Wednesday, May 30, 2012

မူလတန်း အခမဲ့ဆိုသော်လည်း ရန်ကုန်ကျောင်းတချို့ ငွေတောင်းခံနေဆဲ

၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် အခြေခံပညာ မူလတန်းကျောင်းသားများ အနေဖြင့် အခမဲ့ ပညာရေး သင်ယူခွင့်ရမည်ဟု နိုင်ငံတော်အစိုးရက ကြေညာထားသော်လည်း ရန်ကုန်မြို့တွင်းရှိ ကျောင်းတချို့တွင် ငွေကြေးကို အလှူငွေအဖြစ် ပြောင်းလဲ ကောက်ခံမှုများ ရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။
ကရင်ပြည်နယ် ကျေးရွာတရွာမှ မူလတန်းကျောင်းသားများ (ဓာတ်ပုံ - KIC)

မြန်မာဆန်နီ အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ

ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ ရှိ အထည်ချုပ် စက်ရုံတခုမှ စက်ရုံအလုပ်သမားများသည် လုပ်ခလစာ တိုးမြှင့်ရရှိရေးအတွက် ယနေ့ နံနက်ပိုင်းမှ စတင်၍ ဆန္ဒပြနေကြောင်း သိရသည်။

အလုပ်သမား အခွင့် အရေး ဆောင်ရွက်မည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ အလုပ်သမားများကို ဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်ပေးသွားမည်ဟု ယနေ့ နံနက်ပိုင်းတွင်ပြော ဆိုလိုက်သည်။
ယနေ့ နံနက်က မဟာချိုင်ဒေသ စမွတ်စခွန်တွင် ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည် မြန်မာအလုပ်သမားများကို နှုတ်ဆက်နေ စဉ်(ဓာတ်ပုံ - Reuters)

တိုင်းရင်းသားဒေသခံများ လိုလားချက် အစိုးရ တွေ့ဆုံဆွေးနွေး

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များနှင့် အစိုးရ အကြား အပစ်အခတ်ရပ်စဲထားပြီးနောက် တိုင်းရင်းသားများ တောင်းဆိုလိုသည့် ဆန္ဒသဘောထား အမြင်များသိရှိရန် ကချင်ပြည်နယ် မြစ်ကြီးမြို့တွင် အစိုးရက ဒေသခံ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် လိုင်ဇာ ဒေသရှိ စစ်ပြေး ဒုက္ခသည် ကလေးများ (ဓာတ်ပုံ - Edith Mirante)

လျှပ်စစ်တာဝါတိုင်များ ဖျက်ဆီးသူကို KIO စုံစမ်းနေ

ရန်ကုန်နှင့် မန္တလေးမြို့ကြီးများသို့ လျှပ်စစ်မီးဓာတ်အားကြိုးများ သွယ်တန်းထားသော ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲ က တာဝါတိုင်များကို ဖျက်ဆီးခဲ့မှုနှင့် ပတ်သက်၍ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO) က စုံစမ်းနေကြောင်း သိရသည်။
“လူထုအကျိုးပြုပစ္စည်းတွေကို KIA က သီးသန့်လိုက်ပြီးဖျက်ဆီးတာမျိုးတော့ မရှိဘူး။ အခု တာဝါတိုင်တွေပျက်စီးတယ်ဆိုတာ ကြား သိရတယ်။ ဒါကို ဘယ်အဖွဲ့ကနေ လုပ်သလဲ၊ ကျနော်တို့ ရှေ့တန်းက အဖွဲ့တွေကပဲ လုပ်သလားဆိုတာ မပြောနိုင်သေးဘူး။ ကျနော်တို့လည်း စုံစမ်းနေတုန်းပဲ”ဟု ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် က ဧရာဝတီသို့ ပြောသည်။
KIA လက်ချက်ဟု စွပ်စွဲထားသော ပျက်စီးသွားသည့် ၂၃၀ ကေဗီ ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း တာဝါတိုင် အမှတ် (၂၀၇)(ဓာတ်ပုံ - မြန်မာ့အလင်း)

အလုံမြို့နယ် လျှပ်စစ်မီးအရေး သုံးရက်ဆက်တိုက် ဆန္ဒပြမည်

ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုတရပ် မေလ ၂၉ ရက်နေ့ ည ၇ နာရီတွင် ဖြစ်ပွားခဲ့ပြီး လျှပ်စစ်မီး အပြည့်အ၀ မရမချင်း သုံးရက်ဆက်တိုက် ဆက်လက်ပြုလုပ်သွား
ကြမည်ဟု သိရသည်။
alon6

နှစ်ကုန်ပိုင်းတွင် ထားဝယ်ချောင်အမှိုက်မီးရှို့စက်မှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန် ရည်ရွယ်

ရန်ကုန်တိုင်းဒေသကြီးမှထွက်ရှိသော စွန့်ပစ်အမှိုက်များအတွက် မီးရှို့စက်တည်ဆောက်ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ် သွား မည်ဖြစ်ကြောင်း   ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက သိရသည်။

မြန်မာ့လယ်သမားများအား အတိုးနှုန်းနည်းပါးစွာဖြင့် ဆန်စပါးအထူးပြုကုမ္ပဏီ(၅၇)ခုက ကူညီနေ

