ကောင်းမြတ်ဖြိုး(မြစ်မခ ရှမ်းပြည်နယ်)
by Myit Makha Mediagroup on 19 Apr, 2012
by Myit Makha Mediagroup on 19 Apr, 2012

၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဆီးဂိမ်းသို့ လာရောက်လည်ပတ်မည့် နိုင်ငံခြားသားများတည်းခိုရန် ဟိုတယ်၊မိုတယ်များနှင့် တည်းခိုဆောင်များ ဆောက်လုပ်ရန်အတွက် မြေကွက် များလာရောက်ကြည့်ခြင်းဖြစ်သည်။
“အရောင်းအ၀ယ်အေးနေတာ ကြာပြီ။ ဒါပေမဲ့ သင်္ကြန်ပြီးတော့ မန္တလေးနဲ့အခြားနယ်ကလူတွေ လာပြီး ခြံတွေ ၀ယ်ဖို့ လိုက်စုံစမ်းနေကြတယ်။” ဟု အိမ်ခြံမြေအကျိုးဆောင် ကိုတိုးတိုးက ပြောသည်။
အဆိုပါ လေးလခန့် အိမ်ခြံမြေအရောင်းအ၀ယ်အေးနေခြင်းများမှာ ၂၀၁၁ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက
မြေဈေးများအဆမတန်တက်သွားခြင်းကြောင့်ဖြစ်ကြောင်း အကျိုးဆောင်များက ပြောဆိုသည်။
မြေဈေးများအဆမတန်တက်သွားခြင်းကြောင့်ဖြစ်ကြောင်း အကျိုးဆောင်များက ပြောဆိုသည်။
ထိုကဲ့သို့
ဈေးတက်ရခြင်းမှာ အိမ်ခြံမြေများကို တဆင့်ခံဝယ်ယူမှုများပြားလာခြင်းကြောင့်
့ ဈေးအဆမတန်မြင့် တတ်သွားခြင်းဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက
သုံးသပ်ထားသည်။
တရုတ် - မြန်မာ ရထားလမ်းဖောက်လုပ်ရာတွင် ပြင်ဦးလွင်မြို့သည် အချက်အခြာကျ မြို့တစ်မြို့ဖြစ်နိုင် သည်ဆိုသည့် သတင်းကြောင့် ၂၀၁၁ခုနှစ် နှောင်းပိုင်းမှစကာ အိမ်ခြံမြေဈေးများတက်လာခဲ့ပြီး တတ်ဈေးနှင့်ပင် အရောင်းအ၀ယ်ဖြစ်ခဲ့သည်။
ယခုလက်ရှိ ပြင်ဦးလွင်မြေဈေးကွက်များမှာ မန္တလေး-လားရှိုးလမ်းမကြီးဘေး မြို့လယ်တွင် ပေ ၁၀၀ ပတ်လည် တစ်ကွက်လျှင် ငွေကျပ် သိန်းတစ်သောင်း ၀န်းကျင်ခန့်ရှိပြီး၊ မြို့စွန်ရှိ မြေကွက်များ ရွာများတွင် ပေ ၆၀ ပတ် လည် တစ်ကွက်လျှင် ငွေကျပ်သိန်း (၅၀) က (၁၀၀) ကြားရှိကြောင်း အကျိုးဆောင်များထံက သိရှိရသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။