Tuesday, December 4, 2012

လက်ပန်းတောင်းတောင် အရေး ဆန္ဒဖေါ်ထုတ်သူတွေကို ရုံးတင်စစ်ဆေး


လက်ပန်းတောင်းတောင် အရေး ဆန္ဒဖေါ်ထုတ်သူတွေကို ရုံးတင်စစ်ဆေး

2012-12-03
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းဖို့အတွက် ရန်ကုန်မြို့မှာ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက်အဖွဲ့ဝင် ကိုဝေဠု အပါအဝင် ဆန္ဒပြခေါင်းဆောင် (၆)ဦးကို ကျောက်တံတား တရားရုံးနဲ့ ပန်းပဲတန်း တရားရုံးမှာ ဒီဇင်ဘာလ ၃ ရက်နေ့က ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေး ခဲ့ပါတယ်။

လက်ပံတောင်းတော် ဒေသခံသံဃာတော်များ၏ သဘောထားထုတ်ပြန်ချက်


၁။အမျိုးဘာသာ သာသနာကိုငြိမ်းချမ်းစွာဖြင့် ကာကွယ်စောင့်ရှောက်နေသော သံဃာတော်များနှင့်ပြည်သူလူထု ကိုမီးလောင်စေတတ်သော ဓာတုဗေဒပစ္စည်းများ ကိုအသုံးပြုလျက် အကွက်ကျကျ ကြိုတင်ပြင်ဆင်ပြီး ဥပဒေမဲ့ လူမဆန်စွာအကြမ်းဖက်ဖြိုခွဲ ဖျက်ဆီးခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်။

၂။ယခုကဲ့သို့မီးလောင်စေတတ်သော ဓာတုဗေဒပစ္စည်းများကို အသုံးပြုလျက်အကွက်ကျကျကြိုတင်ပြင
်ဆင်ပြီး ဥပဒေမဲ့လူမဆန်စွာ အကြမ်းဖက်ဖြိုခွဲ ဖျက်ဆီးခြင်းသည် နိုင်ငံတော်သမ္မတကြီး၏ "ကောင်းသောအစိုးရ သန့်ရှင်းသော အစိုးရ"ဟုကမ္ဘာသိကြွေးကြော်သံနှင့် လုံးဝဆန့်ကျင်နေ၍ အကြမ်းဖက်မှု၌ တာဝန်ရှိသူအားလုံး ကိုဒီမိုကရေစီအစိုးရမှ အပြီးအပိုင်ထုတ်ပယ်၍အမြန်ဆုံး အရေးယူဆောင်ရွက်ပေးရန်။

၃။အကြမ်းဖက်မှုကိုဆန္ဒပြ ဆန့်ကျင်၍ ဖမ်းဆီခံထားရသူ အားလုံးကို ချွင်းချက်မရှိလွှတ်ပေးရမည်။

၎။ဒဏ်ရာရသူများ၏ ဆေးကုသရေးနှင့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးအတွက် တာဝန်ယူရမည်။

၅။မီးလောင်ဗုံးများသည် နိုင်ငံတကာစစ်ပွဲများတွင် သုံးစွဲမှုကိုပင် ကုလသမဂ္ဂမှကန့်ကွက်ထားသည်ကိုမျက် ကွယ်ပြုကာအကြမ်းမဖက်ငြိမ်းချမ်းစွာ ဆန္ဒပြနေသောရတနာသုံးပါးအဝင် သံဃာတော်များ၏အပေါ်သုံးစွဲ ခြင်းမှာကမ်းကုန်အောင် ယုတ်မာမှုဖြစ်၍နိုင်ငံတော်၏အကြမ်းဖက်ဝါဒ(STATE TERRORISM)ဖြစ်သည်ဟု ခံစားမိသည်။

၆။မြန်မာတစ်နိုင်ငံလုံးရှိရဟန်းရှင်လူ ပြည်သူအားလုံးတောင်းဆိုနေသည့်လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ကိုလုံးဝဖျက်သိမ်းပေးရမည်။

၇။အထက်ဖော်ပြပါတောင်းဆိုချက်များကိုလျှင်မြန်စွာဆောင်ရွက်မပေးပါက "ပြည်သူနှင့်သံဃာကြည်ဖြူစွာ လက်တွဲ၍ဆက်လက်ဆောင်ရွက်သင့်သည့် အချိန်၌ ဆက်လက်၍ဆောင်ရွက်သွား မည်"ဖြစ်ပါကြောင်း ကြေငြာ အပ်ပါသည်။

မျိုးချစ်စိတ်ရှိသော ဘာသာသာသနာကိုမြတ်နိုးစိတ် ရှိသောပတ်ဝန်းကျင် ဆိုးကျိုးသက်ရောက်မှုကိုကာကွယ်လို စိတ်ရှိသော ပြည်သူဒီမိုကရေစီ အစိုးရအမှန်ဖြစ်ပါလျှင် ယင်းကိစ္စများကို တာဝန်ယူလုပ်ကိုင်နိုင်စွမ်း ရှိလိမ့်မည် ဟုယုံကြည်၍ မိမိတို့သဘောထားများကို အသိပေးကြေငြာလိုက်ပါသည်။

