Friday, April 20, 2012

မိုးမောက်မြို့နယ်ရှိ စစ်ပြေးဒုက္ခသည်များ ဝမ်းပျက်၊ဝမ်းလျှောရောဂါအဖြစ်များနေ

မိုးမောက်မြို့နယ်ရှိ စစ်ပြေးဒုက္ခသည်များ ဝမ်းပျက်၊ဝမ်းလျှောရောဂါအဖြစ်များနေ



ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ စစ်ပြေးဒုက္ခသည်များ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ အဖြစ်များနေပြီး မိုးရာသီ၌ ပိုမိုအဖြစ်များမည်ကို စိုးရိမ်နေရသည်ဟု ၎င်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးစိုင်းဇော်ထွန်းက ပြောသည်။
 “ဒုက္ခသည်တွေက မိုးတွင်းတောင် မဝင်သေးဘူး။ ဆေးခန်းတွေ၊ ဆေးရုံတွေမှာ ဝမ်းပျက် ဝမ်းလျောတွေ ရှိနေကြတယ်။ အဲ့တာ မိုးတွင်းကမဝင်သေး အဲ့လောက် ထိဖြစ်နေတယ်ဆိုတော့ ကျတော်တို့ ကျန်းမာရေးတွေနဲ့ တိုင်ပင်ညှိနှိုင်းတဲ့အခါ သူတို့ကလည်း မိုးတွင်းဝင်လို့ရှိရင် ပိုဒုက္ခရောက်နိုင်တာပေါ့နော။”ဟု ၄င်းကပြောသည်။

မိုးမောက်မြို့နယ်တွင် စစ်ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည်များ အယောက်(၃၀၀၀)ကျော်ခန့်ရှိနေပြီဖြစ်ကြောင်းနှင့် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်း၌လည်း စစ်ပြေးဒေသခံ (၁၁၈၁) ဦး ရှိနေပြီး ယခင်ကထက် ထပ်တိုးနေကြောင်း ဒုက္ခသည်စခန်းများ၏ တာဝန်ခံ သိက္ခာတော်ရ ဆရာ နော်အောင်က ပြောသည်။
 
“လူက အများစုနေတယ်ဆိုတော့လေ။ ဝမ်းပျက်တာ ကလည်း ဘာလို့လဲဆိုတော့ ရေကောင်းကောင်းလည်း မသုံး၊ ရေကလည်း အလုံအလောက်ရတဲ့နေရာ ရတယ်။ မရတဲ့နေရာမရ။ သိတဲ့အတိုင်းပဲလေ. လူက စုနေတယ်ဆိုတော့ တစ်ဦးဖြစ်ရင် နောက်တစ်ဦး ကူးစက်သွားနိုင် တယ်ပေါ့။ လောလောဆယ်တော့ မစိုးရိမ်ရသေးဘူး။ မိုးတွင်းကို ပိုစိုးရိမ်နေရတယ်ပေါ့။” ဟု ဦးစိုင်းဇော်ထွန်းက ဆက်ပြောသည်။

လိုအပ်သည့် ဆေးဝါးများအားလည်း အတက်နိုင်ဆုံး စီစဉ်ထားပြီး ဆေးရုံမှ ဆရာ၊ ဆရာမများလည်း အမြဲစောင့်ရှောက် ကြည့်ရှု့ပေးရန် စီမံထားကြောင်း သိရသည်။
 
၎င်း ဒုက္ခသည်မျာသည် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါတစ်ခုတည်းပြင် ဖျားနာသူများလည်း ရှိနေကြောင်းသိရှိရ သည်။

“ရွံ့ရေသောက်နေရတော့။ ရေအဆင်မပြေဘူး။ နေ့တိုင်းပဲ ဖျားနေကြတယ်။ နိုင်ငံရေးအခြေနေမကောင်းလို့ ဆေးခန်းပို့ဖို့လည်း ခက်တယ်။ ဒါမယ့် ကျတော်တို့ သွားရတာပဲ၊ ဒီမနက်လည်း ဗုံးပေါက်တယ်လေ။ ဒုက္ခသည်တွေကတော့ ထပ်တိုးဖို့ပဲ ရှိတယ်။ ခု မိုးတွင်းရောက်တော့မယ် အိမ်လည်း ဆောက်ပေးရအုံးမယ်။ WFP လည်း မရောက်သေးဘူး။”  ဟု မိုးမောက်မြို့နယ် ဒုက္ခသည် တာဝန်ခံ တစ်ဦး ဆရာဦးနောအောင်က ပြောသည်။
 
ဆေးဝါးများ လုံလောက်မှု မရှိသည့်အပြင် ဆေးများ ဝယ်ယူနေရပြီး ယခင် မိုးတွင်းတွင် ဒုက္ခသည်များ ဖျားနာ၍ ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဆံဒုံမြို့ စင်ကြိုင်ကျေးရွာ ဒုက္ခသည် ၁ထောင်ကျော်ခန့်နေထိုင်သည့် စခန်းတွေလည်း မိုးရာသီ၌ ဖျားနာသူ များလာမည်ကို စိုးရိမ်နေရကြောင်း၊ ယင်းစခန်းသို့ သွားရောက်ကြည့်ရှု့ခဲ့သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်ဘွဲဘူကဆိုသည်။

“စားတာသောက်တာက သူတို့ဟာသာ သူတို့ဖြစ်နေကြတာ။ အဓိကတော့ မိုးတွင်းရောက်တော့မယ်။ မိုးတွင်းမှာ ဘယ်လိုနေမလဲတော့ မသိဘူး။ အကာ မိုးကာနဲ့ပဲ ကာထားတာ ဆိုတော့ ခက်ခဲမှာမှာပေါ့။ ကလေးတွေကို သနားတယ်။” ဟု ၄င်းကပြောသည်။
 
မြစ်ကြီးနားမြို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်မှာမူ ဧပြီ ၂၃ရက် ကျင်းပမည့် တတိယ ပုံမှန် လွှတ်တော်အစည်းအဝေးတွင် မိုးတွင်း၌ စစ်ပြေးဒုက္ခသည်များအတွက် အစိုးရထံမှ ဘယ်လိုကူညီများ ဆောင်ရွက်ပေးရန်အစီစဉ်ရှိကြောင်း ထပ်မံ မေးမြန်းမည်ဟုဆိုထားသည်။




ဂျာတော့ပ်(မြစ်မခ)
by Myit Makha Mediagroup 


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။