NLD လွှတ်တော်လုံးဝမတက်ဘူးဆိုသည်မှာမ
ဟုတ်ဟု ဦးဥာဏ်ဝင်းငြင်းဆို(Updated)
အွန်လိုင်းပေါ်တွင်ပျံ့နှံ့နေသော
NLD လွှတ်တော်မတက်ဆိုသည့်သတင်းကို ဦးဥာဏ်ဝင်းက ယနေ့ ညနေ ၄နာရီကငြင်းဆိုလိုက်သည်။
“ကျွန်တော်တစ်ခါတည်းပြောမယ် NLD လွှတ်တော်မတက်ဘူးလို့ဘယ်တုန်းကမှမပြောဘူး။ဆုံးဖြတ် ချက်လည်းလုံးဝမရှိဘူး ” ဟု ဦးဥာဏ်ဝင်းကပြောသည်
ဧပြီလ ၂၃ ရက်ခေါ်ယူကျင်းပမည့် လွှတ်တော်အစည်းအဝေးသို့ NLD အနေဖြင့် တက်ရောက်မည် မ ဟုတ်ဟု အွန်လိုင်းတွင်ပျံ့နှံ့နေသည့် သတင်းနှင့်ပတ်သပ်၍ ပေါ်ပြူလာနယူးဂျာနယ်မှ ယနေ့ညနေတွင် NLD ရုံးချုပ်သို့သွားရောက်ပြီး ဦးဥာဏ်ဝင်းနှင့်တွေ့ဆုံးမေးမြန်းခဲ့သည့်တွင် ၄င်းကအထက်ပါအတိုင်း ပြန်လည်ပြော ကြားခဲ့ခြင်းဖြစ်သည်။
“၂၃ ရက်နေ့မှာ ကျွန်တော်တို့လွှတ်တော်မတက်ဖြစ်ဖို့များတယ်။ မတက်နိုင်ဘူးလို့ ကျွန်တော်မပြော ဘူး”ဟု ၄င်းကပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲ၌ အောင်နိုင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အပါ အ၀င် ဒီချုပ်ကိုယ်စားလှယ်များအား ဧပြီလ ၂၃ ရက် တွင်လွှတ်တော်တက်ရောက်ရန်ဖိတ်ကြားထားပြီး လွှတ်တော်တက်ရန်ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ၄င်းတို့အနေဖြင့် လက်မခံနိုင်သည့် စကားစုအချို့အား ပြင်ဆင်ရန်နှောင့်နှေးနေသောကြောင့် ယင်းနေ့တွင် လွှတ်တော်တက်ရန်မှာ ဖြစ်နိုင်ဖွယ်မရှိ သေးကြောင်း ဦးဥာဏ်ဝင်းကဆိုသည်။
အွန်လိုင်းပေါ်တွင်ပျံ့နှံ့နေသော
“ကျွန်တော်တစ်ခါတည်းပြောမယ် NLD လွှတ်တော်မတက်ဘူးလို့ဘယ်တုန်းကမှ
ဧပြီလ ၂၃ ရက်ခေါ်ယူကျင်းပမည့် လွှတ်တော်အစည်းအဝေးသို့ NLD အနေဖြင့် တက်ရောက်မည် မ ဟုတ်ဟု အွန်လိုင်းတွင်ပျံ့နှံ့နေသည့် သတင်းနှင့်ပတ်သပ်၍ ပေါ်ပြူလာနယူးဂျာနယ်မှ ယနေ့ညနေတွင် NLD ရုံးချုပ်သို့သွားရောက်ပြီး ဦးဥာဏ်ဝင်းနှင့်တွေ့ဆုံးမေးမြန
“၂၃ ရက်နေ့မှာ ကျွန်တော်တို့လွှတ်တော်မတက်ဖြစ်ဖ
ကြားဖြတ်ရွေးကောက်ပွဲ၌ အောင်နိုင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အပါ အ၀င် ဒီချုပ်ကိုယ်စားလှယ်များအား ဧပြီလ ၂၃ ရက် တွင်လွှတ်တော်တက်ရောက်ရန်ဖိတ်ကြာ
FACEBOOK(POPULAR NEWS)
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။