Friday, April 20, 2012

ရန်ကုန်သင်္ကြန် ယာဉ်မတော်တဆမှု ၄ ဦးသေ၊ ၁၀၀ ကျော် ဒဏ်ရာရ

မဟာသင်္ကြန် အကြတ်နေ့ (ပထမရက်) ရန်ကုန်မြို့တော် မြင်ကွင်း
ယခုနှစ်မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင်
ယာဉ်မတော်တဆ ဖြစ်ပွားမှုများကြောင့် လူ၎ ဦးသေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ကြေးနန်း ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး ထံမှစုံစမ်း သိရသည်။

ရေကစားရာမှ ဖြစ်ပွားသောယာဉ် မတော်တဆမှုမှ ဒါဏ်ရာရသူ ၅၀ ဦး၊ ပုံမှန် ယာဉ်တိုက်မှုမှ သေဆုံးသူ ၄ ဦး၊ ဒါဏ်ရာရသူ ၅၆ ဦး စုစုပေါင်း ယာဉ်မတော်တဆမှုကြောင့် ၄ ဦး သေဆုံး၊ ဒါဏ်ရာရသူ ၁၀၆ ဦး ရှိခဲ့ ကြောင်း ယင်းဌာန စာရင်းများအရ သိရသည်။

၂၀၁၁ခုနစ် သင်္ကြန်ကာလတွင် ယာဉ်မတော်တဆမှု ၃၂ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅ ဦး ဒါဏ်ရာရသူ ၆၉ ဦး ရှိခဲ့ကြောင်း ၂၀၁၀ ခုနစ်သင်္ကြန်ကာလတွင် ယာဉ်မတော်တဆမှု မှာ၂၁ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅ ဦး ဒါဏ်ရာရသူ ၃၃ ဦးရှိခဲ့ကြောင်း ယင်း ဌာနမှ ဆက်လက် သိရှိရသည်။
 The Voice Weekly

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။