သမ္မတဦးသိန်းစိန်
ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မဲခေါင်-ဂျပန်နှင့်
မြန်မာ-ဂျပန်ထိပ်သီးအစည်းအဝေး သို့ တက်ရောက်ရန်
ဂျပန်နိုင်ငံတိုကျိုမြို့သို့ ယခုလ ၁၉ ရက်နေ့
ညနေက ထွက်ခွာလာရာတွင်
ဘန်ကောက်ရှိ လေဆိပ်၌ ၂ နာရီခန့် ခရီးတစ်ထောက် နားစဉ် ထိုင်းနိုင်ငံခြားရေး
ဝန်ကြီးဌာနမှ အတွင်းဝန်မစ္စတာချာလာပွန်မှ လာရောက်တွေ့ဆုံ ဂါရ၀ပြုစဉ်
ထိုင်းရောက်
မြန်မာလုပ်သားများအားယာယီ နိုင်ငံကူးလတ်မှတ်ထုတ်ပေးရေးရုံးများကို
ရှစ်ရုံုးအထိတိုးချဲ့  ဖွင့်သွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ
အတွင်းဝန် မစ္စတာ ချာလာပွန်က ပြောသည်။
၎င်းက ထိုင်းနိုင်ငံ ဘန်ကောက်ရှိ သုဝဏ္ဏဘူမိလေဆိပ် နားနေဆောင်တွင် သမ္မတဦးသိန်းစိန်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ ဆုံဆွေးနွေးစဉ် ထိုသို့ပြောကြား ခဲ့ခြင်း ဖြစ်သည်။
မစ္စတာ ချာလာပွန်က ယခုလ ၂၀ ရက်မှစ၍ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား တရားမ၀င် လုပ်သားများအတွက် ယာယီနိုင်ငံကူး လတ်မှတ်များကို စိစစ်ဆောင် ရွက် ပေးနေကြောင်း ပြောကြားခဲ့သည်။
သမ္မတဦးသိန်းစိန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မဲခေါင်-ဂျပန်နှင့် မြန်မာ-ဂျပန် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ယခုလ ၁၉ ရက်နေ့ ညနေက ထွက်ခွာလာရာတွင် ဘန်ကောက်ရှိ လေဆိပ်၌ ၂ နာရီခန့် ခရီးတစ်ထောက် နားစဉ် မစ္စတာချာလာပွန်မှ လာရောက်တွေ့ဆုံ ဂါရ၀ပြုနှုတ်ဆက် ခဲ့ခြင်း ဖြစ်သည်။
ထိုင်းရောက် မြန်မာတို့ကို ယာယီနိုင်ငံကူးလတ်မှတ် ထုတ်ပေးနိုင်ရေးအတွက် တာချီလိတ်၊ ကော့သောင်း၊ ရနောင်း၊ ဘန်ကောက်၊မဲဆောက်၊ ချင်းမိုင် စသည်တို့တွင် ရုံး ခြောက်ရုံးဖွင့်လှစ်ခဲ့သည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။