင်တာပါ’’ ဟု ရတနာပုံဈေးတာဝန်ခံက ပြောသည်။
အဆိုပါအဖြစ်အပျက်နှင့်ပတ်သက်၍ ရတနာပုံဈေးတွင် တရားဝင်ဖွင့်လှစ်ရောင်းချနေသော ဈေးသည် များမှာ အများနည်းတူ လမ်းမပေါ်တွင်ဈေးကောက်ပေး၍ ပြန်လည်ဖွင့်လှစ်လိုသည့် ဆန္ဒရှိနေသော် လည်း ထိုဆန္ဒမှာ မဖြစ်နိုင်ကြောင်းကိုလည်း ဈေးတာဝန်ခံမှ ငြင်းဆိုခဲ့သည်။
`` အဲဒါကျတော့ လူကြီးတွေက လက်ခံမှာမဟုတ်ဘူး ၊ လမ်းပိတ်ဆို့မှုကြောင့်ပါ ၊ သူတို့ကိုပြန် ရောင်းပါဆိုရင်လဲ ဘေးကပ်ရောင်းမှာ မဟုတ်ဘူးလေ ၊ ဘေးကပ်ရောင်းရင်လည်း နေရာလဲမရှိဘူး ၊ အိမ်ရှင်တွေနဲ့လည်း ပြသနာခဏခဏ ရှင်းနေရတာ ´´ ဟု ဈေးတာဝန်ခံက ဆက်ပြောသည်။
ရတနာပုံအဆင့်မြင့်ဈေးပတ်ဝန်းကျင်တွင် ပျံကျဈေးသည်များဖြင့် စည်ကားလျှက်ရှိသည့်အပြင် ဘေးပတ်ဝန်းကျင်က နေအိမ်များ၌လည်း ဆိုင်ခန်းဖွင့်လှစ်ရောင်းချနေကြပြီး ဈေးဝယ်လာသူများ အနေဖြင့် လက်သင့်ရာလမ်းမပေါ်ရှိ ဆိုင်ခန်းများတွင်သာ ၀ယ်ယူနေကြောင်းကိုလည်း တွေ့ရှိရသည်။
‘’အမက ဒီဈေးမှာဝယ်နေကြပါ ၊ အပေါ်မှာပဲ ဖြစ်တာများဝယ်ဖြစ်တယ် ၊ ဘာလို့လဲဆိုတော့ အောက်ဆင်းမယ်ဆိုရင် ဆိုင်ကယ်အပ်ခက ငွေနှစ်ရာထပ်ကုန်ဦးမယ် ၊ ကန်းစွန်းရွက် တစ်ရာဖိုး လောက် ၀ယ်ဖို့အောက်ဆင်းရဦးမယ်ဆို ဆိုင်ကယ်အပ်ခနဲ့ဆို သုံးရာလောက်ဖြစ်သွားမယ်’’ ဟု ရတနာပုံဈေးသို့ ပုံမှန်ဈေးဝယ်လေ့ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုကဲ့သို့ ဈေးဝယ်များ အောက်ထပ်သို့ မဆင်းတော့သည့်အတွက် ရတနာပုံဈေးမြေအောက်ခန်းတွင် ဖွင့်လှစ်ထားသည့်ဆိုင်ကြီးသမားများက
လမ်းပေါ်တွင် ၎င်းတို့ဆိုင်အတွက် ဈေးကြိုများခန့်ထားရပြီး ဖောက်သည်များ
အောက်ဆင်းဝယ်ရန် ဆိုင်ကယ်အပ်ခများပါ ပေးဆောင်၍ ဈေးဆွယ်လေ့ရှိကြောင်း
ကိုလည်း သိရသည်။
ရတနာပုံဈေးမြေအောက်ခန်းသည် အောက်ထပ်ဖြစ်သည့်အတွက် လေ၀င်လေထွက်ပေါက်များ မရှိခြင်း ၊ သန့်ရှင်းရေး မရှိခြင်း တို့ကြောင့် ကျန်းမာရေးအတွက် စိုးရိမ်နေရပြီး ဈေးဝယ်လာသူအချို့မှာ သတိလစ်မူးလဲသည် အထိ ဖြစ်ပွားလေ့ရှိကြောင်းကိုလည်း သိရသည်။
‘’အမက ဒီဈေးမှာဝယ်နေကြပါ ၊ အပေါ်မှာပဲ ဖြစ်တာများဝယ်ဖြစ်တယ် ၊ ဘာလို့လဲဆိုတော့ အောက်ဆင်းမယ်ဆိုရင် ဆိုင်ကယ်အပ်ခက ငွေနှစ်ရာထပ်ကုန်ဦးမယ် ၊ ကန်းစွန်းရွက် တစ်ရာဖိုး လောက် ၀ယ်ဖို့အောက်ဆင်းရဦးမယ်ဆို ဆိုင်ကယ်အပ်ခနဲ့ဆို သုံးရာလောက်ဖြစ်သွားမယ်’’ ဟု ရတနာပုံဈေးသို့ ပုံမှန်ဈေးဝယ်လေ့ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုကဲ့သို့ ဈေးဝယ်များ အောက်ထပ်သို့ မဆင်းတော့သည့်အတွက် ရတနာပုံဈေးမြေအောက်ခန်းတွင် ဖွင့်လှစ်ထားသည့်ဆိုင်ကြီးသမား
ရတနာပုံဈေးမြေအောက်ခန်းသည် အောက်ထပ်ဖြစ်သည့်အတွက် လေ၀င်လေထွက်ပေါက်များ မရှိခြင်း ၊ သန့်ရှင်းရေး မရှိခြင်း တို့ကြော
‘’အောက်ထပ်မှာ အိုးရှင်းစူပါစင်တာလာဖွင့်လိုက်
အဆိုပါ ကုန်စိမ်းဈေးသည်များအား မန္တလေးမြို့တော်ဝန်ဟောင်းဖြစ်သူ ဦးဖုန်းဇော်ဟန်၏ လက်ထက် တွင် ရွှေ့ပြောင်း ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ဈေးသူဈေးသားများ၏ မရွှေ့ပြောင်းရန် အသနားခံမှုအပေါ် မြို့တော်ဝန်ဟောင်းမှ ဈေးစည်ကားစေရန် လုပ်ဆောင်ပေးမည်ဟု အာမခံသွားကြောင်းကိုလည်း ဈေးသည်များက ဆိုသည်။
‘’အဲဒီတုန်းက ဈေးကိုမြို့တော်ဝန်လာတုန်းကပေါ

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။