လက်ပံတောင်တောင်းဒေသခံသံဃာတော်များ

စစ်တွေမြို့မှ အမျိုးသမီး တစ်ဦး လက်ပံတောင်းတောင် အကြမ်းဖက် နှိမ်နင်းမူကို မကျေနပ်၍ တကိုယ်တော် ဆန္ဒပြ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး အတွက် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်နေသည့် သံဃာတော်များနှင့် ဒေသခံများကို အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းခဲ့သည့် အပေါ် ရှုတ်ချ ကန့်ကွက်သည့် အနေဖြင့် စစ်တွေမြို့တွင် အမျိုးသမီး တစ်ဦးက တစ်ကိုယ်တော် ဆန္ဒပြသည်။
တစ်ကိုယ်တော် ဆန္ဒပြသူမှာ စစ်တွေမြို့မှ အမျိုးသမီးအရေး လှုပ်ရှာနေသူတစ်ဦး ဒေါ်ညိုအေး ဖြစ်သည်။ သူမသည် ဆိုင်းဘုတ် တစ်ခုအား ကိုင်ဆောင်ပြီး  ယန့ နေ့လည် ၂ နာရီခွဲမှ ၄ နာရီအထိ စစ်တွေမြို့  လောကာနန္ဒာစေတီမှ လမ်းမကြီးအတိုင်း လမ်းလျှောက် သွားပြီး နာရီစင်ဝိုင်းမှ တစ်ဆင့် မောလိပ် ရပ်ကွက်ကို ဖြတ်ကာ မင်းဘာကြီးလမ်းရှိ ရခိုင်ပြည်နယ် အမျိုးသမီးများကွန်ယက်ရုံးထိ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဝ နှင့် မိုင်းလားနယ်မြေသို့ ဦးအောင်မင်းရောက်ရှိ

မြန်မာအစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ဦးဆောင်သည့် အဖွဲ့ အထူးဒေသ ၂ ဌာနချုပ် ပန်ဆန်း နှင့် အထူးဒေသ ၄ မိုင်းလားမြို့သို့  လည်ပတ်ရန် ယနေ့နေ့ခင်းပိုင်း၌ ရဟတ်ယာဉ်နှစ်စီးဖြင့် ရောက်ရှိလာကြောင်း တရုတ်နယ်စပ်သတင်းရပ်ကွက် ကပြောသည်။

ဝန်ကြီး ဦးစိုးသိန်း တို့ စင်္ကာပူ လေ့လာရေးသွား


မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း နှင့် အဆင့်မြင့် ဝန်ကြီးအချို့၏ စင်္ကာပူ လေ့လာရေးခရီးကို တနင်္လာနေ့တွင် စတင်လိုက်သည်။
ငါးရက်တာ ခရီးစဉ်တွင် ကုလသမဂ္ဂ အဆင့်မြင့်အရာရှိတဦးလည်းဖြစ်၊ အာရှပစိဖိတ်ဒေသ စီးပွားရေးနှင့်

ရွှေဝါရောင် ဦးဆောင်ကိုယ်တော် ထပ်မံထိန်းသိမ်းခံရ

၂ဝဝ၇ ခုနှစ်၊ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ဦးဆောင်ကိုယ်တော် အရှင်ဂမ္ဘီရ (ခ) ကိုညီညီလွင် အား စနေနေ့ညက ထပ်မံထိန်းသိမ်းလိုက်ကြောင်း မိခင်ဖြစ်သူ ဒေါ်ရေး က ပြောသည်။
Ashin-Gambia
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဦးဆောင်ကိုယ်တော် အရှင်ဂမ္ဘီရ (ခ) ကိုညီညီလွင် အားစနေနေ့ညက ထပ်မံထိန်း သိမ်းခံရ

ဆက်သွယ်ရေးဥပဒေကြမ်း အကြံပြုဆွေးနွေးပွဲကျင်းပ ၀န်ကြီးဌာနက လွှမ်းမိုးချုပ်ကိုင်လွန်းနေသော အချက်၊ လွတ်လပ်စွာ ယှဉ်ပြိုင်လုပ်ကိုင်ခွင့်၊ ပြစ်မှုနှင့်ပြစ်ဒဏ်များတွင် ပါဝင်သောအချက်များနှင့် ပတ်သက်၍ ထည့်သွင်းအကြံပြုခဲ့ကြ

3






ဆက်သွယ်ရေးဥပဒေကြမ်း အကြံပြုဆွေးနွေးပွဲကို ဒီဇင်ဘာလ ၃ ရက်နေ့က MICTDC  ရှိ Conference Hall တွင် ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ဥပဒေရေးရာ တာဝန်ရှိသူများ၊

ဆယ်စုနှစ် နှစ်ခုကျော်အကြာ ပထမဆုံး ဆန္ဒပြသော တရုတ် အလုပ်သမားများကို စင်ကာပူ နှင်ထုတ်


