Friday, April 20, 2012

ဒီချုပ်ကိုယ်စားလှယ်များ လွှတ်တော်မတက်ရန်သေချာသလောက်ရှိ

ရန်ကုန်၊ ဧပြီ- ၂၀
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ
 ကြားဖြတ်ရွေးကောက်ပွဲတွင်အနိုင်ရကိုယ်စားလှယ်များ ဧပြီ ၂၃ ရက်တွင်ကျင်းပမည့် စတုတ္ထပုံမှန်လွှတ်တော်အစည်းအဝေးမ
ျားသို့ မတက်ရန်ရာခိုင်နှုန်းများနေပြီဖြစ်ကြောင်း အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဥဏ်ဝင်းက မီဒီယာများသို့ ယခုနာရီပိုင်းအတွင်းပြောကြားလိုက်သည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ပြီးပြတ်အောင် ပြေလည်အောင်ကြိုးစားမယ်။ ဒီနေ့ ၂၀ ရက်ဖြစ်နေတော့ စာအသွားအလာနဲ့တော့မှီနိုင်လောက်တဲ့အနေအထားမတွေ့ဘူး" ဟု ဦးဥဏ်ဝင်းကပြောသည်။ 

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကျမ်းသစ္စာကျိန်ဆိုရာတွင်ပါဝင်သည့် "အခြေခံဥပဒေကို ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်" ဆိုသည့်စကားရပ်အစား "အခြေခံဥပဒေကိုလေးစားလိုက်နာပါမည်" ဆိုသည့်စကားရပ်နှင့်ပြင်ဆင်ပေးရန်အဖွဲ့ချုပ်ကတောင်းဆိုထားခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စကို နေပြည်တော်ရှိဖွဲ့စည်းပုံဆိုင်ရာအခြေခံဥပဒေခုံရုံးက ပြင်ဆင်ရေးသားပေးရန်မလိုအပ်ကြောင်း အဖွဲ့ချုပ်တာဝန်ရှိသူကိုခေါ်ယူရှင်းပြခဲ့ခြင်းကြောင့်ဖြစ်သည်ဟုဦးဥဏ်ဝင်းကဆိုသည်။ 

"ဒီကိစ္စနဲ့ပတ်သက်ပြီး ခုံရုံးကကျွန်တော်တို့ကို ကောင်းမွန်စွာဆက်ဆံတယ်။ စိတ်ရှည်လက်ရှည်ရှင်းပြတယ်။ ဒါကိုလက်ခံပါတယ်။ ဒါပေမယ့် သူတို့ရှင်းပြတာတွေကို သဘောမတူတဲ့အချက်တွေရှိပါတယ်" ကိုယ်တိုင်သွားရောက်ခဲ့သည့် ဦးဥဏ်ဝင်းကပြောသည်။ 

ဧပြီ ၁ ရက်ကကျင်းပခဲ့သည့်ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လစ်လပ်နေရာ ၄၅ နေရာအနက် ၄၃ နေရအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
 7Day News Journal

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။