Friday, April 20, 2012

တိုင်းရင်းသားညီလာခံကျင်းပပြီး လူမှုကယ်ဆယ်ရေးလုပ်ဆောင်ရန် UNFC က သတင်းထုတ်ပြန်

တိုင်းရင်းသားညီလာခံကျင်းပပြီး လူမှုကယ်ဆယ်ရေးလုပ်ဆောင်ရန် UNFC က သတင်းထုတ်ပြန်



တိုင်းရင်းသားအင်အားစုများနှင့် တိုင်းရင်းသားညီလာခံတစ်ရပ် ကျင်းပနိုင်ရန်အတွက် ညီညွတ်သောတိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ယနေ့ ဧပြီ(၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
 
အဆိုပါ သတင်းစာရှင်းလင်းပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဧပြီ(၁၉)ရက်နေ့၊ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ ခြင်းဖြစ်သည်။
 
သတင်းထုတ်ပြန်ချက်တွင် နိုင်ငံရေးဆွေးနွေးပွဲပဏာမအဆင့်အနေဖြင့် UNFCငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ အမြန်ဆုံးတွေ့ဆုံဆွေးနွေးကြရန် တောင်းဆိုထားသည်။
ငြိမ်းချမ်းရေးအကောင်အထည်ဖော်ဆဲကာလမှာပင် UNFC ထိန်းချုပ်မှုနယ်မြေများရှိ စစ်ပြေးဒုက္ခသည်နှင့် နယ်စပ်ဖြတ်ကျော် ဒုက္ခသည်များအတွက် နိုင်ငံတကာအဖွဲ့အစည်းများက အကူအညီရသည်နှင့်တပြိုင်တည်း လူမှုကယ်ဆယ်ရေးလုပ်ငန်းများအား UNFCက ဦးစာပေးလုပ်ငန်းအနေဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
နှစ်ဘက်ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုအပြီးတွင် UNFC အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသားအင်အားစုများနှင့်  တိုင်းရင်းသားညီလာခံတစ်ရပ်ကျင်းပရန်နှင့် တိုင်းရင်းသားညီလာခံက ထွက်ပေါ်လာသည့်ရလာဒ်အတိုင်း ပြည်ထောင်စုအစိုးရအပါအ၀င် လူမျိုးပေါင်းစုံပါဝင်သောတစ်မျိုးသားလုံးဆိုင်ရာညီလာခံတစ်ရပ်ကိုလွှတ်တော် ပြင်ပတွင် ကျင်းပသွားရန်တို့ ပါဝင်သည်။
 
ဆက်လက်၍ တစ်မျိုးသားလုံးဆိုင်ရာညီလာခံတွင် သဘောတူညီချက်ခဲ့သည့်အတိုင်း တစ်မျိုးသားလုံးဆိုင်ရာ သဘောတူညီချက်ချမှတ်နိုင်ရန်အတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီက ဧပြီ(၁၉) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
UNFCသည် ကြားဖြတ်ရွေးကောက်ပွဲတွင် ရာနှုန်းပြည့်နီးပါး အနိုင်ရရှိခဲ့သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်က ချမှတ်ထားသော ပြည်တွင်းငြိမ်းချမ်းရေး၊၊ တရားဥပဒေစိုးမိုးရေးနှင့် (၂၀၀၈)ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်ပြင်ပမှဖြစ် လွှတ်တော်တွင်းမှဖြစ်စေကြိုးပမ်း ဆောင်ရွက်သည့် အပေါ်တွင် အပြည့်အ၀ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
 
UNFC ကို ၂ဝ၁၁ ခုနှစ် အတွင်းက စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၆) ဖွဲ့၊ မဟာမိတ်(၆)ပါဝင်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
 
လက်ရှိအချိန်အထိ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပဏာမသဘောတူလက်မှတ်ရေး ထားသော UNFC ဝင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသားအစည်းအရုံး၊ ချင်းအမျိုးသားတပ်ဦး၊ မွန်ပြည်သစ် ပါတီ၊ ရှမ်းပြည်မြောက်ပိုင်း/တောင်ပိုင်းတပ်မတော်နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီတို့ဖြစ်သည်။




ဗိုဟိန်(မြစ်မခ)

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။