စင်္ကာပူ နိုင်ငံ၌ ၂၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရားမဝင် ဆန္ဒပြမူပြုလုပ်ခဲ့သော တရုတ်နိုင်ငံသား ခရီးသည်ယာဉ် မောင်း သမား ၂၉ ဦးကို နိုင်ငံတွင်းမှ နှင်ထုတ်ခဲ့ကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။

အန်တီစု၊ ဘင်္ဂါလီနှင့် သန်း ၂၀ ၏ မနက်ဖြန်



ဆရာကျော်ဝင်းရဲ့ ကမ္ဘာပြားပြီ ဆိုတဲ့ စာအုပ်ကို ဖတ်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းကတော့ မြန်မာပြည်မပါလို့ တွေးခဲ့တာ ရှိပေမယ့် နှေးလွန်းလို့။ အခုတော့ ကမ္ဘာတကယ်ပြားသွားပြီ။ တစ်နေ့ တစ်နေ့ ဂျပန်က သူငယ်ချင်း၊ အမေရိကားက သူငယ်ချင်း၊ မန္တလေးက သူငယ်ချင်းတွေနဲ့ ပြောနေ ဆိုနေ လိုက်တာ၊ လူချင်းလည်း မသိ။ နေရာဌာန အကွာအဝေး ဆိုတာကို အင်တာနက်ကြီးက ချုံ့ချ ပစ်လိုက်တာ ဘေးချင်းကပ်ပဲ ရှိနေ သ

စုံစမ်းစစ်ဆေးရေးကော်မရှင်ပြင်ဆင်ဖွဲ့စည်းခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၉၅ / ၂၀၁၂
၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်
(၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်)

စုံစမ်းစစ်ဆေးရေးကော်မရှင် ပြင်ဆင်ဖွဲ့စည်းခြင်း

ကော်မရှင်အသစ်ကို ပြည်သူ့အသံဖြင့် ကူညီမည့် (၈၈)မျိုးဆက်




 
နိုင်ငံတော်မှ ပြင်ဆင်ဖွဲ့စည်းသည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့အသစ်၌ (၈၈)မျိုးဆက်ကျောင်းသားများ ပါဝင်ခြင်း မရှိသော်လည်း ပြည်သူ့အသံဖြင့် ကော်မရှင်အား အကူအညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကန်ဒေါ်လာတစ်ထောင်ဝန်းကျင် ဈေးမြင့်လာသည့် ငါးရှဥ့်ဈေးကွက်


ပြည်တွင်းငါးရှဥ့်ဈေးကွက်၌ လပိုင်းအတွင်း တစ်တန်လျှင် ကန်ဒေါ်လာ (၁၀၀၀)ကျော်အထိ ဈေးနူန်းမြင့်တက်လာပြီး အမြင့်ဆုံးဈေးဖြင့် အရောင်းအ၀ယ်ပြုလုပ်နေရကြောင်း ငါးရှဥ့်လုပ်ငန်းရှင်များအသင်းမှ သိရှိရသည်။
 

ဟိုတယ်ဆောက်ရန် အ၀ယ်လိုက်နေသည့် ဖရဲတောင်အိမ်ခြံမြေဈေးကွက်


ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ဟိုတယ်လုပ်ငန်းများလုပ်ကိုင်ရန် အိမ်၊ ခြံမြေ၀ယ်ယူမှုများကြောင့် အရောင်းအ ၀ယ်ဖြစ်ပေါ်လျှက်ရှိကြောင်း တောင်ကြီး အိမ်ခြံမြေအကျိုးဆောင်များထံက သိရှိရသည်။

ကိုင်းမြေတရားဝင်လုပ်ကိုင်ခွင့်ရရှိရေး ရေကြည်ပဲစိုက်တောင်သူများ ဆန္ဒထုတ်ဖော်


 
 တောရိုင်းများကို ခုတ်ထွင်ရှင်းလင်းကာ စိုက်ပျိုးစားသောက်ခဲ့သောကိုင်းမြေဧက (၇၅၀)အား တရားဝင်လုပ်ကိုင်ခွင့်ရရှိရန် အတွက်ရေကြည်  မြို့နယ်အတွင်း ကျေးရွာအချို့မှ လယ်သမား(၁၃၀)ခန့်က ဒီဇင်ဘာ(၂)ရက်နေ့နေ့လည်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Monday, December 3, 2012

ဒုရဲအုပ် အယောင်ဆောင်၍ ရခိုင်အမျိုးသမီးငယ် တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်မူ ရန်ကုန်တွင် ဖြစ်ပွား



ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ ရခိုင်အမျိုးသမီးငယ် တစ်ဦးအား တရားလိုနှင့် အမည်မသိသူ တစ်ဦးမှ ဒုရဲအုပ် အယောင်ဆောင်ကာ ဖမ်းဆီးမူ ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့သော်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အယောင်ဆောင်သူများအား ယခုအချိန်ထိ အရေးယူရန် ပျက်ကွက်နေကြောင်း သိရသည်။