တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပသည့် (၈)ရက်တာကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးဆုံးရုံးခဲ့သော မီးပုံးပျံတန်ဖိုးမှာ ကျပ်သိန်း (၅၀၀)ကျော်ရှိကြောင်း မီးပုံးပျံ ကျင်းပရေးကော်မတီဝင်များထံမှ သိရသည်။
Friday, November 30, 2012
မိုင်းငေါ့အနီး၌ လက်နက်ကြီးပစ်ခတ်မှုဖြစ်၊ ရွာသားများ မြို့သို့ တိမ်းရှောင်
နိုဝင်ဘာ (၃၀)ရက် ယနေ့နံနက်ပိုင်းက ကျောက်မဲမြို့နယ် မိုင်းငေါ့ကျေးရွာအနီး (S.S.A)လက်နက်ကိုင်တပ်များနှင့် အစိုးရ တပ်သားများအကြား လက်နက်ကြီးပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ကျောက်မဲမြို့ရှိ စစ်ဘက်ဆိုင် ရာ အုပ်ချုပ်ရေးဌာနများက သိရသည်။
“တိုက်ပွဲကကြီးကြီးမားမားတော့မဟုတ်ဘူး၊ (S.S.A) တပ်ဘက်က အစိုးရတပ်တွေရှိတဲ့ဘက်ကို လက်နက်ကြီး နဲ့လှမ်းပစ်တာ၊ (၁၀)လုံးလောက်တော့ ရှိမယ်၊ လက်ခံရရှိတဲ့ သတင်းအရဆို အခုချိန်ထိတော့ အစိုးရဘက်က ဒဏ်ရာရတဲ့သူ မရှိသေးပါဘူး” ဟု မြို့နယ်(စ.အ.ဖ) ရုံးမှ တာဝန်ကျတပ်ကြပ်တစ်ဦးကပြောသည်။
လက်ပံတောင်းအရေး ရန်ကုန်၊ ဆူးလေတွင်လည်း ဆန္ဒပြနေ
စံခလပူရီ (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့ ဆူးလေ စေတီ၌ သောကြာနေ့ ညနေ ၄ နာရီတွင် ဆန္ဒပြပွဲတခု စတင်ပြုလုပ်
နေကြောင်း သိရသည်။
နေကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးသာအေး၊ ဝမ်ပေါင်နှင့် ဒေသခံများကို တွေ့ဆုံ
နယူးဒေလီ (မဇ္ဈိမ) ။ ။ မုံရွာမြို့တွင် ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် သည် သောကြာနေ့ နံနက်ပိုင်းက ချင်းတွင်းသောင်ပြင်၌ ဒေသခံလူထုအား နာရီဝက်ကျော်ကြာ မိန့်ခွန်းပြောကြားပြီးနောက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး အား မုံရွာမြို့ရှိ Win Unity ဟိုတယ်တွင် နာရီဝက်ကြာ တွေ့ဆုံဆွေးနွေးခဲ့သည်။
ပြည်သူတွေရဲ့ အမေးကို ဒေါ်စု ပြောပေးမယ် ဆို
နယူးဒေလီ (မဇ္ဈိမ)။ ။ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် သောကြာနေ့ နံနက်ပိုင်းက ချင်းတွင်းမြစ် သောင်ပြင်တွင် လူထုပရိသတ် သုံးထောင်ကျော်ကို နာရီဝက်ကြာ မိန့်ခွန်းတရပ် ပြောကြားခဲ့သည်။
မနက် ၉ နာရီခန့်မှ စတင်ခဲ့သည့် မိန့်ခွန်းထဲတွင် တိုင်းပြည်၏ ရေရှည်အကျိုးကို ကြည့်ပြီး ကြေးနီစီမံကိန်း ပြဿနာအား ဖြေရှင်းမယ်ဟု ပြောကြားသွားသည်။
မနက် ၉ နာရီခန့်မှ စတင်ခဲ့သည့် မိန့်ခွန်းထဲတွင် တိုင်းပြည်၏ ရေရှည်အကျိုးကို ကြည့်ပြီး ကြေးနီစီမံကိန်း ပြဿနာအား ဖြေရှင်းမယ်ဟု ပြောကြားသွားသည်။
သံဃာရဲ့ ဒဏ်ရာ ဘာကြောင့်လောင်လဲ မသိဟု ဆေးရုံအုပ်ကြီးပြော
မုံရွာ (မဇ္ဈိမ) ။ ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်မှောက်သံဃာများ ကြာသပတေးနေ့ နံနက်က ရရှိခဲ့သော ထိခိုက်ဒဏ်ရာများမှာ မီးလောင် ဒဏ်ရာများသာ ဖြစ်ပြီး ဆီနှင့် အက်ဆစ်များ မပါဝင်ကြောင်း မုံရွာ
ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းထွဋ် က ပြောသည်။
ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းထွဋ် က ပြောသည်။
၅ ရက်အတွင်း အရေးမယူပါက ပတ္တနိက္ကုဇ္ဇနကံ ဆောင်မည်ဟု ဦးဝီရသူ မိန့်ကြား
နယူးဒေလီ (မဇ္ဈိမ) ။ ။ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအား ကန့်ကွက် သပိတ်မှောက်နေကြသော ရဟန်းသံဃာများအား နိုဝင်ဘာလ ၂၉ ရက် မနက်က အကြမ်းဖက် ဖြိုခွင်းမှုနှင့် ပတ်သက်သည့် တရားခံများအား နိုင်ငံတော်အစိုးရမှ အမြန်ဆုံး အရေးယူဆောင်ရွက်ခြင်းမရှိပါက ပတ္တနိက္ကုဇ္ဇနကံ
ဆောင်မည်ဟု ဆရာတော် ဦးဝီရသူ က မိန့်ကြားလိုက်သည်။
ဆောင်မည်ဟု ဆရာတော် ဦးဝီရသူ က မိန့်ကြားလိုက်သည်။
မိုဘိုင်းဖုန်းများ၏ အင်တာနက်အသုံးပြုခအား Volume စနစ်ဖြင့် ပြောင်းလဲကောက်ခံမည့် အစီအစဉ်အား ရွှေ့ဆိုင်း
မိုဘိုင်းဖုန်းများ၏ အင်တာနက်အသုံးပြုခအား Volume Based Charging စနစ်ဖြင့် ပြောင်းလဲကောက်ခံမည့် အစီအစဉ်အား ရွှေ့ဆိုင်းလိုက်ပြီး ယခုနှစ်ကုန်အထိ တစ်မိနစ်လျှင် ၂ ကျပ်၊ ၄ ကျပ်နှုန်းဖြင့်သာ ဆက်လက်ကောက်ခံသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက နိုဝင်ဘာလ ၃၀ ရက် ည ၇ နာရီခန့်တွင် ပြောကြားခဲ့သည်။
မိုဘိုင်းဖုန်း အင်တာနက်အသုံးပြုခကို တက္ကသိုလ်ကျောင်းသားများအတွက် ထပ်မံလျော့ပေးမည်
မိုဘိုင်းဖုန်းများဖြင့် အင်တာနက်အသုံးပြုခကို Volume Based Charging စနစ်ဖြင့် ပြောင်းလဲကောက်ခံရာတွင် ကျောင်းသားများအတွက် အထူးနှုန်းတစ်ရပ် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ အုန်းခြံရပ်ကွက်၊ ဇက်ဆိပ် သောင်ပြင်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈နာရီခွဲအချိန်က ပြောကြားခဲ့သော မိန့်ခွန်းအပြည့်အစုံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ အုန်းခြံရပ်ကွက်၊ ဇက်ဆိပ် သောင်ပြင်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈နာရီခွဲအချိန်က ဒေသခံ ပြည်သူလူထုအား မိန့်ခွန်းပြောကြားခဲ့ကြောင်းသိရသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းကလည်း ဆားလင်းကြီးမြို့နယ်၊ကံကုန်းကျေးရွာတွင် မိန့်ခွန်းပြောကြားရာ၌ လက်ပံတောင်းတောင် အရေးနှင့်ပတ်သတ်၍ အနည်းငယ်သာ ပါဝင်ခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်က ပြောကြားခဲ့သော မိန့်ခွန်းတွင် လက်ပံတောင်းတောင် အရေးအား အဓိကထား ပြောကြားခဲ့ကြောင်းလည်း သိရသည်။
အကြမ်းဖက်မှုကို လက်မခံကြောင်းပြသရန် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ မီးလောင်ဗုံး အသုံးပြုနှိမ်နင်းခံခဲ့ရသော သပိတ်စခန်းများကို ၈၈ မျိုးဆက် ကျောင်းသားများ သွားရောက်မည်
