Tuesday, May 29, 2012

ချမ်းမြသာစည်မြို့နယ်တွင် မေလ ၂၇ ရက်နေ့က ဖယောင်းတိုင်မီးမှ တစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ်ငါးလုံး မီးလောင်ဆုံးရှုံးခဲ့

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် မေလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုမြင်ကွင်းကို တွေ့ရစဉ်
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် မေလ ၂၇ ရက်နေ့က ဖယေင်းတိုင်မီးမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၅လုံးမီး လောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ် မြို့သစ်(၄)ရပ်ကွက် စိန်ပန်းလမ်းနှင့် မနော်ဟယ်ရီလမ်းကြား အကွက် (C-1)တွင်နံနက် ၉ နာရီ ၃၀မိနစ်က စတင်လောင်ကျွမ်းခဲ့ကြောင်း၊ ၁၅ ပေ၊ ပေ ၂၀ သွပ်မိုးထရံကာ မြေစိုက်တစ်ထပ် အိပ်ခန်းအတွင်း ဖယောင်းတိုင်မီးထွန်းထားခဲ့ရာမှ လောင်ကျွမ်းခဲ့ပြီး ၉နာရီ ၅၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

''မီးလောင်နေတဲ့အချိန်က လေအရမ်းတိုက်နေတယ်။ လောင်အားလည်း တော်တော်လေးကောင်းတယ်။ အချိန်မီ ငြိမ်းသတ်နိုင်လိုက်လို့ တော်သေးတယ်။ မဟုတ်ရင်တော့ လေတိုက်နေတဲ့အချိန်နဲ့ လောင်အားကောင်းပုံနဲ့ ဆိုရင် အများကြီး လောင်သွားနိုင်တယ်''ဟု မီးသတ်တပ်ဖွဲ့ ၀င်တစ်ဦးက ပြောကြားပါသည်။

အဆိုပါ မီးလောင်မှုကြောင့် နံကပ်တိုက် ၁လုံး၊ သွပ်မိုးထရံကာ နှစ်ထပ်အိမ် ၂လုံးနှင့် သွပ်မိုးထရံကာ မြေစိုက်အိမ် ၂လုံး မီးလောင်ကျွမ်း ဆုံးရှုံးခဲ့ရပြီး မီးလောင်ရာသို့ မီးသတ်ယာဉ် ၃၇ စီး၊ အကူယာဉ်တစ်စီးနှင့် သန္ဓေအင်းအား ၄၅ ဦး အပါအ၀င်အရန်အင်အား ၁၅၀ ဦးတို့မှ ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အိမ်ထောင်စုငါးစုနှင့် လူဦးရေ ၃၀ မီးဘေးဒုက္ခ ကြုံတွေ့ခဲ့ရပြီး (C)ရပ်ကွက်ရှိ ဓမ္မရိ က္ခီတဓမ္မာရုံတွင် ယာယီစခန်းဖွင့်လှစ်ကာ စောင့်ရှောက်မှုပေးလျက်ရှိကြောင်း၊ မီးလောင်မှုဖြစ်စဉ်အား ချမ်းမြသာစည်မြို့နယ် ရဲစခန်းမှ (ပ) အမှတ် ၁၇၆/၂၀၁၂၊ ဥပဒေပုဒ်မ ၂၈၅ ဖြင့် အရေးယူထားရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။