မြန်မာနိုင်ငံမှ လယ်သမားများတောင်သူများအား အဓိကလိုအပ်ချက်များဖြစ်သည့် ငွေကြေး၊ ဓါတ်မြေသြဇာနှင့် လယ်ယာသုံးပစ္စည်းများအား ဆန်စပါးအထူးပြုကုမ္ပဏီများအနေဖြင့် အတို နှုန်းနည်းပါးစွာဖြင့် အဓိကထောက်ပံ့ ကူညီလျက်ရှိကြောင်း သိရှိရသည်။
 

အ.ထ.က(၁)နှင့်အမက(၂)စမ်းချောင်းရှိ ဝန်ထမ်းသက်သာဆိုင်ခန်းများက သမ္မတကြီးထံသို့ အသနားခံစာတင်

စမ်းချောင်းမြို့နယ်အတွင်းရှိ အ.ထ.က(၁)နှင့် အ.မ.က(၂)မှ ဝန်ထမ်းသက်သာဆိုင်ခန်းများအား လုပ်ငန်းပိတ်သိမ်းခိုင်းသည့် အပေါ်တွင် ဆိုင်ခန်းပိုင်ရှင်မိသားစုများက နိုင်ငံတော်သမ္မတထံသို့ လက်မှတ်ရေးထိုး၍ အသနားခံစာ တင်ထားကြောင်း သိရှိရသည်။
 

ဓာတ်ဆီ၊ ဒီဇယ်နှင့် အောက်တိန်းဆီအခွန်များအား လျော့ချခဲ့သော်လည်း CNGအား တိုးမြှင့်ကောက်ခံမည်

လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှစတင်၍ စက်သုံးဆီအခွန်နှုန်းထားများအား ၁၀%သာ ကောက်ခံ သွားတော့မည်   ဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှထုတ်ပြန်ချက်များအရ သိရှိရသည်။
 
စက်သုံးဆီနှုန်းထားများအား ယခုကဲ့သို့လျော့ချကောက်ခံသွားမှုသည် ၂၀၁၂ ခုနှစ် ဧပြီလ(၁)ရက်နေ့မှ စတင်အကျုံးဝင်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်ဘဏ္ဍာရေးနှစ်မှ စတင်ကာကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
 

မုံရွာတွင် အပူလွန်ကဲ၍ လွန်ဆွဲ

မုံရွာ၊ မေ ၂၇

အထက်ချင်းတွင်း စီးပွားရေးမြို့တော် မုံရွာမြို့တွင် မေလကုန်ပိုင်းအထိ အပူချိန် လွန်ကဲသည့် အတွက် မိုးခေါ်လွန်ဆွဲပွဲများ ကျင်းပခဲ့ကြောင်း လွန်ဆွဲပွဲအား ဦးဆောင်သည့် သဒ္ဓမ္မသောဒါန ဘုံဆွမ်းလောင်း အသင်းမှ အသင်းသား တစ်ဦးက ပြောကြားသည်။

ဂေါက်ရောဂါသည်များ အတွက် အစားအစာများ


29 MAY 2012  | BY HEALTH DIGEST
Gout ရောဂါကို ခံစားနေရသူများ ဟာ ခံစားရသောဝေဒနာ များသက် သာစေရန် လူနေမှုစရိုက်များကို ပြောင်းလဲပေးခြင်းသည် အဓိကကျ ကြောင်း အရိုးအထူး ကုဆရာဝန် များ က 

ဇနီး အခြားယောကျာ်း နောက်လိုက်၍ ပိုးသတ်ဆေးသောက် သေဆုံး


ရန်ကုန်တိုင်း ဒေသကြီး ရွှေ ပြည်သာမြို့နယ် အတွင်း၌ မိမိကိုယ် ကို ပိုးသတ်ဆေး သောက်၍ သေဆုံးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတ၏ ကိုယ်ရေးအရာရှိကိုယ်တိုင် မဲစာရင်းထဲမပါ

မေလ ၂၉ ၊ ၂၀၁၂ -ကျော်သူရမျိုး (YPI)

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး ကိုကိုကျော် နှင့်ဇနီးတို့ မဲစာရင်းတွင်မပါရှိသဖြင့် မဲမပေးခဲ့ရကြောင်း မေလ ၂၂ ရက်နေ့က နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ တွေ့ဆုံရာတွင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် တွင် လူသတ်မှုဒိမ်းကျင့်မှုဖြစ်စဉ်ဖြစ်ပွား

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် သပြေချောင်ကျေးရွာနေ ဦးလှတင်+ဒေါ်မမြတို့၏ သမီး မသီတာထွေးသည် ၂၈.၅.၂၀၁၂  ညနေ ၅ နာရီ ၁၅ မိနစ် ၀န်းကျင်ခန့်တွင် ကျောက်နီမော်ကျေးရွာမှ သပြေချောင်ကျေးရွာသို့အပြန် ပျောက်ဆုံး နေသဖြင့် မိဘများမှ ည ၈ နာရီ ၀န်းကျင်ခန့်တွင် ကျောက်နီမော် ရဲစခန်းသို့ သွားရောက်တိုင်ကြားသော်လဲ ရဲစခန်းမှ လုံးဝလိုက်လံရှာဖွေပေးခြင်း၊ စုံစမ်းပေးခြင်း မရှိခဲ့ပေ။