အကြမ်းဖက်မှုကို လက်မခံကြောင်း ပြသရန်နှင့် ထိခိုက်ဒဏ်ရာရရှိသူများကို အကူအညီပေးရန်အတွက် မီးလောင်ဗုံးအသုံးပြု နှိမ်နင်းခံခဲ့ရသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ သပိတ်စခန်းများကို ၈၈ မျိုးဆက်ကျောင်းသားများ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ယခုသွားရောက်မည့် ခရီးစဉ်သည် ရည်ရွယ်ချက်သုံးချက်ဖြင့် သွားခြင်းဖြစ်ပြီး အချက်အလက်များ စုဆောင်းခြင်း၊ ဒဏ်ရာရရှိသူများ၊ ဒေသခံများ၏အသံများကို စုဆောင်းခြင်းများပြုလုပ်ကာ သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းသွားရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ပံတောင်းတောင် သပိတ်စခန်းများ အကြမ်းဖက်နှိမ်နင်းမှုအား အထက်မြန်မာပြည် သံဃာတော်များနှင့် နိုင်ငံရေးအကျဉ်းသားများ ကွန်ယက် (အထက်ဗမာပြည်) တို့မှ သဘောထားကြေညာချက်အသီးသီး ထုတ်ပြန်
လက်ပံတောင်းတောင် သပိတ်စခန်းများ အကြမ်းဖက်နှိမ်နင်းမှုအား အထက်မြန်မာပြည် သံဃာတော်များနှင့် အထက်မြန်မာပြည် နိုင်ငံရေးအကျဉ်းသားများ ကွန်ယက်တို့မှ သဘောထားကြေညာချက်အသီးသီးကို နိုဝင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရသည်။
လက်ပန်းတောင်းအရေး တရုတ်သံရုံးက ကြေညာချက်ထုတ်
2012-11-30
မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္မဏီနဲ့ ဝမ်ပေါင် ကုမ္ပဏီတို့အကြား ပူးပေါင်းလုပ်ကိုင်နေတဲ့ မုံရွာ-လက်ပန်းတောင်း ကြေးနီစီမံကိန်းကို အဆင်ပြေစွာ ဆက်လက်အကောင်အထည်ဖော်ဖို့ ရန်ကုန်မှာရှိတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ကြေညာချက် ထုတ်ပြန်ပြီး ဒီကနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။
လက်ပန်းတောင်းသပိတ်မှာ ဒဏ်ရာရ သူများကို နယ်ပယ်အသီသီး က ခေါင်းဆောင်များ တွေ့ဆုံအားပေး
2012-11-30
မြန်မာအစိုးရ ရဲတပ်ဖွဲ့တွေရဲ့ လက်ပန်းတောင်း သပိတ်ဖြိုခွဲမှုမှာ ဒဏ်ရာရပြီး မုံရွာဆေးရုံမှာ ကုသခံနေရတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေကို သီတဂူဆရာတော် အရှင် ဥာဏိဿရ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူတို့ သွားရောက်တွေ့ဆုံအားပေးပြီး သူတို့လိုအပ်မယ့်ဆေးဝါးနဲ့ ပစ္စည်းတွေအတွက် အကူအညီပေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ) ရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပ
2012-11-30
ဝါရင့်နိုင်ငံရေးသမား ဦးသုဝေ ဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့ ပထမအကြိမ် နိုင်ငံလုံး ဆိုင်ရာ ညီလာခံကို ရန်ကုန်မြို့ ဝိုင်အမ်စီအေခန်းမမှာ ဒီကနေ့မနက် ကျင်းပခဲ့ပါတယ်။
Photo: RFA/Thiha Htun
ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ရန်ကုန်မြို့ ဝိုင်အမ်စီအေခန်းမမှာ နိုဝင်ဘာလ ၃ဝ ရက်နေ့က ကျင်းပစဉ်
Subscribe to:
Posts (Atom)